Tuesday, January 27, 2026

စစ်အာဏာရှင်

အောင်ပန်း လူထုသပိတ် လူငယ်(၉ )ဦးထက်မနည်း ကျဆုံး

သျှမ်းတောင် အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉ )ရက် စစ်အာဏာ ဆန့်ကျင်သည့်လူထု သပိတ်ကို စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ မှ သေနတ်ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းမှုကြောင်း လူငယ် (၉ )ဦး ထက်မနည်း ကျဆုံးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၉ )ရက်...

တောင်ကြီး အရုဏ်ဦးသပိတ်တွင် ဒသမတန်းကျောင်းသား တဦး ဖမ်းခံရ

တောင်ကြီးမြို့တွင် ယနေ့ (မတ် ၁၉ )ရက် မနက် ၅နာရီ ၌ စစ်အာဏာရှင် အလိုမရှိ အာရုံဦးသပိတ် ဆန္ဒထုတ်ဖော်ရာ ဒသမတန်းကျောင်းသားတဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယနေ့ မနက်ပိုင်း တွင် အာရုံဦးသပိတ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်ကို အကြမ်းဖမ်း ဖြိုခွင်းခဲ့ကာ ဒသမတန်းကျောင်းသားတဦးကို...

သျှမ်းပြည်တွင် လူမဲ့သပိတ်၊ ပြောက်ကျားသပိတ်၊ အာရုံဦးသပိတ်ဖြင့် ချီတက် ဆန္ဒပြနေရ

သျှမ်းပြည်အတွင်းရှိ မြို့များတွင် စစ်အာဏာဆန့်ကျင်ဆန္ဒပြမှုကို ပြောက်ကျားစနစ်၊ လူမဲ့သပိတ်၊ အာရုံဦးသပိတ် တို့ဖြင့်သာ အသုံးပြုပြီး ဆက်လက်ချီတက် ဆန္ဒပြနေကြကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ကြီး၊ အောင်ပန်း၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည်မျိုးများတွင် စစ်အာဏာဆန့်ကျင် ဆန္ဒပြသည့် လူထုသပိတ်ကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က အကြမ်းဖက်...

နောင်ချိုတွင် လူမစုနိုင်အောင် တင်းကြပ်ထားသော်လည်း ပြောက်ကျားနည်းဖြင့် ဆန္ဒထုတ်ဖော်နေရ

သျှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့တွင် စစ်အာဏာဆန့်ကျင်လှုပ်ရှားရေး သပိတ် လူမစုနိုင်အောင် ရဲအင်အား အများ စောင့်ဆိုင်းသော်လည်း ပြောက်ကျားနည်းဖြင့် ဆက်လက် ဆန္ဒထုတ်ဖော်နေကြကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ် ၁၁)ရက်မှစတင်ကာ ဆန္ဒထုတ်ဖော်သူများ လူစုဝေးမရအောင် ရဲအင်အားများက နေရာအနှံ့ စောင့်ဆိုင်းနေကာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းရန် ကြိုးစားနေကြသော်လည်း နောင်ချို့ လူထုသပိတ်စစ်ကြောင်းက...

မြန်မာ-တရုတ်နယ်စပ် မူဆယ် ဆန္ဒထုတ်ဖော်သူ (၁၃)ဦး ဖမ်းဆီးခံရ၊ ၁၅နှစ်အရွယ်လူငယ်ပါဝင်

မြန်မာ-တရုတ်နယ်စပ် သျှမ်းမြောက်မူဆယ်မြို့ တွင် ယနေ့ (မတ် ၁၁)ရက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် လူစုဝေးနေစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ က ပြည်သူ (၁၃)ဦးကို ဖမ်းဆီးခေါ်ေဆောင်သွားကြောင်း သတင်းရရှိသည်။ ယနေ့ မနက် (၁၀)နာရီတွင် မူဆယ်မြို့ နာရီစင်ရှေ့တွင် စစ်အာဏာရှင် ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အနေဖြင့်...

ကျောက်မဲမြို့ လူထုသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ယနေ့ (မတ်လ ၁၀) တွင် စစ်အာဏာရှင်ကျဆုံးရေး ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ် စစ်ကြောင်း ကို အရပ်ဝတ် ရဲ၊စစ်တပ်မှ အသံဗုံးဖြင့် ဖြိုခွင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက်ပိုင်းတွင် ကျောက်မဲမြို့ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်း ကို အရပ်ဝတ်စစ်သား၊ရဲများက လာရောက်ဖြိုခွင်းခဲ့ပြီး...

သီပေါမြို့ လူထုသပိတ် သေနတ်ပစ်ဖောက် စတင်ဖြိုခွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ယနေ့ (မတ်လ ၁၀ ရက်) စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို ရဲ၊စစ်တပ်မှ သေနတ်ပစ်ဖောက်ကာ ဖြိုခွင်းမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာခဲ့သည်မှာ တလနီးပါးကြာလာခဲ့ပြီး၊ တကြိမ်တခါမျှ လူထုသပိတ်ဖြိုခွင်းမခံရဘဲ ယနေ့မှ စတင်ဖြိုခွင်းခံရကြောင်း သီပေါမြို့မှဆန္ဒထုတ်ဖော်သူများက ပြောဆိုလိုက်သည်။ “ ဒီနေ့ကတော့ သူတို့လာဖြိုခွင်းမယ်။ လုံးဝ ဆန္ဒသွားပြလို့မရအောင်လုပ်နေတာပါ၊။...

တောင်ကြီးတွင် ဆန္ဒပြ အမျိုးသမီးတဦး ရာဘာကျည်ထိ လူငယ်တချို့ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့(မတ် ၉ )ရက်၌ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို စစ်တပ်နှင့် ရဲများက အကြမ်းဖက်ဖြိုခွင်းရာ အမျိုးသမီးတဦး ရာဘာကျည် ထိမှန်ကြောင်း စုံစမ်းသိရှိရသည်။ ရဲနှင့် စစ်တပ်သည် တောင်ကြီးမြို့ ကူညီကုန်းရပ်ကွက်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူထုသပိတ်ကို မျက်ရည်ယိုဗုံး၊ အသံဗုံး နှင့်...

လွိုင်လင် စစ်အာဏာရှင်ကို ဆန္ဒထုတ်ဖော်သည့် အမျိုးသမီး (၂)ဦး ဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ယနေ့ (၈)ရက် တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အမျိုးသမီး ၂ဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယနေ့ မတ်(၈) ရက်တွင် လွိုင်လင်မြို့ရှိ ဆန္ဒထုတ်ဖာ်သည့် သပိတ်စစ်ကြောင်းကို ရဲ နှင့် စစ်တပ်များက တားဆီးပိတ်ထားပြီး အသက် (၄၀) ဝန်းကျင်ရှိသည့် ဒေါ်ချယ်ရီ...

တောင်ကြီး စစ်အာဏာရှင်ဆန့်ကျင် သပိတ်စစ်ကြောင်းဖြိုခွင်းခံရ လူငယ်တချို့ဒဏ်ရာရ

တောင်ကြီးမြို့ စစ်အာဏာရှင် ဆန်ကျင်ရေး သပိတ်စစ်ကြောင်းများ ကို စစ်တပ်၊ရဲ မှ ဖြိုခွင်းခဲ့ရာ ပြည်သူတချို့ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် ယနေ့(မတ် ၇)ရက်တွင် လူငယ်ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း (၅)ကြောင်းထွက်ခဲ့ပြီး စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များ၊ အသံဗုံးများ ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လူငယ်တချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “...

Latest news