မုံးကိုးဘက် စစ်ကောင်စီ ထိုးစစ်ဆင်မှု ပြင်းထန် စစ်ရှောင်များ စားနပ် ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ မုံးကိုးမြို့နယ်တွင် စစ်ကောင်စီတို့၏ အင်အားတိုးချဲ့ ထိုးစစ်ဆင်မှု ဆက်လက်ပြင်းထန်နေသည့် အတွက် စစ်ဘေးရှောင်နေသည့် ဒေသခံများသည် စားနပ်ရိက္ခာအတွက် ခက်ခဲနေကြောင်း သတင်းသိရသည်။

ယမန်နေ့ ၁၆ ရက်နေ့ ညအချိန်တွင် မုံးကိုးမြို့သို့ စစ်ကူရန်အတွက် လာသည့် စစ်ယာဉ်တန်းမှ စစ်ကောင်စီ တပ်သားတို့သည် ဘောလုံးကွင်းအတွင်းသို့ စခန်းချနားနေပြီး သောက်စားမူးကာ ကြိမ်းမောင်း ပြောဆိုမှုများရှိနေကြောင်း မုံးကိုးမြို့ခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ၆ နာရီဝန်းကျင်လောက်မှာ ဘောလုံးကွင်းထဲက စစ်သားတွေက သောက်စားပြီးမူးနေကြတယ်၊ မူးတာက တော်တော်မူးနေပုံပဲ၊ ဆဲနေသံတွေကြားရတယ်၊ သူတို့က စစ်ကားချည်းလာတာ မဟုတ်ဘူး၊ တင့်ကားပါတယ်၊ နောက်ဖွင့် Vego ကားနဲ့လည်း စစ်သားတွေကို သယ်လာတာ၊ တင့်ကားကတော့ တပ်ထဲမှာ ထားတယ်လို့ ကြားတယ်၊ ဘောလုံးကွင်းမှာမတွေ့ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မိုးကိုးမြို့နယ်အတွင်း ပန်ဆိုင်း၊ ကြူကုတ်မြို့တို့တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့်တပ်မတော် MNDAAတို့သည် သြဂုတ်လ ၃ ရက်မှ စတင်ကာ နေ့တိုင်းနီးပါး တိုက်ပွဲ ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲ ကြောင့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများလိုအပ်နေကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆို တိုက်ပွဲ ကာလလည်း ကြာလာပြီလေ၊ တချို့စစ်ဘေးရှောင်တွေကဆို လာတုန်းက ဘာမှမယူခဲ့ရ တာတွေရှိတယ်၊ ခုလည်း စစ်ဘေးရှောင်တွေက များလာတော့ စားဖို့သောက်ဖို့ ခက်ခဲလာပါပြီ၊ ဆေးဝါးတွေ လည်း လိုအပ်ပါတယ်၊ တတ်နိုင်သလောက် အလှူရှင်တွေကိုတော့ ချိတ်ကြည့်နေပါတယ်၊ ဒါပေမဲ့ လုံလောက်တဲ့ ပမာဏ မရနိုင်သေးပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီတပ်တို့သည် ဖောင်းဆိုင်မြို့ရှိ ဖောင်းဆိုင်ဆုတောင်းတောင်အနီးရှိ MNDAA တပ်စခန်းကို နှစ်ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ရန်လည်း အနိုင်မရသဖြင့် လက်ရှိတိုးချို့လာသော စစ်အင် အားများသည် ယင်းနေရာသို့ ချီတက်တိုက်ခိုက်ရန် ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်နေကြ သည်။

မုံးကိုးမြို့နယ် ဖောင်းဆိုင်ဘက်တွင် စစ်ကောင်စီ နှင့် MNDAA တို့သည် နှစ်လကျော်သည် အထိ တိုက်ပွဲအရှိန် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည့် အပြင် အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော်မှာ မြို့ပေါ်နှင့် တရုတ်နယ်စပ်မျဉ်းပေါ်သို့ မိုးကာတဲဖြင့် ခိုလှုံနေကြကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...