Thursday, May 2, 2024

တရုတ်

နယ်မြေကျူးကျော်ခွင့်မပေးပါက ပန်ဆိုင်း ထွက်ကြံများဝယ်ယူမည်မဟုတ်ကြောင်း တရုတ် ဖိအားပေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအတွင်းသို့ တရုတ်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးခတ်မှုကို ဒေသခံများက သ‌ဘောမတူပါက နောက်ထွက်လာမည့် ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်က ဖိအားပေးပြောဆိုလာကြောင်း စုံစမ်းသိရသည်။ ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာထဲသို့ တရုတ်ဘက်မှ အောက်တိုဘာ (၂၀)ရက်နေ့ကစပြီး နယ်မြေကျူးကျော်ကာ ခြံစည်းရိုးလာခတ်ခဲ့ကြောင်း သိရသည်။ “သူတို့ နယ်မြေကျော်လာပြီး...

သျှမ်းပြည်နယ်အတွင်းကိုယ်စားပြုတိုက်ပွဲ Proxy War စတင်နေပြီလား?

သျှမ်းပြည်တပ်မတော် ဝမ်ဟိုင်း နဲ့ သျှမ်းပြည်တပ်မတော် လွိုင်တိုင်းလျဲန်းတို့ဟာ ၂၀၁၇ က စပြီး နယ်မြေစိုးမိုးရေးအားပြိုင်  တိုက်ပွဲဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲကြောင့် သျှမ်းလူထု အသက်အိုးအိမ်ဆုံးရှုံးရတာတွေ၊ စစ်ဘေးရှောင်နေရတာတွေကြောင့် သျှမ်းပြည့်ကံကြမ္မာအတွက် မျက်ရည်မျက်ခွက်နဲ့ ရင်နင့်နေသူဟာ ကျနော် တစ်ယောက်တည်း တော့ ဟုတ်မယ်မထင်ပါဘူး။ သျှမ်းအမျိုးသားအတွက် ရှေ့တန်းတင်ဖို့၊ စည်းလုံးဖို့၊ တောင်းဆိုနေတာတွေလဲ...

တရုတ်နယ်စပ်ဂိတ်များထပ်မံတင်းကြပ် နမ့်ခမ်းမြို့တွင် ကုန်စိမ်းများပြတ်လပ် အဆမတန်စျေးတက်

ကိုဗစ်ကူးစက်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် တရုတ်အစိုးရမှ နယ်စပ် ၀င်/ထွက်ပေါက်များအားလုံး တင်းကြပ်ပိတ်လိုက်သောကြောင့် တရုတ်မှတင်သွင်းရောင်းချသော ဟင်းသီး ဟင်းရွက်များစျေး အဆမတန်မြှင့်တက်နေပြီး မွေးမြူရေးငါးများ ပြတ်လပ်နေသည် အထိဖြစ်ပေါ် နေကြောင်း သတင်းရရှိသည်။ “ဒီနေ့ နမ့်ခမ်းစျေးထဲမှာ ဟင်းသီးဟင်းရွက်များ စျေးအဆမတန်တက်နေတယ်ရှင့် ၊ ကျမတို့ မြို့ထဲမှာ ဟင်းသီးဟင်းရွက်တွေ...

နမ့်ခမ်းမြို့နယ်အတွင်း မာဘယ်ကျောက်များအား တူးဖော်ကာ တရုတ်ဘက်ခြမ်းတင်ပို့နေသည့်ကုမ္မဏီကြီးများအား အရေးယူပေးရန် အစိုးရထံ ဒေသခံများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ကုမ္မဏီကြီး ၃ ခုမှ မာဘယ်ကျောက်များ ဒေသခံလူထုထံမှ ခွင့်ပြုချက်မရှိဘဲ တူးဖော်ကာ တရုတ်ဘက်ခြမ်းသို့ တင်ပို့နေသည့်အပေါ် အရေးယူပေးရန် နိုင်ငံတော်သမ္မတအား နမ့်ခမ်းဒေသခံလူထုကိုယ်စား အဖွဲ့အစည်း ၅ ခု ကစာရေးတင်ပြတောင်းဆိုလိုက်သည်။ နမ့်ခမ်းမြို့မြို့ဖများအဖွဲ့၊ ကျားဖြူပါတီ၊ UP လူမှုညီညွတ်ရေးအသင်း၊ရှေးဟောင်းအမွေအနှစ်နဲ့ သမိုင်းဝင်နေရာများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း  ၊မြို့နယ်တောင်သူလယ်သမားအဖွဲ့တို့စုပေါင်းစာရေးကာ နိုင်ငံတော်သမ္မတနှင့်...

တရုတ်အထူးကိုယ်စားလှယ် နှင့် RCSS/SSA တွေ့ဆုံမှု ဘာတွေဆွေးနွေး

တရုတ်နိုင်ငံ အစိုးရ ၏ အာရှအထူးကိုယ်စားလှယ် မစ္စတာဆွန်း ကော်ရှန် ဟာ တရုတ်နယ်စပ်အနီး အခြေချ လှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဇန္နဝါရီလဆန်းပိုင်းက လှည့်လည်တွေ့ဆုံပြီး သောကြာနေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အဆင့်မြင့်ကိုယ်စားလှယ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တရုတ်သံရုံးမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကလက်ခံတွေ့ဆုံပါတယ်။...

Latest news