တိုက်ပွဲ

သီပေါမြို့ နေ့နေ့ညည စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ဖုန်းလိုင်းများဖြတ်တောက်ခံထားရ

သျှမ်းပြည် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ (၁၀) ခုကျော်မှ စစ်ဘေးရှောင် (၁၅၀၀) ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး စစ်ကောင်စီတပ်မှ သီပေါမြို့ပေါ် ရပ်ကွက်များသို့ ညဦးပိုင်းနှင့် လူအိပ်မောကျချိန်...

ပင်းလောင်းမြို့ တိုက်ပွဲများ ပြန်ဖြစ်ပွား

သျှမ်းပြည် ပင်လောင်းမြို့၏ တောင်ဖက်တွင် တိုက်ပွဲများပြန်ဖြစ်ပွားသဖြင့် ဒေသခံများနေရပ်မပြန်ရသေး တောထဲတွင် တဲထိုးနေရကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့၏ တောင်ဘက် ဗန်းမောက် ၊ နမ့်ဖာမူ ၊ နောင်ဝိုးလွယ်ကျေးရွာ တကြောတွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စတင်၍ ယမန်နေ့ ( အောက်တိုဘာလ ၁ ရက်) နေ့ထိ...

သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...

မိုးမောက်မြို့ တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်

ကချင်ပြည် မိုးမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၄) ရက်မှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မိုးမောက်မြို့ရှိ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ပြန်လည်ရရှိရန်...

လားရှိုးမြို့ပေါ် စစ်ကောင်စီ ထပ်မံလေကြောင်းဗုံးကြဲ အရပ်သား ၁၀ ဦးထက်မနည်းဒဏ်ရာရ၊ ၁ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (  MNDAA )ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်းသို့  စစ်ကောင်စီမှ ပေါင် (၅၀၀) ဗုံး ၄ လုံးထပ်မံကြဲရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိ၊ ၁ ဦး သေဆုံးမှုကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် တိုက်ပွဲမရှိ စစ်ကောင်စီ တဖက်သတ်ပစ်ခတ်နေ၊ အရပ်သားတစ်ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး တဖက်သတ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ကျေးရွာ ဒေသခံ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီသည် စက်တင်ဘာ ၁၇ရက်တွင် ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာအတွင်းသို့ တဖက်သတ်ပစ်ခတ်ပြီးနောက် အသက် ၃၀ အရွယ်ရှိ...

မိုင်းပျဉ်းမြို့နယ် RCSS ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ် လာရောက်တိုက်ခိုက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် (၁၁) နာရီကျော်တွင် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ယင်းခမ်း(ဝၢၼ်ႈယၢင်းၶမ်း) ကျေးရွာအုပ်စုအတွင်းရှိ RCSS တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်...

နောင်ချို-ပြင်ဦးလွင်ကြား တောလမ်းတွင် ကားရာနှင့်ချီ ပိတ်မိ

သျှမ်း-မန္တလေးနယ်စပ် နောင်ချိုနှင့် ပြင်ဦးလွင်မြို့အကြား တောလမ်းတွင် မိုးရွာသွန်းမှုကြောင့် ကားရာနှင့်ချီ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာ လမ်းခွဲမှ စတင်၍ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ မရတော့ခြင်းကြောင့် ပြင်ဦးလွင်မြို့သို့ သွားရောက်ရာတွင် တောလမ်းမှတဆင့် သွားလာနေရပြီး မိုးရွာသွန်းမှုကြော်င့ ကားအစီးရေ (၅၀၀)...

ကျောက်မဲမြို့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်သား သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအမှား

သျှမ်းပြည် ကျောက်မဲမြို့ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ တပ်သားတွေ သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ Subscrribers (66,000) ကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Snow Queen ချန်နယ်ကနေ သြဂုတ်...

လားရှိုးနှင့် နောင်ချို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခံရ၊ အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် အရပ်သား (၅) ဦး သေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၃ ရက်) ည ၇ နာရီခန့်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...

Latest news