တောင်ကြီး ရွှေတောင်ရပ်ကွက် ဖုန်းဆိုင် မီးလောင်မှုဖြစ်ပွား၊ သံသယရှိသူကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထား

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက် ပုပ္ပါးလမ်းဆင်းရှိ ဖုန်းဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး သံသယရှိသူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ယမနနေ့ ဧပြီလ (၈)ရက်နေ့ညတွင် ကုန်သည်လမ်းရှိ “My Dream” မိုဘိုင်းဖုန်းဆိုင် ပိုင်ရှင်မှ ဆိုင်သိမ်း၍ နေအိမ်သို့ ပြန်ခဲ့ပြီး အဆိုပါ ဖုန်းဆိုင်ဘေးတွင် အဆောင်ငှားနေထိုင်သူ အသက် (၃၀)ကျော်အရွယ် ဝေယံစိုး အခန်းက မီးစလောင်၍ ဖုန်းဆိုင်မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဝေယံစိုးကို မီးရှို့စရှို့သည်ဟု သံသယရှိမှုကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့အထိ ပျက်စီးမှုများ၏ တန်ဖိုးကို မသိရှိရသေးကြောင်း သိရသည်။

“အဆောင်ငှားထားတဲ့ တစ်ယောက်ရှိသေးတယ် သူ့အခန်းက စလောင်တာ၊ ကျနော်ဆိုင်သိမ်းပြီး မပြန်ခင်မှာတောင် သူအော်ဆဲနေတာ ဘယ်သူ့ကို ဆဲနေလည်း မသိဘူး၊ ရဲတွေ လာစစ်ဆေးတော့ သူက ဖြစ်နိုင်ခြေများတယ်ဆိုပြီး လာဖမ်းသွားတယ်၊ ဖုန်းက ပျက်စီးကုန်ပြီ ဘယ်လောက်ဖိုး ပျက်စီးတယ်ဆိုတာ တိကျမသိရသေးဘူး။”ဟု ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများ (၃)ဦးထက်မနည်းရှိကြောင်းနှင့် လက်ရှိတွင် နီးစပ်ရာ ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ ဖုန်းဆိုင်နေအိမ်သည် ယခင် (၂၀၂၀)ခုနှစ်တွင်လည်း လျှပ်စစ်ဟင်းအိုးမှ တစ်ဆင့် မီးလောင်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်းနှင့် ယခု ၂၀၂၆ ခုနှစ်တွင်လည်း ထပ်မံမီးဘေးနှင့် ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“အရင်ကလည်း အဲနေရာ မီးလောင်ဖူးတယ်၊ အခုလည်း ထပ်လောင်ပြန်ပြီ၊ ကိုယ့်အိမ်ဘေး မီးကူးမှာစိုးလို့ ထွက်ကြည့်တာ လူတွေအပြည့်ပဲ အဲလူတွေက ဘာလာလုပ်တာလဲမသိဘူး သူတို့ကြောင့် မီးသတ်ကားတောင် ‌တော်တော်နဲ့ ဝင်လို့မရဘူး၊ ဖုန်းဆိုင်က မီးလောင်တာ နဲနဲ အခွင့်ကောင်းယူပြီး ဖုန်းတွေ ယူသွားတာများများ ဖြစ်မှာ။”ဟု ရပ်ကွက်နေ ဒေသ ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ပထမပတ်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်လည်း မီးလောင်မှုကြောင့် နေအိမ်သုံးလုံး ပျက်စီးသွားခဲ့ပြီး ခြောက်သွေ့ရာသီ ဖြစ်သောကြောင့် မီးဘေးများ အထူးဂရုစိုက်သင့်ကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် ယခုရာသီသည် ခြောက်သွေ့ရာသီဖြစ်ကာ စက်သုံးဆီများကို အများအပြား သိုလှောင်ခြင်းကို သတိပြုရန်လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ (၂)ရက်တွင်လည်း တောင်ကြီးမြို့ ဂနိုင်ရွေးရွာတွင် တောင်ပေါ်၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...