‘ဝ’ နှင့် မိုင်းလားနယ်စပ်ဂိတ်များကို တရုတ်စတင်ပိတ်ပင်ဟုဆို၊ စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူခွင့်မပြု

မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ပြီး စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီများကို သယ်ဆောင်ခွင့်မပြုဘဲ ပန်ဆန်းနှင့် မိုင်းလားနယ်စပ်ဂိတ်ကြီးများကိုပါ ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က (အောက်တိုဘာ ၂၇ ရက်) စပြီး ‘ဝ’နဲ့ မိုင်းလားဒေသထဲကို တရုတ်က စားနပ်ရိက္ခာနဲ့ စက်သုံးဆီ ပေးမသယ်တော့ဘူး။ ပန်ဆန်းဂိတ်ကော မိုင်းလားဂိတ်ကြီးကော ပိတ်လိုက်ပြီလို့ ကြားတယ်။ အဲ့တာကြောင့် ဒေသခံတွေက ကြောက်လန့်ပြီး ကြက်ဥတို့ ခေါက်ဆွဲတို့ မိသားစုအိမ်သုံးဖို့ ဆီနဲ့ ကုန်ခြောက်လုဝယ်နေကြတယ်”ဟု မိုင်းလားဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ခဲ့သည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုမေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ ‘ဝ’ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ကလည်း မြန်မာ-တရုတ်နယ်စပ် ဟိုပန်မြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စတင်ပိတ်လိုက်ကာ ကုန်ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် ‘ဝ’တပ်ဖွဲ့ ခေါင်းဆောင်တို့ ဩဂုတ်လနောက်ဆုံးပတ် တွေ့ဆုံဆွေးနွေးမှုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီနှင့် လားရှိုးဒေသသို့ ဖြတ်(၅)ဖြတ် လုပ်ဆောင်ရန် ဖိအားပေးခံရပြီးနောက် UWSA ထိန်းချုပ်သည့် နယ်စပ်ဂိတ်များ ပိတ်ဆို့ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။

“တရုတ်ကတော့ နယ်စပ်တွေ ပိတ်တယ်ဆိုတာ မှောင်ခိုထွန်းကားရေးကနေ တရားမဝင် မြန်မာပြည်ကထွက်တဲ့ ပစ္စည်းတွေ သူက ဈေးပေါပေါနဲ့ ဝယ်ချင်တာပဲ။ နောက်ထပ်တစ်ခုက စစ်ကောင်စီကို ထောက်ခံတယ်ဆိုတာ ပြသတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်တယ်။ မှောင်ခိုနည်းလမ်းနဲ့ သူပြန်ဖွင့်မယ်၊ ထွက်သမျှ သယံဇာတကို ရအောင်ပြန်ယူမယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

‘ဝ’တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင်လည်း အောက်တိုဘာလ (၂၃) ရက်မှ စတင်ပြီး ကုန်သွယ်ရေးလမ်းကြောင်း ပိတ်မည့်သတင်းကြောင့် စက်သုံးဆီများ အလုအယက် ဝယ်ယူကြပြီး အဆမတန် ဈေးမြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ‘ဝ’ဒေသရှိ ဆောဖားဂိတ်နှင့် ပန်ဆန်းဂိတ်ကြီးတို့တွင်လည်း စစ်ဆေးမှု တင်းကြပ်လာခြင်းကြောင့် ပြည်သူများအတွက် စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ ပန်ဝိုင်နှင့် နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း သိရသည်။

အောက်တိုဘာလ ဒုတိယပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက်ရှိ ညီနောင်မဟာမိတ် ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များအပြင် မူဆယ်နှင့် မိုင်းလားကဲ့သို့ စစ်ကောင်စီလက်အောက် နယ်စပ်ဂိတ်များကိုလည်း တရုတ်အာဏာပိုင်များမှ ပို့ကုန်သွင်းကုန် စစ်ဆေးတင်းကြပ်လျက်ရှိပြီး တရုတ်ဘက်မှ တင်သွင်းကုန်များ ပိတ်ဆို့ခံရမှု ရှိနေကြောင်း နယ်စပ်ကုန်သည်များက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တရုတ်တွင် မုန်တိုင်းကြောင့် ဆည် ၃ ခုကျိုးပျက်ပြီး လူ ၆၂,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းထားရ

0
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ဒေသ၏ မြို့တော်ဖြစ်သော နန်နင်း (Nanning) မြို့တွင် တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) ကြောင့် မြစ်ရေများ မြင့်တက်လာပြီး ရေလှောင်တမံ (ဆည်) အနည်းဆုံး ၃ ခု ကျိုးပျက်ခဲ့သည်။ ထိုဆည်ကျိုးပျက်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး...