Tuesday, January 27, 2026

မူဆယ်မြို့ဘက် အာလူးသွင်းကုန်ကိုပါ တရုတ်ပိတ်ပင်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်တွင် တရုတ်ဘက်က ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် ကန့်သတ်ထားသည့် ပစ္စည်းများ သယ်ယူခွင့် မပြုသည့်အပြင် အာလူးသွင်းကုန်ကိုပါ ပိတ်ပင်လိုက်သည်ဟု စုံစမ်းသိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ပြီး တရုတ်အာဏာပိုင်များဘက်က အွန်လိုင်းမှတဆင့် မှာယူထားသည့် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် အိုင်တီ IT ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းများကို မြန်မာပြည်ဘက်သို့ ထုတ်ယူခွင့် မပေးတော့ကြောင်းနှင့် လက်ရှိတွင် မူဆယ်မြို့ဘက်ကို အာလူးသွင်းကုန်ကိုပါ ပိတ်ပင်လိုက်သည်ဟု မူဆယ်မြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆို မူဆယ်မြို့က ဆိုင်တွေထဲ ဝင်စစ်တယ်။ သူတို့ကန့်သတ်ထားတဲ့ ပစ္စည်းတွေရှိရင် လက်မှတ်ထိုးခိုင်းတယ်။ တရုတ်တွေက မူဆယ်ဘက်ကို အာလူးတောင် မပေးသွင်းတော့ဘူး။ အာလူးပါလာရင် ဂိတ်မှာ အကုန်ချခဲ့ရတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိ မြန်မာပြည်သို့ တင်သွင်းမည့် ကုန်ပစ္စည်းများ ကန့်သတ်လိုက်မှုကြောင့် တရုတ်ပြည်အတွင်း အာလူးကုန်သည်များလည်း အခက်ကြုံနေကြောင်း၊ အာလူးများလည်း ပုပ်သိုးမှုရှိလာသဖြင့် အရှုံးပေါ်နေကြောင်း သိရသည်။

ယခု နယ်စပ်ဂိတ်တွင် ကုန်စည်များ စစ်ဆေးမှုတင်းကြပ်လိုက်သည့် အကြောင်းရင်းသည် မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များကို ထောက်ပို့ ဖြစ်နိုင်သည့် စားသောက်ကုန်များ၊ ဆိုလာပြားအသေးစား စသည့် လျှပ်စစ်ပစ္စည်းများကို တရုတ်ဘက်မှ တားမြစ်ပိတ်ပင်လိုက်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် တရုတ်ပြည်အတွင်းရှိ ဂိုဒေါင်တစ်ခုထဲတွင် စစ်ဘက်ဆိုင်ရာ အင်္ကျီ၊ စစ်ဖိနပ်၊ ထိုင်ခုံအသေး၊ ခေါက်ဆွဲခြောက်ဗူး၊ အသင့်စား တရုတ်အစားအစာများကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိမှုကြောင့် ယခုကဲ့သို့ ထပ်မံကန့်သတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဖြစ်စဉ်သိရှိသည့် မူဆယ်ဒေသခံ အမျိုးသားတစ်ဉီးက ပြောသည်။

“အခုလို ပိတ်လိုက်တာက ဂိုဒေါင်ထဲမှာ စစ်ဝတ်စုံပစ္စည်းတွေ၊ နောက် စားစရာတွေ အများကြီး တွေ့တယ်။ အဲ့ဒါတွေ့ပြီးနောက် ဒီလိုအခြေအနေ ဖြစ်လာတာပဲ”ဟု ၎င်းအမျိုးသားက ဆိုသည်။

ထို့ပြင် မူဆယ်မြို့တွင် တစ်ကြိမ်မျှ မကြုံဖူးသည့် စက်သုံးဆီ တစ်လီတာလျှင် ကျပ်ငွေ တစ်သောင်းအထိ ပေးဝယ်နေရပြီး၊ စက်သုံးဆီ ပြတ်လပ်မှုကို စိုးရိမ်သဖြင့် အလုအယက် တန်းစီဝယ်နေရကြောင်းလည်း မူဆယ်ဒေသခံ တစ်ဉီးက ထပ်ပြောသည်။

“မနေ့ကဆိုရင် မူဆယ်ဘက်မှာ ဆီတွေ တန်းစီတာများတော့ နမ့်ခမ်းဘက် သွားဝယ်ရတယ်။ အရင်က တစ်လီတာကို ကျပ်ငွေ ၅၀၀၊ ၁၀၀၀ ပဲရှိတယ်။ အခု တစ်လီတာကို တစ်သောင်းကျပ်ဆိုတော့ တခါမှ မကြားဖူးဘူး။ လူတွေအတွက်တော့ အကြပ်ရိုက်စေတာပေါ့”ဟု ၎င်းအမျိုးသားက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ယူနန်ပြည်နယ်အကြား တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်၊ ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ဂိတ်တို့တွင်လည်း အောက်တိုဘာလ (၂၅) ရက်မှ စတင်ပြီး တရုတ်ဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

မြန်မာ-တရုတ် နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်နိုင်သည့် နယ်စပ်ဂိတ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်သည့် နယ်စပ်ဂိတ်စုစုပေါင်း (၇) ဂိတ် ဆက်လက်ဖွင့်လှစ်ထားသော်လည်း ပို့ကုန်သွင်းကုန် စစ်ဆေးမှု တင်းကြပ်ပြီး အခြား (၈) ဂိတ်မှာ ပိတ်ထားကြောင်း ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

မူဆယ်တွင် မဲမပေးလျှင် ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ် မလုပ်ပေးဟု ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမထည့်ပါက စာအုပ် (အနီ) မလုပ်ပေးဟု ခြိမ်း‌ခြောက်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှ စ၍ မူဆယ်မြို့‌ပေါ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက...

မူဆယ်တွင် မြို့ပေါ်ရပ်ကွက်သာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပနိုင်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များသာ ကွက်၍ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြို့ပြင်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် မူဆယ်မြို့ပေါ် ရပ်ကွက်များကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ပတ်လည်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

မူဆယ် – ၁၀၅ မိုင်ကြား ကားဘရိတ်ပေါက်ပြီး လူတိုက်မိ၊ ၂ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - ၁၀၅ မိုင်လမ်းပိုင်းတွင် ၆ ဘီးကား တစ်စီး ဘရိတ်ပေါက်ပြီး လမ်းသွားနေသည့် လူများကို တိုက်မိရာ နှစ်ဦးသေဆုံးကာ ရှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီဝန်းကျင်...