Tuesday, January 27, 2026

သီပေါမြို့ လူထုသပိတ် သေနတ်ပစ်ဖောက် စတင်ဖြိုခွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ယနေ့ (မတ်လ ၁၀ ရက်) စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို ရဲ၊စစ်တပ်မှ သေနတ်ပစ်ဖောက်ကာ ဖြိုခွင်းမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာခဲ့သည်မှာ တလနီးပါးကြာလာခဲ့ပြီး၊ တကြိမ်တခါမျှ လူထုသပိတ်ဖြိုခွင်းမခံရဘဲ ယနေ့မှ စတင်ဖြိုခွင်းခံရကြောင်း သီပေါမြို့မှဆန္ဒထုတ်ဖော်သူများက ပြောဆိုလိုက်သည်။

“ ဒီနေ့ကတော့ သူတို့လာဖြိုခွင်းမယ်။ လုံးဝ ဆန္ဒသွားပြလို့မရအောင်လုပ်နေတာပါ၊။ ရေကား၊ စစ်ကားတွေနဲ့ အကုန်လာခဲ့တယ်။ စစ်ကားတွေလဲ တစ်ခြားဖက်ကနေလာတယ်” ဟု သီပေါမြို့ မှ တိကျသေချာသည့် သတင်းရင်းမြစ်တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယနေ့ မနက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် လူစုနေချိန် ရဲများက ရောက်လာပြီး လူစုခွဲရန်၊ ဆန္ဒမပြရန် လာရောက်ညှိသော်လည်း သီပေါဒေသခံများက ဆက်လက်ပြသနေသဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ဖောက်ကာ လူထုသပိတ်ကို ဖြိုခွင်းခဲ့ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောပြသည်။

“ ဆန္ဒထုတ်ဖော်ဖို့ အချိန် (၁၅)မိနစ်ပေးတယ်။ ၁၅မိနစ်ကျော်ရင် လူစုခွဲဖို့ လာပြောတယ်။ ဒါပေမယ့် ပြည်သူတွေက လူစုမခွဲဘဲ ဆက်ပြတယ်။ အဲ့ဒါနဲ့ ရဲက သေနတ်ဖောက်ပြီး ဖြိုခွင်းလိုက်ပါတယ်။ ဒီလိုဖြိုခွင်းတာကတော့ ပထမဆုံးအကြိမ်ပါပဲ” လို့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် အသက် ၃၅နှစ်အရွယ် အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တလကျော်ကြာ စစ်အာဏာကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာပြီး ယနေ့မှ လူထုသပိတ်ကို ရဲ၊စစ်တပ်မှ စတင်ပြီး သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) တို့ အလွတ်သဘောတွေ့ဆုံမှုပြုလုပ်ခဲ့သည်။


ယခုကဲ့သို့သျှမ်းပြည် သီပေါမြို့ လူထု သပိတ်ကို အကြမ်းဖက်ဖြိုခွင်းမှုသည် ယမန်နေ့ RCSS/SSAနှင့် CRPH တွေ့ဆုံမှုနှင့် သက်ဆိုင်နိုင်ကြောင်း သျှမ်းပြည်လူထုများက ပြောဆိုလိုက်သည်။

“CRPH နဲ့ RCSS တို့‌ဆွေးနွေမှုကြောင့် ဒီနေ့ဆန္ဒပြတာကို ဖြိုခွင်းတယ်လို့ ယူဆလို့လဲရတယ်။ သူတို့က တိုင်းရင်းသားတွေကို အကောင်းမမြင်တာ ကြာလာပြီးလေ” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ပြောပါတယ်။

ခေတ်အဆက်ဆက်ပြုလုပ်သည့် လုပ်နည်းအတိုင်းပဲ စစ်ကောင်စီလည်း ပြန်လည်ကျင့်သုံးနေကြောင်း စစ်အုပ်ချုပ်မှု အောက်တွင် နှစ်ပေါင်းများစွာနေထိုင်လာရသည့် တောင်ပေါ်တိုင်းရင်းသားအနေဖြင့် စစ်အာဏာကျဆုံးသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း သီပေါပြည်သူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...