မူဆယ်မြို့ဘက် အာလူးသွင်းကုန်ကိုပါ တရုတ်ပိတ်ပင်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်တွင် တရုတ်ဘက်က ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် ကန့်သတ်ထားသည့် ပစ္စည်းများ သယ်ယူခွင့် မပြုသည့်အပြင် အာလူးသွင်းကုန်ကိုပါ ပိတ်ပင်လိုက်သည်ဟု စုံစမ်းသိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ပြီး တရုတ်အာဏာပိုင်များဘက်က အွန်လိုင်းမှတဆင့် မှာယူထားသည့် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် အိုင်တီ IT ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းများကို မြန်မာပြည်ဘက်သို့ ထုတ်ယူခွင့် မပေးတော့ကြောင်းနှင့် လက်ရှိတွင် မူဆယ်မြို့ဘက်ကို အာလူးသွင်းကုန်ကိုပါ ပိတ်ပင်လိုက်သည်ဟု မူဆယ်မြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆို မူဆယ်မြို့က ဆိုင်တွေထဲ ဝင်စစ်တယ်။ သူတို့ကန့်သတ်ထားတဲ့ ပစ္စည်းတွေရှိရင် လက်မှတ်ထိုးခိုင်းတယ်။ တရုတ်တွေက မူဆယ်ဘက်ကို အာလူးတောင် မပေးသွင်းတော့ဘူး။ အာလူးပါလာရင် ဂိတ်မှာ အကုန်ချခဲ့ရတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိ မြန်မာပြည်သို့ တင်သွင်းမည့် ကုန်ပစ္စည်းများ ကန့်သတ်လိုက်မှုကြောင့် တရုတ်ပြည်အတွင်း အာလူးကုန်သည်များလည်း အခက်ကြုံနေကြောင်း၊ အာလူးများလည်း ပုပ်သိုးမှုရှိလာသဖြင့် အရှုံးပေါ်နေကြောင်း သိရသည်။

ယခု နယ်စပ်ဂိတ်တွင် ကုန်စည်များ စစ်ဆေးမှုတင်းကြပ်လိုက်သည့် အကြောင်းရင်းသည် မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များကို ထောက်ပို့ ဖြစ်နိုင်သည့် စားသောက်ကုန်များ၊ ဆိုလာပြားအသေးစား စသည့် လျှပ်စစ်ပစ္စည်းများကို တရုတ်ဘက်မှ တားမြစ်ပိတ်ပင်လိုက်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် တရုတ်ပြည်အတွင်းရှိ ဂိုဒေါင်တစ်ခုထဲတွင် စစ်ဘက်ဆိုင်ရာ အင်္ကျီ၊ စစ်ဖိနပ်၊ ထိုင်ခုံအသေး၊ ခေါက်ဆွဲခြောက်ဗူး၊ အသင့်စား တရုတ်အစားအစာများကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိမှုကြောင့် ယခုကဲ့သို့ ထပ်မံကန့်သတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဖြစ်စဉ်သိရှိသည့် မူဆယ်ဒေသခံ အမျိုးသားတစ်ဉီးက ပြောသည်။

“အခုလို ပိတ်လိုက်တာက ဂိုဒေါင်ထဲမှာ စစ်ဝတ်စုံပစ္စည်းတွေ၊ နောက် စားစရာတွေ အများကြီး တွေ့တယ်။ အဲ့ဒါတွေ့ပြီးနောက် ဒီလိုအခြေအနေ ဖြစ်လာတာပဲ”ဟု ၎င်းအမျိုးသားက ဆိုသည်။

ထို့ပြင် မူဆယ်မြို့တွင် တစ်ကြိမ်မျှ မကြုံဖူးသည့် စက်သုံးဆီ တစ်လီတာလျှင် ကျပ်ငွေ တစ်သောင်းအထိ ပေးဝယ်နေရပြီး၊ စက်သုံးဆီ ပြတ်လပ်မှုကို စိုးရိမ်သဖြင့် အလုအယက် တန်းစီဝယ်နေရကြောင်းလည်း မူဆယ်ဒေသခံ တစ်ဉီးက ထပ်ပြောသည်။

“မနေ့ကဆိုရင် မူဆယ်ဘက်မှာ ဆီတွေ တန်းစီတာများတော့ နမ့်ခမ်းဘက် သွားဝယ်ရတယ်။ အရင်က တစ်လီတာကို ကျပ်ငွေ ၅၀၀၊ ၁၀၀၀ ပဲရှိတယ်။ အခု တစ်လီတာကို တစ်သောင်းကျပ်ဆိုတော့ တခါမှ မကြားဖူးဘူး။ လူတွေအတွက်တော့ အကြပ်ရိုက်စေတာပေါ့”ဟု ၎င်းအမျိုးသားက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ယူနန်ပြည်နယ်အကြား တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်၊ ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ဂိတ်တို့တွင်လည်း အောက်တိုဘာလ (၂၅) ရက်မှ စတင်ပြီး တရုတ်ဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

မြန်မာ-တရုတ် နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်နိုင်သည့် နယ်စပ်ဂိတ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်သည့် နယ်စပ်ဂိတ်စုစုပေါင်း (၇) ဂိတ် ဆက်လက်ဖွင့်လှစ်ထားသော်လည်း ပို့ကုန်သွင်းကုန် စစ်ဆေးမှု တင်းကြပ်ပြီး အခြား (၈) ဂိတ်မှာ ပိတ်ထားကြောင်း ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...