တရုတ်သံအမတ်နှင့် စစ်ကောင်စီတို့ အွန်လိုင်းငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေး ဆွေးနွေး

မြန်မာ-တရုတ်နယ်စပ် တလျှောက် အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို စဉ်ဆက်မပြတ် တိုက်ဖျက်ရေးလုပ်ဆောင်ရန် တရုတ်သံအမတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက အောက်တိုဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန်လာသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင် သည် အောက်တိုဘာလ ၂၃၊ ၂၄ ရက်တို့တွင် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှစ်နိုင်ငံ ပူးပေါင်းဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်သည့် တရုတ်နိုင်ငံသား ၅၀၀၀ နီးပါးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံရဲဘက်သို့ လွှဲပြောင်းပေးခြင်းကို တရုတ်သံအမတ်က ချီးကျူးထားသည်။

စစ်ကောင်စီဘက်မှ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်နှင့်ပူးပေါင်းပြီး တက်တက်ကြွကြွ တိုက်ဖျက်သွားမည်ဟု တရုတ်သံအမတ်ကို ပြောသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

အွန်လိုင်းလိမ်လည်မှု

မြန်မာ – တရုတ် နယ်စပ်တလျှောက် ကိုးကန့်ဒေသ၊ “ဝ” ဒေသ နှင့် မူဆယ်မြို့ နယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်း များကို တရုတ် – မြန်မာ – ထိုင်း (၃) နိုင်ငံ ပူးပေါင်းပြီး ဖမ်းဆီးမှု ပြုလုပ်သွားမည်ဟု ယခုလဆန်းပိုင်းက ကြေညာထားသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီနှင့် “ဝ”တပ်ဖွဲ့ UWSA တို့က အယောင်ပြ ဖမ်းဆီးနှိမ်နှင်းနေသော်လည်း လက်တွေ့မြေပြင်တွင် ၎င်းအွန်လိုင်း ငွေလိမ်ဂိုဏ်းများသည် သျှမ်းပြည် ဒေသအသီးသီးရှိ ပြည်သူ့စစ်များထံ လာရောက်ခိုလှုံနေသည်ကို သျှမ်းသံတော်ဆင့်မှ သတင်းရရှိထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းမှစပြီး “ဝ”ဒေသရှိ ပန်ဆန်းမြို့မှ ထွက်ပြေးလာသော တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း အဖွဲ့ဝင်စုစုပေါင်း ၈၀၀ ခန့်သည် မိုင်းရယ်မြို့နယ်ရှိ မိုင်းဟပြည်သူ့စစ် ထိန်းချုပ်ရာ မိုင်းဟ/မိုင်းဟိုင်း နယ်မြေသို့ လာရောက်ခိုလှုံနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်တွင် မုန်တိုင်းကြောင့် ဆည် ၃ ခုကျိုးပျက်ပြီး လူ ၆၂,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းထားရ

0
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ဒေသ၏ မြို့တော်ဖြစ်သော နန်နင်း (Nanning) မြို့တွင် တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) ကြောင့် မြစ်ရေများ မြင့်တက်လာပြီး ရေလှောင်တမံ (ဆည်) အနည်းဆုံး ၃ ခု ကျိုးပျက်ခဲ့သည်။ ထိုဆည်ကျိုးပျက်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး...

ကျောက်ဖြူ ဝိရောဓိ – အာဏာသိမ်းအစိုးရအပေါ် တရုတ်၏ ထောက်ခံမှုမှ စီမံကိန်း ကျရှုံးမှုကို သေချာစေခြင်း

0
မြန်မာစစ်ခေါင်းဆောင်အဖြစ်မှ လက်ရှိသမ္မတအဖြစ်တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ်၊ ဇွန်လအစောပိုင်း ပေကျင်းခရီးစဉ်အပြီးတွင် နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။  ၎င်းကြေညာချက်သည် တရုတ်နိုင်ငံ၏ မြန်မာ့အရေး မဟာဗျူဟာများထဲမှ ကြီးမားသော ဝိရောဓိ “၎င်းကိုယ်တိုင်ပြန် ဒုက္ခရောက်စေမည့် လမ်းလွဲနေသည့်အခြေအနေ” ကို ကွက်ကွက်ကွင်းကွင်း မြင်သာလာစေသည့် သမိုင်းဝင် အပြောင်းအလဲ တခုဖြစ်လာနေသည်။ ယခုအခါ ပေကျင်း၏...