Thursday, May 2, 2024

လူထုသပိတ်စစ်ကြောင်း

လာရှိုးမြို့ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးတင်းကြပ်မှုကြောင့် လူထုသပိတ်မချီတက်နိုင်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် အကြမ်းဖက်စစ်ကောင်စီ အုပ်စု အရပ်ဝတ်ဝတ်ဆင်ကာ သေနတ်ကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ အကြမ်းဖက်စစ်ကောင်စီ သည် စစ်အာဏာရှင် ဆန့်ကျင်သည့် လူထုသပိတ် လမ်းပေါ်ထွက်မရအောင် လမ်းတိုင်းတွင် အရပ်ဝတ်ဝတ်ဆင်ကာ သေနတ်ကိုင်ဆောင်ပြီး စစ်ဆေးမှု ပြုလုပ်ပြီး ဖမ်းဆီးနေကြောင်း လားရှိုး...

သီပေါမြို့ စစ်ကောင်စီ အများအပြား စောင့်ကြည့်နေသည့်ကြား လူထုသပိတ် ဆက်လက်ချီတက်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ အတွင်း အကြမ်းဖက် စစ်ကောင်စီ အင်အားဖြည့်ကာ စောင့်ကြည့်နေသည့်ကြား လူထုသပိတ်စစ်ကြောင်း ဆက်လက်ချီတက်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ရှိ ပင်မသပိတ်စစ်ကြောင်း မှ အကြမ်းဖက် စစ်ကောင်စီ အိမ်စီးကားများ အရပ်ဝတ်များဖြင့် အကြမ်းဖက် ဖြိုခွင်းမည်ဟု သတင်းထွက်ပေါ်သည့်အတွက် ဆနဒပြသူများ ခေတရပ်နားထားကြောင်း သတင်းရရှိသည်။ “ အကြမ်းဖက်...

အောင်ပန်း လူထုသပိတ် စစ်တပ်မှ ဖြိုခွင်း တဦးသေဆုံး ၊ ၂ဦး ဒဏ်ရာရရှိ

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ တွင် ယနေ့ (မတ် ၁၅)ရက် မနက် ၁၀နာရီတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က ဆန္ဒပြသူများကို ကျည်အစစ်သုံးကာ ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး၊ ၂ဦး ဒဏ်ရာရရှိထားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၅)ရက် မနက် ၁၀နာရီကျော်တွင်...

အောင်ပန်း လူထုသပိတ်စစ်ကြောင်း (၁၁)ဦး ဖမ်းခံရ၊ တဦးရာဘာကျည်ထိ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ တွင် ယနေ့ (မတ် ၁၃)ရက် စစ်အာဏာ အလိုမရှိ ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ဖြိုခွင်းပြီး ဆန္ဒထုတ်ဖော်သူ (၁၁)ဦးကိုဖမ်းဆီးသွားပြီး၊ တဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ အောင်ပန်းမြို့ လူထု သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ဖြိုခွင်းလာခဲ့သည်မှာ ၃ရက်ရှိလာပြီး၊ ယနေ့ (မတ်...

တောင်ကြီး လူငယ်သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့မှအကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှု ပိုဆိုးရွားလာ

သျှမ်းပြည်တောင်ကြီးမြို့တွင် စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များ ကို ရဲတပ်ဖွဲ့မှ ရက်ပိုင်းအတွင်း အင်အားသုံးအကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှုများ ပိုဆိုးရွားလာကြောင်း သတင်းရရှိသည်။ မတ်လ(၉) ရက်နေ့ တွင် တောင်ကြီးမြို့ ၊အနောက်မြို့ပတ်လမ်း၊ ရွှေသူဌေးကုန်းရပ် ရဲဘော်ဈေး အနီး တွင် ငြိမ်းချမ်းစွာ...

သီပေါမြို့ လူထုသပိတ် သေနတ်ပစ်ဖောက် စတင်ဖြိုခွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ယနေ့ (မတ်လ ၁၀ ရက်) စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို ရဲ၊စစ်တပ်မှ သေနတ်ပစ်ဖောက်ကာ ဖြိုခွင်းမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာခဲ့သည်မှာ တလနီးပါးကြာလာခဲ့ပြီး၊ တကြိမ်တခါမျှ လူထုသပိတ်ဖြိုခွင်းမခံရဘဲ ယနေ့မှ စတင်ဖြိုခွင်းခံရကြောင်း သီပေါမြို့မှဆန္ဒထုတ်ဖော်သူများက ပြောဆိုလိုက်သည်။ “ ဒီနေ့ကတော့ သူတို့လာဖြိုခွင်းမယ်။ လုံးဝ ဆန္ဒသွားပြလို့မရအောင်လုပ်နေတာပါ၊။...

မူဆယ် လူထုသပိတ် ဖြိုခွင်းခံရ နှစ်ဦး ကျည်အစစ် ထိမှန်၊ နှစ်ဦး ရာဘာကျည်ထိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လူထုသပိတ်စစ်ကြောင်း ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့သည် ကျည်အစစ် အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် အမျိုးသား နှစ်ဦး ကျည်ထိမှန်ခံရပြီး၊ နှစ်ဦးမှာ ရာဘာကျည်ထိမှန်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းတွင် ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်...

Latest news