Tuesday, January 27, 2026

ဆက်ကြေး

နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဈေးအတွင်း ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက် ၁၀ နာရီခွဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) က ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့မစျေးထဲသို့ ယမန်နေ့ (စက်တင်ဘာ ၂၅)...

နမ့်ခမ်းမြို့မစျေးထဲ ပစ်ခတ်သံကြားရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ယနေ့ (စက်တင်ဘာ ၂၅)ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် ရောက်လာပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာ (၂၅) ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် နမ့်ခမ်းမြို့မစျေးထဲသို့ အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်လာပြီး စျေးအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့မစျေးက...

လက်နက်ကိုင်တပ်ဖွဲ့အချို့ တပ်သားစုဆောင်းရေး၊ အခွန်ကောက်ယူမှု ပြန်လည်လျော့ချပေးရန် ကျားဖြူပါတီ တောင်းဆို

လက်နက်ကိုင်တပ်ဖွဲ့အချို့၏ တပ်သားစုဆောင်းရေးပေါ်လစီနှင့် ဘဏ္ဍာရှာဖွေရေး အခွန်အကောက်ပေါ်လစီများ ပြန်လည်လျော့ချပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီက တောင်းဆိုလိုက်သည်။ ယခုကာလသည် ပြည်တွင်းစီးပွားရေးကျဆင်းမှု အလုပ်အကိုင်ရှားပါးမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများတိုးပွားလာမှု၊ စစ်ဘေးရှောင်နေကြရမှု၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့ တပ်သားသစ်စုဆောင်းမှုနဲ့ ဘဏ္ဍာရေး အခွန်ကောက်ယူမှုကြောင့် တိုင်းရင်းသားများသည် တိုင်းတပါးသို့ ရွှေ့ပြောင်းသွားကြကြောင်း SNDP ထုတ်ချက်တွင်ရေးသားထားသည်။ ထို့သို့ တိုင်းတပါးသို့ အလုံးအရင်းဖြင့်...

သီပေါမြို့နယ် အတွင်း TNLA က ဆက်ကြေးကောက်ခိုင်းနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ ရွာသူကြီးကို ဆက်ကြေးကောက်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ၂၀ ရက်တွင် TNLA တပ်ဖွဲ့သည် သီပေါမြို့နယ်အတွင်းရှိ ကျေးရွာတခုမှ ရွာသူကြီးဆီရောက်လာပြီး ရွာသူ၊ရွာသားများထံ ဆက်ကြေးကောက်ခိုင်းကြောင်း...

မူဆယ်တွင် PGAF အဖွဲ့တစ်ခု ငွေကျပ်သိန်း(၁၀၀) ဆက်ကြေးကောက်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်တွင် နေထိုင်သည့် နေအိမ်တစ်လုံးကို ယနေ့ (မေ ၂၄)ရက် နံနက် အစောပိုင်း တွင် PGAF ဟု အမည်ရအဖွဲ့က အသံမိုင်းဖောက်ခဲ့ကာ ဆက်ကြေးကောက်သည့် စာရွက်ပစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၂၄) နံနက် ၁နာရီတွင် မူဆယ်မြို့ တောင်ရပ်ကွက်တွင်...

မူဆယ်ခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင် ဆက်ကြေးများကောက်နေ

သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထံ ပေးဆောင်ရသည့် အခွန် (ဆက်ကြေး) များကြောင့် ဒေသခံ ပြည်သူများက အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။ ကွတ်ခိုင်မြို့မှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မှ မြန်မာ - တရုတ်နယ်စပ် ထုန့်မောဝ်ဒေသအထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ကောက်ခံ သည့် ဆက်ကြေးများကြောင့် ခက်ခဲကျပ်တည်းသည့် အခြေအနေရှိကြောင်း ထုန့်မောဝ်ဒေသမှ စိုင်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “သူတို့ (မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့)...

မူဆယ်မြို့နယ် KIA ဆက်ကြေးကောက် ကြံကားများအခက်တွေ့နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စုတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ဆက်ကြေးကောက်ခံသဖြင့် ကြံစိုက်တောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မတ် (၂၈)ရက် မနက် (၁၀)နာရီခန့်က (KIA) စစ်တပ်ဘက်မှ လူအင်အား (၁၀)ဦးရှိပြီး ဖြတ်သွားသည့် (၁၂)ဘီးကား တစ်စီးလျှင် နှစ်သိန်းငါးသောင်း၊ (၁၀)ဘီးကား တစ်စီးလျှင်...

Latest news