လာရှိုးမြို့ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးတင်းကြပ်မှုကြောင့် လူထုသပိတ်မချီတက်နိုင်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် အကြမ်းဖက်စစ်ကောင်စီ အုပ်စု အရပ်ဝတ်ဝတ်ဆင်ကာ သေနတ်ကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

အကြမ်းဖက်စစ်ကောင်စီ သည် စစ်အာဏာရှင် ဆန့်ကျင်သည့် လူထုသပိတ် လမ်းပေါ်ထွက်မရအောင် လမ်းတိုင်းတွင် အရပ်ဝတ်ဝတ်ဆင်ကာ သေနတ်ကိုင်ဆောင်ပြီး စစ်ဆေးမှု ပြုလုပ်ပြီး ဖမ်းဆီးနေကြောင်း လားရှိုး ဒေသခံ လူငယ်တဦး ကပြောသည်။

“ လာရှိုးမှာနေ့တိုင်းရဲတွေစောင့်နေတယ်။ ဆန္ဒပြဖို့က ခက်ခဲတယ်။ ရဲတွေကလည်း သာမန်အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီးတော့ မြို့ထဲပတ်သွားနေတာ။ လမ်းတွေမှာလည်း စောင့်ကြည့်နေတယ်။” ဟု လားရှိုးလူငယ်တဦး က ဆိုသည်။

လာရှိုးမြို့ ယုံဟော်မန္တလေးလမ်း၊ တက္ကသိုလ်ရှေ့၊ နမ္မတူဘက်သွားသည့် မီးပွိုင့် စသည့်နေရာတို့တွင် အကြမ်းဖက် စစ်ကောင်စီအုပ်စု က တပ်ကြပ်စွာ စောင့်ကြည့်နေပြီး လမ်းသွား၊လမ်းလာ ပြည်သူများ၏ ဖုန်းများကိုလည်း စစ်ဆေး လျက်ရှိ ကြောင်း သိရသည်။

“ အပြင်သွားရင်လည်း အရမ်းသတိထားရတယ်။ ဖုန်းတွေစစ်တယ်။ မပါဘူးပြောရင်လဲ ပိုက်ဆံတောင်တယ်။ ပြီးတော့ ည ၇ ခွဲဆိုရင် ကျနော်တို့ လာရှိုးမှာက တိတ်ဆိတ်နေတာဘဲ။ အရင်လိုမဟုတ်တော့ဘူး” ဟု အထက်ပါ လူငယ်က ပြောပြသည်။

လာရှိုးမြို့တွင် လမ်းပေါ်ထွက်ဆန္ဒပြ သပိတ်စစ်ကြောင်းကို သပိတ်ခေါင်းဆောင် ပစ်သတ်ခံရပြီးနောက်ပိုင်း နားခဲ့ရကြောင်း၊ သို့သော် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြခဲ့ကြောင်း ဒေသခံများကပြောသည်။

သျှမ်းပြည်နယ်တစ်ဝှမ်းရှိ မြို့များကို အကြမ်းဖက်စစ်ကောင်စီများက ပစ်ခတ်သတ်ဖျတ်မှုကြောင့် ပြည်သူများအနေဖြင့် လမ်းပေါ်ထွက်ဆန္ဒပြရန် မလွယ်ကူတော့ပေ။

ဖေဖော်ဝါရီ (၁) ရက်နေ့က စတင်ပြီး စစ်တပ်မှ နိုင်ငံတော် အာဏာကို လုယူပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းက ကျောင်းသားလူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အသီးသီးမှ ဖေဖော်ဝါရီ (၆) ရက်မှ စတင်ပြီး အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီလက်ချက်ကြောင့် ဆန္ဒပြသူ (၇၃၉ )ဦး သေဆုံးခဲ့ကြောင်း AAPPထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...