သျှမ်းရှေ့ သို့ တရားမဝင် ရောက်လာသော တရုတ် နှင့် ထိုင်းနိုင်ငံသားများ ဖမ်းဆီးမိ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် တရားမဝင် လာရောက်နေထိုင်သော တရုတ် နှင့် ထိုင်း နိုင်ငံသားတို့ကို ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။

တာချီလိတ်မြို့

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာ၊ သင်္ချိုင်းကုန်း အနီး၌ ပြည်ဝင်ခွင့် အထောက်အထား လက်မှတ်မပါရှိသော တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေ ကင်းလှည့်ချိန် မသင်္ကာတဲ့ ကားတွေ့လို့ ဝင်စစ်ဆေးတော့ PAJERO(io) အဖြူရောင်ကားတစ်စီးနဲ့ အထောက်အထားမဲ့ တရုတ်လူမျိုး ၇ ဦး ဖမ်းမိတယ်၊ အခုတော့ ရဲစခန်းမှာ ချုပ်ထားပါပြီ” ဟု ကျိုင်းတုံမြို့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ တရုတ်လူမျိုး ၇ ဦးကို မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃/၁နှင့်(ပ)၄၄၈/၂၀၂၂တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းသိရသည်။

အလားတူ ဒီဇင်ဘာလ ၃ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် တရားမဝင် ဝင်ရောက်နေထိုင်သော ထိုင်းနိုင်ငံသား ၃ ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။

“မြရွှေရည် ဟိုတယ်ကို ဝင်စစ်ဆေးတဲ့အချိန်မှာ အထောက်အထားမဲ့တဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းမိတယ်” ဟု နီးစပ်သူ အသက် ၅၀ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသား ၃ ဦးသည် Mr.Nattapat Saha-ampan (နာတာဖစဟာအမ်ပန်း) ၄၀ နှစ်၊ Mr. Thiwanon Kulalao (ထီဂနွန်း တူလားလောင်) ၃၃ နှစ်၊ နှင့် Mr.Thibet Kawsawas (ထီဘတ်ခါဆဝပ်) ၂၉ နှစ် တို့ ဖြစ်ကြောင်း သတင်းသိရသည်။

ယခု ရက်ပိုင်းအတွင်းတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသော နိုင်ငံခြားသားများ ဖမ်းဆီးရမှုများ မကြာခဏ ဖြစ်ပွားနေသည်။

ထိုတရားမဝင် လာရောက်သည့် တရုတ်နှင့် ထိုင်းလူမျိုးများသည် သျှမ်းပြည်အရှေ့ပိုင်းတွင် တရားမဝင် စီးပွားရေးလာရောက် လုပ်ကိုင်ကြသည့်သူများဖြစ်ပြီး၊ လက်ရှိ တာချီလိတ်တွင် Online ဂိမ်းများ၊ Online လောင်းကစားများ၊ မူးယစ်ဆေးဝါးဂိုဏ်းများ ခြေရှုပ်နေသည့် နေရာတခုဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလည်း ထိုင်းအာဏာ ပိုင်များမှ ဖမ်းဆီးရမှု နေ့စဥ် နီးပါးရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တရုတ်တွင် မုန်တိုင်းကြောင့် ဆည် ၃ ခုကျိုးပျက်ပြီး လူ ၆၂,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းထားရ

0
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ဒေသ၏ မြို့တော်ဖြစ်သော နန်နင်း (Nanning) မြို့တွင် တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) ကြောင့် မြစ်ရေများ မြင့်တက်လာပြီး ရေလှောင်တမံ (ဆည်) အနည်းဆုံး ၃ ခု ကျိုးပျက်ခဲ့သည်။ ထိုဆည်ကျိုးပျက်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...