တိုက်ပွဲ

မိုင်းထိလူနာကို ဆေးရုံပို့ ပြန်လာတဲ့ လူမှုရေးအသင်းကား ပစ်ခတ်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာလ (၁၆)ရက်) မွန်းလွဲ(၃)နာရီခွဲဝန်းကျင်က မိုင်းထိလူနာကို ဆေးရုံပို့ပြီး ဟူကျေးရွာသို့ ပြန်လာသည့် လူမှုရေးအသင်းကား ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။ မိုင်းထိဒဏ်ရာရရှိခဲ့သည့် ဟူးကွက်ဒေသခံ(၂)ဦးအား ဂရုဏာလူမှုကူညီရေးအသင်းကားဖြင့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် စက်တင်ဘာ (၁၆)ရက်နေ့ မွန်းလွဲပိုင်းက ဟူးကွက်ကျေးရွာသို့ ပြန်လာစဉ် ရွာအဝင်တွင်...

မိုင်းကိုင် စစ်ရှောင် (၂၃၀၀)ခန့် ရောက်ရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ရွာတွင် စစ်ရှောင် (၂၃၀၀) ခန့် မိုးကာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စက်တင်ဘာ (၁၄) ရက် သျှမ်းတပ် (၂) တပ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်း...

ကျောက်မဲ စစ်ရှောင်များ မိုးကာနှင့်စားနပ်ရိက္ခာများ ခက်ခဲနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေရသည့် ပြည်သူများ မိုးကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။ လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းတစ်ချို့တွင် မိုးကာများလုံလောက်မှု မရှိခြင်းနှင့် စားနပ်ရိက္ခာ ခက်ခဲမှုများ ဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “ဟူးစွန်စစ်ရှောင်စခန်းမှာက မိုးကာတွေ မရှိလို့ မိုးရွာရင် ဒုက္ခရောက်နေကြတယ်၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်၊...

သျှမ်းတပ် (၂) တပ် စစ်ရေး တင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် စစ်ရှောင် (၁၂၀၀) ခန့် ထွက်ပြေးလာရပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၁၄) ရက် မနက် (၈) နာရီခန့်က စတင်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်သဖြင့်...

ပျောက်ဆုံးသွားတဲ့ အနာဂတ်တွေကို တိုက်ပွဲကြားမှာ ပြန်လည်ရှာဖွေနေသူများ

“ကိုယ့်အိမ်ကိုယ့်ရာကို စွန့်လွတ်ပြီးတိုင်းတစ်ပါးမှာ လာရောက်နေထိုင်ရတယ် ဆိုတော့ စိတ်တိုင်းမကျဘူး၊ မိသားစုအတွက် ဘဝရှေ့ရေးအတွက် ဘယ်ကနေ ဘယ်လို ရှေ့ဆက် လုပ်ဆောင်ရမလဲဆိုတာလည်း လမ်း ပျောက်တယ်” ဟု လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသူ အမျိုးသမီးတစ်ဦးက ပြောပြထားပါတယ်။ စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းယူပြီးတဲ့ နောက်မှာတော့ ဝေဝါးတဲ့ အနာဂတ်နဲ့ ရင်ဆိုင်လာရတဲ့...

ကျောက်မဲစစ်ရှောင် ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများ ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေကြောင်း သိရသည်။ ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းနှင့် နမ့်စော့စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က ကိုဗစ်ပိုး ကူးစက်ခံရသူ (၃၄)ဦးထိ တွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့က (၂၄)ယောက်ထိ ကိုဗစ်ပိုး တွေ့ခဲ့တယ်၊ နေမကောင်းတာလည်း မရှိဘူး၊ ချောင်းဆိုးတာလည်းမရှိဘူး၊...

လွိုင်ကော်မြို့နယ် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ ၃ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်များစွာတို့ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် လွိုင်ကော်မြို့နယ်ရှိ ဒေါပိုးစီကျေးရွာတွင် စစ်ကောင်စီတို့သည်...

ကျောက်မဲမြို့နယ် ကျေးရွာထဲ တပ်ပေါင်းစု နေထိုင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်ကုန် ကျေးရွာအုပ်စုထဲတွင် တပ်ပေါင်းစုဖြစ်သည့် TNLA နှင့် SSPP/SSA တို့ သွားရောက်နေထိုင်နေ သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိသည်။ ထိုတပ်သားများ သွားရောက်နေထိုင်နေသောကြောင့် ပြည်သူများ တချို့ ကြောက်လန့်ပြီး ကျောက်မဲမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ “ သူတို့ရွာထဲနေနေတယ်။ ရွာထဲမှာတော့ လူတွေသိပ်မရှိတော့ဘူး။...

စစ်ကောင်စီ ပြင်းထန်စွာ ထိုးစစ်ဆင်မှုကြောင့် ကိုးကန့် တပ်မတော် တပ်သားတစ်ဦး သေဆုံး

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဒေသတွင်း အင်အားအများအပြားဖြည့်တင်းပြီး ထိုးစစ်ဆင်နေမှုကြောင့် ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) တို့ဖက်မှ တပ်သား တစ်ဦး ကျဆုံးသွားရကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်စောစော ၆ နာရီ ၃၀ မိနစ် အချိန်တွင်...

တောင်သူလင်မယား ၂ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် နှင့် ကယားပြည်( ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ် ကုန်ဆုံကျေးရွာတွင် နေထိုင် သော ဒေသခံ တောင်သူလင်မယား (၂)ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့( စက်တင်ဘာ ၄)ရက် မနက် ၈...

Latest news