တိုက်ပွဲ

ပင်လောင်း စစ်သင်တန်းမတက်ရသေးသူကို  PNA အတင်းအဓမ္မ ရှေ့တန်းပို့

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်သင်တန်းမတက်ရသေးသည့် ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNA တပ်စွဲက အတင်းအဓမ္မ လက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့၏ တောင်ဘက်ရှိ ကျေးရွာများတွင် စစ်သင်တန်းတက်ပြီးသူများအပြင် မတက်ရသေးသည့် ဒေသခံများကိုပါ ပအိုဝ်းပြည်သူ့စစ်PNA အဖွဲ့က လက်နက်နှင့် စစ်ဝတ်စုံအပြည့်တပ်ဆင်ပေးပြီး မတ်လ ၁၁ ရက်က တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံ-ပင်လောင်းနယ်စပ် ရှေ့တန်းသို့ပို့ဆောင်နေကြောင်း ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ “တစ်အိမ်ကို ၁ ယောက်နှုန်း မဖြစ်မနေသွားရမယ်ပြောတယ်။ သူတို့က အလှည့်ကျနဲ့ခေါ်တာ၊ မသွားလို့ မရဘူး။ ကျနော်တို့က စစ်သင်တန်းလည်း မတက်ထားရဘူး။ ဘယ်လိုသေနတ်ကိုင်ပြီးတော့ သွားပစ်နိုင်မလဲ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ရှေ့တန်းသို့ မသွားလိုသည့် ဒေသခံလူငယ်များကလည်း အခြားမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်းသိရသည်။ ပင်လောင်းမြို့နယ် နမ့်ဖာမှုရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့တို့ကြား ပြီးခဲ့သည့် မတ်လ၁၀ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့ဘက်က ယခုကဲ့သို့ရှေးတန်းသို့သွားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်တွင်လည်း ဆီဆိုင်မြို့နယ် အနောက်ဖက် အောင်ဆုဗွေစခန်းတွင် ဆေးဖြတ်ရန်လာသည့် အသက် ၃၀ ဝန်းကျင်လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှေ့တန်းသို့ စစ်မှုထန်းရန်  ခိုင်းစေရာတွင် ငြင်းဆန်ခဲ့မှုကြောင့် လူငယ် ၁၂ ဦးကို ပစ်သတ်ခဲ့သည်။ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်အတူပူးပေါင်း ပါဝင်တိုက်ခိုက်နေလျက်ရှိသည့် ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က တိုက်ပွဲအတွင်း လူအင်အား၊ ငွေရေးကြေးရေး အင်အားနည်းလာမှုကြောင့် ၎င်းတို့ထိန်းချုပ်ရာဒေသ၌ ဒေသခံများကို ကျပ် ၁ သိန်းမှ ၁၀ သိန်းအထိအခွန် (ဆက်ကြေး) တိုးကောက်လာနေကြောင်း သိရသည်။

ပင်လောင်းမြို့နယ်ရှိ ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲ၍ တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့တို့ အင်အားဖြည့်တင်းပြီးစာသင်ကျောင်းအတွင်း  လာရောက်တပ်စွဲနေပြီး၊ ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များတို့နှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၆ ရက်မှစတင်ကာ  စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNA တပ်ဖွဲ့တို့က အင်အားအများအပြားဖြည့်တင်းခဲ့ပြီး ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ အင်းအားဖြည့်တင်းလာသောကြောင့် ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်စစ်ရေးတင်းမာခဲ့ပြီး မတ်လ ၁၀ ရက်မှစ၍ ပင်လောင်းမြို့နယ် နမ်းဖာမူကျေးရွာတွင် နှစ်ဖက်တပ်ဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အခုတိုက်ပွဲကြောင့် တချို့ကတွေ ပင်လောင်းမြို့ပေါ်မှာရှိတဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေဆီ ပြေးကြတယ်။ တချို့ကျတော့လည်း ရွာတွေဘက်ကဘုန်းကြီးကျောင်းမှာခိုလှုံကြတယ်။ တိုက်ပွဲက ဒီထက်ဆိုးလာနိုင်တဲ့ အခြေအနေရှိတယ်” ဟု ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ အဆိုပါ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် နမ်းဖာမှု၊ ကုန်းပေါး၊ ဗန်းမောက်၊ နောင်ဝိုးနှင့် ကားရား စသည့်ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၃ထောင်ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ လက်ရှိ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDFနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် Pekhon PDF ထံသို့ Signal ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားရှင်း မရှိသေးပေ။ ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်းလာနိုင်သောကြောင့် ဒေသခံများအနေဖြင့် ရှေ့လျှောက် အိမ်ပြန်သို့ ထွက်သွားလာခြင်း၊ ခရီးသွားလာခြင်း မပြုကြရန် ပြည်သူ့စစ် PNO အဖွဲ့က အသိပေးထားကြောင်း ပင်လောင်းမြို့ဒေသခံ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ပြောသည်။ “အခုပင်လောင်းမြို့မှာရှိတဲ့ စာသင်ကျောင်းတွေမှာ စားမေးပွဲတွေဖြေပြီးသွားရင် ပြည်သူတွေအနေနဲ့ အိမ်ကနေ အပြင်မထွက်ကြဖို့၊ ခရီးသွားလာတာတွေ၊ တောင်ကြီးသွားတာတွေ မပြုလုပ်ကြဖို့ PNO ဘက်ကပြောလာတယ်။ အခုကတိုက်ပွဲက ပြန်ပြီးပြင်းထန်လာနိုင်တဲ့ အခြေအနေရှိလားတော့ မသိဘူး” ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ မတ်လတွင်လည်း ပင်လောင်းမြို့နယ် နိမ့်နိန်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာနှင့် နေအိမ်များ မီးလောင်ပျက်စီးခြင်း၊ ဒေသခံများ အစုလိုက်အပြုံလိုက်သတ်ခြင်း စသည့်ဖြင့် အဖြစ်အပျက်များကြုံတွေ့ခဲ့ရသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။ “တိုက်ပွဲဖြစ်လာရင်တော့ အဓိကစားဖို့သောက်ဖို့ ခက်ခဲလာမှာ အသေအချာပဲ။ အခုလည်း ကုန်ပစ္စည်းတွေ ကလည်း ဈေးတက်တော့ ဝယ်ဖို့ကလည်းခက်တယ်။ အခုပိုဆိုးတာက ဂိတ်တွေမှာ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတွေ ပေးမသယ်တော့ဘူး” ဟု အထက်ပါ အသက်၃၀ ကျော်အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။ အလားတူ ဖယ်ခုံ- ပင်လောင်းနယ်စပ်အနီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားများ ပြုလုပ်လာနေသောကြောင့် ဒေသခံများ အနေဖြင့် ဘီလူးချောင်းအတွင်း ညဘက်စက်လှေများ သွားလာခြင်းနှင့် ညအချိန်ငါးရှားခြင်း မပြုလုပ် ကြရန်လည်း အင်းလေးပြည်သူ့ကာကွယ်ရေး IPDF ကမတ်လ ၈ ရက်မှာ ပူးတွဲစာ ထုတ်ပြန်ခဲ့သည်။

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ မီးလောင်ဗုံးသုံး၊ နေအိမ်အများအပြား မီးလောင်

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုကြောင် ပြည်သူနေအိမ် ၁၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ (မတ်လ ၁၀ရက်)မနက် ၇ နာရီမှ ၅ နာရီထိ စစ်ကောင်စီစစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွားများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး...

PNO/ PNA အဖွဲ့ ပုံးအင်းဒေသ၌ ဆက်ကြေးတိုးကောက်နေ

သျှမ်းတောင် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့က ပုံးအင်းဒေသရှိ ဒေသခံများထံ  ဆက်ကြေး တိုးကောက်လာနေကြောင်း စုံစမ်းသိရသည်။  ဆီဆိုင်မြို့နယ် ဆိုင်လဲကျေးရွာအုပ်စုအတွင်း နေထိုင်သည့် (ရွာပေါင်း ၃၅ ရွာ) ဒေသခံများအနေဖြင့် မဖြစ်မနေ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ထံသို့ အခွန်ဆောင်ရန် မတ်လ ၉ ရက်နေ့၌...

SSPP လှုပ်ရှားနယ်မြေဆီသို့ စစ်ကောင်စီတပ်မှ အင်းအား အလုံးအရင်း ဖြန့်ကျက်နေ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေဆီသို့ ဦးတည်ပြီး စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ စစ်အင်အားများသည် ယမန်နေ့ (မတ်လ ၇ ရက်) ညနေပိုင်းတွင် SSPP/SSA လှုပ်ရှားနယ်မြေ မိုင်းနောင်-မိုင်းရယ်ဘက်သို့...

သျှမ်းမြောက်၌ အပြိုင်အဆိုင် စစ်ပြင်

အပစ်အခတ် ရပ်စဲထားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်များ အပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များ အပြိုင်အဆိုင် စစ်ပြင်ဆင်နေကြသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၇ ရက်နေ့) တွင် ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ...

TNLA နှင့် စစ်ကောင်စီတို့၏ မာရှယ်လောအကြား ဒေသခံများ ဒွိဟဖြစ်၊ လုံခြုံရေး စိုးရိမ်

သျှမ်းပြည် မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်နိုင်ခဲ့သည့် မြို့များတွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့၏ မာရှယ်လောကြောင့် ဒေသခံများ ဒွိဟဖြစ်ပြီး လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၄ ရက်တွင် စစ်ကောင်စီတပ်က မန်တုံ၊ နမ့်ဆန်နှင့်...

ထိုင်းနယ်စပ်သွားလမ်းတလျှောက် လူငယ်များကို လက်နက်ကိုင်များ စစ်ဆေးဖမ်းဆီးမှုပြုလုပ်

သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ်သို့ သွားသည့်လမ်းတလျှောက်တွင် လက်နက်ကိုင်များက လူငယ်များကို စစ်ဆေး၊ဖမ်းဆီးမှုများ အပြိုင်အဆိုင်များ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ် သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပိတ်မှ စ၍ လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုများလာသဖြင့် လူငယ်များ၊ ခရီးသွားပြည်သူများက စိုးရိမ်နေကြပြီး ကားသမားများလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက...

မူဆယ်ဒေသခံများ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံထံ ဆက်ကြေးပေးဆောင်ရ၊ လုံခြုံမှုမရှိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံထံသို့ ဆက်ကြေးငွေ ပေးဆောင်နေရသော်လည်း လုံခြုံမှုမရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ဆက်ကြေးငွေ ပေးဆောင်ရသော်လည်း ၎င်းတို့မှ လုံခြုံရေး တာဝန်ယူမှုမရှိဘဲ အမည်မသိ လူစုများမှ လက်နက်ကိုင်တပ်ဖွဲ့...

မိုးမိတ်မြို့ စစ်ကောင်စီ က ဒေသခံ ပစ္စည်းများကိုခိုးယူပြီး ပြန်လည်ရောင်းစားနေ

သျှမ်းပြည် မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နေအိမ်၊ ဆိုင်ခန်းရှိ ဒေသခံပစ္စည်းများကို ခိုးယူပြီး ပြန်လည်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီး ဒေသခံများ ဝင်ရောက် နေထိုင်ခွင့် မပြုသေးကြောင်းသိရသည်။ ထို့နောက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၇၆ တပ်ရင်းမှ မိုးမိတ်မြို့...

Latest news