Tuesday, January 27, 2026

မူဆယ် လူထုသပိတ် ဖြိုခွင်းခံရ နှစ်ဦး ကျည်အစစ် ထိမှန်၊ နှစ်ဦး ရာဘာကျည်ထိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လူထုသပိတ်စစ်ကြောင်း ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့သည် ကျည်အစစ် အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် အမျိုးသား နှစ်ဦး ကျည်ထိမှန်ခံရပြီး၊ နှစ်ဦးမှာ ရာဘာကျည်ထိမှန်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းတွင် ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့မှ ဖြိုခွင်းခဲ့ရာ ၂ဦး ကျည်အစစ်ထိမှန်ပြီး၊ ၂ဦးရာဘာကျည်ထိမှန်ခဲ့ကြောင်း မူဆယ် သပိတ်စစ်ကြောင်းတွင် ပါဝင်သူများထံသိရသည်။

“ ကျည်အစစ်ထိမှန်သူတဦးက စိုးရိမ်ရတယ်။ တဦးကတော့ မစိုးရိမ်ရဘူး။ သူတို့ ၂ဦးကိုတော့ လားရှိုးဆေးရုံပို့နေပါတယ်။ ကျန်ရာဘာကျည်ထိမှန်တာကတော့ မူဆယ်မှာပါပဲ” ဟု ကျည်ထိမှန်သူများကို ကူညီပေးနေသည့် သူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့ မှာ အင်အားသုံးဖြိုခွင်းပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုများပြုလုပ်ကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

“ သေနတ်သံကတော့ ဘယ်နှချက် ပစ်လည်းမသိဘူး။ ရမ်းပြီးပစ်နေတာပဲ။ တော်တော်ဆိုးတယ်။ ပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြနေတာကို တမြင်လုပ်နေကြတာပါ” လို့ မူဆယ်ဒေသခံ စိုင်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ ဖြစ်ပြီး အဓိက ကျသည့် ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်သည့်အတွက် မူဆယ်ဒေသခံ ပြည်သူများအနေဖြင့် စစ်အာဏာရှင်ကို ဆက်လက်ပြီး တော်လှန်ရန်လိုအပ်ကြောင်းလည်း စိုင်းအောင် က ပြောသည်။

ယမန်နေ့ (မတ် ၇)ရက်တွင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ မှ မူဆယ်မြို့ ပြည်သူ့ဆေးရုံအတွင်း တပ်လာရောက်စွဲကြောင်း သိရသည်။
ထို့အပြင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်တဦး ကို ရဲတပ်ဖွဲ့ မှ (၅)ရက်ကြာ ဖမ်းဆီးခဲ့ပြီး နေအိမ်သို့ရုပ်အလောင်း ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ရှိ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သူ တစ်ဦးကို ရဲမှ (၅) ရက်ကြာ ဖမ်းဆီးသွားပြီး မတ်လ (၅) ရက်နေ့တွင် ထိုသူ၏ ရုပ်အလောင်းကို နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြောင်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။