အောင်ပန်း လူထုသပိတ် စစ်တပ်မှ ဖြိုခွင်း တဦးသေဆုံး ၊ ၂ဦး ဒဏ်ရာရရှိ

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ တွင် ယနေ့ (မတ် ၁၅)ရက် မနက် ၁၀နာရီတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က ဆန္ဒပြသူများကို ကျည်အစစ်သုံးကာ ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး၊ ၂ဦး ဒဏ်ရာရရှိထားကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၁၅)ရက် မနက် ၁၀နာရီကျော်တွင် စစ်တပ်မှ အောင်မင်္ဂလာရပ် တွင် တားဆဆီးထားသည့် အကာအရံများကို ဖျက်ဆီးပြီး၊ ဆန္ဒပြသူများကို မျက်ရည်ယိုဗုံး၊ ကျည်အစစ်အသုံးပြုပြီး ပစ်ခတ်မှုပြုလုပ်ခဲ့ကာ အမျိုးသား ၁ဦး သေဆုံးကာ၊ ၂ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသေဆုံးသွားသူ၏ ရုပ်အလောင်းကို လက်ရှိအချိန်ထိ မည်သူမည်ဝါမသိရှိရသေးကြောင်း၊ ရုပ်အလောင်းကိုလည်း စစ်ကားပေါ်သို့တင်ဆောင်သွားကြောင်း မျက်မြင် တွေ့ရှိသည့်အမျိုးသား တဦးက ပြောသည်။

“ လောဆယ်တော့ သေတဲ့သူက ဘယ်သူဆိုတာ ကျနော်တို့စုံစမ်းနေတယ်။ ရွာတွေဘက်ကိုလည်း သတင်းတွေပို့ထားတယ်။ စစ်ကားပေါ်တင်လိုက်တယ်ဆိုပြီးတော့ မျက်မြင်ကပြောတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ပြီး သတင်းလိုက်နေဆဲပါ” ဟု အောင်ပန်း လူငယ်တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျည်ထိမှန်သူ ၂ဦးသည် လူငယ်ပိုင်း အမျိုးသားများဖြစ်ပြီး၊ တဦးမှာ ခါးထိမှန်ခဲ့ပြီး၊ တဦးမှာ ခြေတလုံး ထိမှန်ခဲ့ကြောင်း လက်ရှိမှာ ကလော ဆေးခန်းသို့ ပို့ဆောင် ဆေးကုသခံယူနေကြောင်း သိရသည်။
ယနေ့ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့သည် အောင်ပန်းမြို့အတွင်း ကျည်အစစ်သေနတ်ဖြင့် ရမ်းပစ်မှုကြောင်း အရပ်သားနေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်းသိရသည်။

ထို့ပြင် ယနေ့ မနက်ပိုင်းမှ စတင်ကာ မိုဘိုင်းဒေတာ အင်တာနက်ကို သျှမ်ပြည်အပါအဝင် မြန်မာပြည်တဝှမ်း ပြတ်တောက်လိုက်သည်။

ယခုရက်ပိုင်း သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ လူထုသပိတ်ကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက် သေနတ်ပစ်ခတ်ပြီး၊ မတ် (၁၃)ရက်တွင် ဆန္ဒပြသူ (၁၁)ဦးဖမ်းဆီးခံခဲ့ရသည်။

ထိုဖမ်းဆီးခံရသူများကို သျှမ်းတောင် တောင်ကြီးခရိုင်အတွင်းရှိ တောင်လေးလုံးထောင်ကို ချက်ချင်းပို့ဆောင်ခဲ့ပြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...