မူဆယ်ခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင် ဆက်ကြေးများကောက်နေ

သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထံ ပေးဆောင်ရသည့် အခွန် (ဆက်ကြေး) များကြောင့် ဒေသခံ ပြည်သူများက အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။

TNLA ဆက်ကြေးကောက်နေတဲ့ပုံ

ကွတ်ခိုင်မြို့မှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မှ မြန်မာ – တရုတ်နယ်စပ် ထုန့်မောဝ်ဒေသအထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ကောက်ခံ သည့် ဆက်ကြေးများကြောင့် ခက်ခဲကျပ်တည်းသည့် အခြေအနေရှိကြောင်း ထုန့်မောဝ်ဒေသမှ စိုင်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“သူတို့ (မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့) အခွန်လာကောက်တဲ့ အချိန်က အလွန်ဆုံး ၄ လလောက်ပဲကွာတယ်၊ နောက်တစ်ခုက သူတို့တောင်းခံတဲ့ ဗမာဏက အရင်နှစ်က ၁ သိန်းပေးရတဲ့ဆိုင်ဆိုရင် အခုနှစ်က ၂ သိန်းဖြစ်လာ တယ်၊ ရောင်းဝယ်ရေးတွေ စီးပွားရေးတွေကျတော့လည်း အဲ့လောက်ထိ မကောင်းပါဘူးလေ၊ ဒါကြောင့် ပြည်သူတွေခက်ခဲနေပါတယ်” ဟု စိုင်းခမ်းပြောသည်။ 

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/ SSA)၊ တအာန်း(ပလောင်)အမျိုးသားတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ကချင်တပ်မတော် KIA တို့သည် ထုန့်မောဝ်ဒေသရှိ ပြည်သူများ၊ လုပ်ငန်းရှင်များထံမှ အခွန်တောင်းခံမှုကို အချိန်ကွာခြားမှုမရှိ ပြုလုပ်သည့်အတွက် ပေးဆောင်ရသည့် ပြည်သူများအတွက် ခက်ခဲနေကြောင်း သိရသည်။

ထို့အပြင် မြန်မာပြည် အောက်ပိုင်း အထက်ပိုင်းမှ တရုတ်ပြည်သို့တင်ပို့ရန်လာသည့် ကုန်ကားများထံမှလည်း အခွန်ကောက်ခံမှုများ ရှိနေရာ ကုန်ပစ္စည်းဈေးနှုန်းများ မြှင့်တက်လာသည့်အပြင် ဒေသအတွင်း စီးပွားရေး လုပ်ငန်းများလည်း မကောင်းသည့်အတွက်ကြောင့် အခွန်နှုန်းများလျှော့ချပေးရန် တောင်းဆိုလိုကြောင်း နမ့်ခမ်းမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။ 

“ကားဂန်ဒါဆိုရင်လည်း ၁ သိန်း၊ ကားလတ်ဆိုရင် ၂ သိန်း၊ ကားကြီးဆိုရင် ၃ သိန်းအဲ့လိုကောက်နေတော့ ကျနော် တို့ ပြည်သူတွေ ပြန်ဝယ်ပြီး သုံးနေရတဲ့ ကုန်ဈေးနှုန်းတွေလည်းဈေးနှုန်း တက်ကုန်ပြီလေ၊ ဒီကြားထဲ အမည်မသိ လုပ်စာနေတဲ့ ပလောင်လိုလို ကချင်လိုလို PDF လိုလိုနဲ့ ဘယ်လို နားလည်ရမှန်းမသိတဲ့ အဖွဲ့လည်းရှိတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ များလာလေ ပြည်သူတွေအတွက် ပိုပြီးခက်ခဲလာလေပဲ” ဟု ၎င်းက ပြောသည်။

အခွန်ကောက်ယူနေခြင်းနှင့် ပက်သက်ပြီး KIA ထံသို့ ဆက်သွယ်မေးမြန်းရာ အခွန်ကောက်ခံသည့် မူဝါဒများက တပ်ဖွဲ့အတွင်း ရှိနေပြီးသားဖြစ်ကြောင်းနှင့် အသေးစိတ်နှင့်လက်တွေ့လုပ်ဆောင်ချက်များကို သက်ဆိုင်ဌာန များမှ လုပ်ဆောင်နေကြောင်း  KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခွန်ကောက်တယ်ဆိုတာတော့ ကျနော်တို့ တရားဝင်ကောက်တာ ရှိပါတယ်၊ ဘယ်လောက်ကောက်လဲ ဆိုတာတော့ ကျနော်လည်း မသိဘူး၊ ဒါက လက်တွေ့ပိုင်းမှာ ဘယ်လောက်ကောက်လဲ ဘယ်လိုကောက်လဲ ဆိုတာက သက်ဆိုင်ရာဌာတွေကပဲ ကောက်တာပါ” ဟု ဗိုလ်မှူးနော်ဘူကပြောသည်။ 

ထို့နည်းတူပင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA မှလည်း ပေါ်လစီအတိုင်းသာကောက်ခံမှု ရှိနေကြောင်း SSPP/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

“အခွန်ကောက်တဲ့ အထဲမှာ ကျနော်တို့ SSA က အနည်းဆုံးပမာဏနဲ့ တောင်းပါတယ်၊ ဒါကလည်း ကျနော်တို့ သျှမ်းပြည်သူတွေ သျှမ်းတပ်မတော်ကို ပြန်လည်ထောက်ပံ့မှုလေ၊ ပြီးတော့ဒီနယ် ဒီဒေသထဲမှာ ကျနော်တို့ SSPP/SSA တပ်ဖွဲ့ သာ မရှိရင် တခြားတပ်ဖွဲ့တွေထံ ဒီထက်အဆမတန် ပိုပြီး ပေးရမှာဆိုတာကျနော်ပြောရတယ်၊ ပြီးတော့ ကျနော်တို့ ပြည်သူတွေ ရဟန်းသံဃာတော်တွေ အနေနဲ့လည်း ညီဖို့လိုတယ်၊ ကျနော်တို့ ညီရင် ကျနော်တို့ကြား ဘယ်သူမှ မဝင်နိုင်ပါဘူး” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းတွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းမှလည်း (TNLA) တပ်သားများ မြို့ထဲဝင် လာပြီး မြို့မစျေး နှင့် ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများပွဲရုံများ စီးပွားရေးလုပ်ငန်းရှင်များထံ  TNLA တံဆိပ်ပါသည့် မိုင်းကိုအောင် အခွန်များဦးစီးဌာနကဒ် လိုက်လံဝေမျှမှုလည်း ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...