ဆီဆိုင်
ဆီဆိုင်စစ်ရှောင်များ နေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဟု စစ်ကောင်စီပြော
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မှ ထွက်ပြေးလာသည့် စစ်ရှောင်များနေရပ်သို့ မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဟု မေလဆန်းပိုင်းတွင် စစ်ကောင်စီမှ ပြောဆိုသဖြင့် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်နေရကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်( PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့တိုက်ပွဲကြောင့် ဒေသခံများသည် တောင်ကြီးမြို့ပေါ်သို့...
ဆီဆိုင်မြို့ ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရ
သျှမ်းပြည် ဆီဆိုင်မြို့ တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦနှင့် မိသားစုဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ သီရိရပ်ကွက် နယ်မြေ ၃ တွင် မတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင်...
ဆီဆိုင်မြိုနယ်ရှိ ချောင်းကူတံတားတစ်ခု စစ်ကောင်စီ မီးရှို့ဖျက်ဆီး
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ တံတားတစ်စင်းကို စစ်ကောင်စီက မီးရှို့ ဖျက်စီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်စကာကျေးရွာ နှင့် ရွှေတဂူဘုရားအနီးတွင် ရှိသည့် သဘက်ချောင်းကူး တံတားကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က မတ်လ ၁ ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် မီးရှို့...
ဆီဆိုင်မြို့နယ်တွင်း စစ်ကောင်စီ လက်နက်ကြီး၊ဒရုန်း ပစ်ခတ်၊ပြည်သူများကို ရွာပြင်ထွက်ဖို့ တားမြစ်
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် နေ့စဥ် စစ်ကောက်စီမှ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်နေပြီး ပအိုဝ်းပြည်သူ့စစ် ( PNO )က ကျေးရွာရှိ ဒေသခံများကို ဓားစာခံများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိုင်းလုံကျေးရွာကို ယမန်နေ့(ဧပြီလ ၃၀ ရက်) ညနေ ၃ နာရီဝန်းကျင်တွင်...
ဆီဆိုင် – စံကားကြားရှိ တံတားကို စစ်ကောင်စီ ဖျက်ဆီး
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆီဆိုင် - စံကား ကြားရှိ တံတားတစ်စင်း ကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆီဆိုင် - စံကား ကြားရှိ ဝိန်းကောင် ကျေးရွာအနီး သဘက်ချောင်းတံတားကို ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် စစ်ကောင်စီက...
စစ်ဇုန်ဖြစ်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ရှောင်များနေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်ပြန်ပို့ရန် စီစဉ်နေသည်ဟု ဒေသခံများထံမှသိရသည်။ တိုက်ပွဲကြောင့် အခြားရပ်ရွာများသို့ စစ်ဘေးရှောင်ရသည့် ဒေသခံများအနေဖြင့် လာမည့် ဧပြီလ ၂၄ ရက်မှစ၍ မိမိနေအိမ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ပြီဟု စစ်ကောင်စီက အထွေထွေအုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒေသခံများကို ပြောဆိုခိုင်းထားကြောင်း ဆီဆိုင်မြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးကပြောသည်။ “...
ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးဟု PNLA ပြော
သျှမ်းပြည် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တာဝန်ခံတစ်ဦးက ပြောသည်။ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာတွင် ဧပြီလ ၆ ရက်နေ့ကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNA တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ...
တိုက်ပွဲဆက်ဖြစ်နေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်းအေးချမ်းသွားပြီဟု သတင်းမှားဖြန့်နေ
တိုက်ပွဲဆက်ဖြစ်ပွားနေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်အေးချမ်းသွားပြီဖြစ်၍ နေရပ်ပြန်သွားသည့် ပြည်သူ ၁ ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း ဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် (တိုက်ပွဲသတင်းစုံ) အကောင့်မှ “တည်ငြိမ်အေးချမ်း ပြီဖြစ်တဲ့ ဆီဆိုင်မြို့သို့ နေရပ်ပြန် ပြည်သူ ၁,၀၀၀ ခန့်ရှိပြီလို့ သိရပါတယ်။ မိမိအိမ်ကို ပြန်လည်ဝင်ရောက် နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ PNLA/KNDF...
သျှမ်းတောင် ၂ လကျော်ကြာတိုက်ပွဲကြား အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲ ၂လကျော်ကြာ အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာနေကြောင်း စုံစမ်းသိရသည်။ အရပ်သားသေဆုံးမှုသည် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းနှင့် ဖမ်းဆီးသတ်ဖြတ် ခြင်းကြောင့်ဖြစ်ပြီး ထိုထဲတွင် အသက် ၆ လသားမှ ၁၀ နှစ်အတွင်းရှိ ကလေးငယ် ၅ ဦး၊...
ဆီဆိုင်မြို့ နေအိမ်ပြန် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ
သျှမ်းပြည် ဆီဆိုင်မြို့တွင် နေအိမ်ပြန်သည့် အမျိုးသားတစ်ဦးက မြေမြုပ်မိုင်းနင်းမိပြီး အခြေထောက်တစ်ဖက် ဖြတ်ရသည် အထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့တွင် မြကန်သာရပ်ကွက် ဧပြီလ ၁ ရက်တွင် အမျိုးသားတစ်ဦး နေအိမ်ပြန်ပြီး ပစ္စည်းပြန်ယူရာမှ နေ့အိမ်ရှေ့တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဖြတ်ရသည့်အထိ ဒဏ်ရာရှိခဲ့ကြောင်း ဆီဆိုင်မြို့နယ်...





