Tuesday, January 27, 2026

အောင်ပန်း လူထုသပိတ်စစ်ကြောင်း (၁၁)ဦး ဖမ်းခံရ၊ တဦးရာဘာကျည်ထိ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ တွင် ယနေ့ (မတ် ၁၃)ရက် စစ်အာဏာ အလိုမရှိ ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ဖြိုခွင်းပြီး ဆန္ဒထုတ်ဖော်သူ (၁၁)ဦးကိုဖမ်းဆီးသွားပြီး၊ တဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်ပန်းမြို့ လူထု သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ဖြိုခွင်းလာခဲ့သည်မှာ ၃ရက်ရှိလာပြီး၊ ယနေ့ (မတ် ၃)ရက်မှာ ဆန္ဒထုတ်ဖော်သူ (၁၁)ဦးကိုဖမ်းဆီးသွားကြောင်း ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ သပိတ်ကိုလိုက်ဖြိုနေတာ ၃ရက်တော့ရှိပြီ၊ဒီနေ့တော့ ၁၁ဦး ဖမ်းခံရတယ်။ အမျိုးသမီး ၂ဦး၊ အမျိုးသား ၉ ဦးပါ။ အမျိုးသားတဦးကတော့ ရာဘာကျည်ထိတယ်။ တောင်လေးလုံး တန်းပို့လိုက်ပြီ” ဟု ၎င်းလူငယ်က ပြောပြသည်။

အောင်ပန်းမြို့ လူထုသပိတ်စစ်ကြောင်းသည် တနေ့ထက် တနေ့ လူအင်အားများလာပြီး၊စစ်အာဏာရှင်ကို ကျဆုံးသည့်တိုင်း ဆက်လက်ပြီး ဆန့်ကျင်ဆန္ဒထုတ်ဖော်သွားမည် ဟုလည်း အောင်ပန်း ပြည်သူများက ပြောသည်။

“ ကျနော်တို့ကတော့ စိတ်ဓာတ်မကျဘူး။ ကျနော်တို့ လူကိုဖမ်းရင်နောက်နေ့ ပိုပြီးထွက်မယ်။ ကျနော်တို့က ကြောက်နေရင် သူတို့က ပိုပြီးဖိမယ်” ဟု အမည်မဖော်လိုသည့် လူငယ်က ပြောသည်။

လက်ရှိမှာတော့ ရဲ၊စစ်တပ်များသည် အောင်ပန်းမြို့ကို ပတ်နေကြောင်း၊ လုံခြုံရေးအရ အခြေအနေမကောင်းသည့် အတွက် မိမိလုံခြုံရေး၊ မိမိရပ်ကွက်လုံခြုံရေးကို ကိုယ့်ဘာသာကိုယ်ဖြေရှင်းနေရကြောင်းလည်း အောင်ပန်းပြည်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

0
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးရေးကို စိတ်မဝင်စားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လာမည့် နှစ်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ် ရွေးကောက်ပွဲ အပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ အောင်ပန်းမြို့ခံများအား ယခုရက်ပိုင်း...

အောင်ပန်း ကလေးတစ်ဦး ချောင်းထဲဆင်း ရေကူး၊ ရေနစ်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင်နေထိုင်သည် အသက် ၁၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဉီးသည် အိုင်းယားချောင်းထဲ ရေဆင်းကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( စက်တင်ဘာလ ၁၄) ရက်တွင် သေဆုံးသူ မောင်သော်သော်လင်းနှင့် သူ့၏သူငယ်ချင်းနှစ်ဉီးသည် အောင်ပန်းမြို့ရှိ အိုင်းယားချောင်းသို့ ရေဆင်းကူးနေကြစဉ် ရုတ်တရက် ရေစီးသန်လာသဖြင့် မောင်သော်သော်လင်းသည်...

နွားပွဲစားနှစ်ဦး စကားများရန်ဖြစ်ပြီး ကားဖြင့်တိုက်သတ်

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် အမျိုးသားနှစ်ဦး နွားပွဲစားအချင်းချင်း ရန်ဖြစ် စကားများရာမှ ကားဖြင့် တိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် ‌အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး နွားပွဲစား အချင်းချင်း ရန်ဖြစ် စကားများခဲ့ကြရာ...

အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များ ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေး

0
‌သျှမ်းပြည် ကလောမြို့နယ် အောင်ပန်းမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင်အချို့သည် ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆေးရေး” တိုက်ပွဲများနှင့် ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ဒေသခံများ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ကလောမြို့နယ်...

ရေကြီးခဲ့သည့်ဒေသများ မိုးထပ်ရွာပြီးနောက် ရေပြန်တက်လာ

0
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီး၊ မြေပြိုမှု ဖြစ်ပွားခဲ့သော သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ယခုအောက်တိုဘာလဆန်းမှ စတင်ကာ မိုးရွာသွန်းပြီးနောက် ရေပြန်တက်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)တွင် မိုးရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်ကြောင်း ဒေသခံများထံမှသိရသည်။ “မနေ့ညလည်း မယ်ဆိုင်ချောင်းရေ ပြန်တက်လာလို့ အချို့ရပ်ကွက်မှာလည်း...