Friday, April 19, 2024

လာရှိုးမြို့ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးတင်းကြပ်မှုကြောင့် လူထုသပိတ်မချီတက်နိုင်

Must read

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် အကြမ်းဖက်စစ်ကောင်စီ အုပ်စု အရပ်ဝတ်ဝတ်ဆင်ကာ သေနတ်ကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

အကြမ်းဖက်စစ်ကောင်စီ သည် စစ်အာဏာရှင် ဆန့်ကျင်သည့် လူထုသပိတ် လမ်းပေါ်ထွက်မရအောင် လမ်းတိုင်းတွင် အရပ်ဝတ်ဝတ်ဆင်ကာ သေနတ်ကိုင်ဆောင်ပြီး စစ်ဆေးမှု ပြုလုပ်ပြီး ဖမ်းဆီးနေကြောင်း လားရှိုး ဒေသခံ လူငယ်တဦး ကပြောသည်။

“ လာရှိုးမှာနေ့တိုင်းရဲတွေစောင့်နေတယ်။ ဆန္ဒပြဖို့က ခက်ခဲတယ်။ ရဲတွေကလည်း သာမန်အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီးတော့ မြို့ထဲပတ်သွားနေတာ။ လမ်းတွေမှာလည်း စောင့်ကြည့်နေတယ်။” ဟု လားရှိုးလူငယ်တဦး က ဆိုသည်။

လာရှိုးမြို့ ယုံဟော်မန္တလေးလမ်း၊ တက္ကသိုလ်ရှေ့၊ နမ္မတူဘက်သွားသည့် မီးပွိုင့် စသည့်နေရာတို့တွင် အကြမ်းဖက် စစ်ကောင်စီအုပ်စု က တပ်ကြပ်စွာ စောင့်ကြည့်နေပြီး လမ်းသွား၊လမ်းလာ ပြည်သူများ၏ ဖုန်းများကိုလည်း စစ်ဆေး လျက်ရှိ ကြောင်း သိရသည်။

“ အပြင်သွားရင်လည်း အရမ်းသတိထားရတယ်။ ဖုန်းတွေစစ်တယ်။ မပါဘူးပြောရင်လဲ ပိုက်ဆံတောင်တယ်။ ပြီးတော့ ည ၇ ခွဲဆိုရင် ကျနော်တို့ လာရှိုးမှာက တိတ်ဆိတ်နေတာဘဲ။ အရင်လိုမဟုတ်တော့ဘူး” ဟု အထက်ပါ လူငယ်က ပြောပြသည်။

လာရှိုးမြို့တွင် လမ်းပေါ်ထွက်ဆန္ဒပြ သပိတ်စစ်ကြောင်းကို သပိတ်ခေါင်းဆောင် ပစ်သတ်ခံရပြီးနောက်ပိုင်း နားခဲ့ရကြောင်း၊ သို့သော် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြခဲ့ကြောင်း ဒေသခံများကပြောသည်။

သျှမ်းပြည်နယ်တစ်ဝှမ်းရှိ မြို့များကို အကြမ်းဖက်စစ်ကောင်စီများက ပစ်ခတ်သတ်ဖျတ်မှုကြောင့် ပြည်သူများအနေဖြင့် လမ်းပေါ်ထွက်ဆန္ဒပြရန် မလွယ်ကူတော့ပေ။

ဖေဖော်ဝါရီ (၁) ရက်နေ့က စတင်ပြီး စစ်တပ်မှ နိုင်ငံတော် အာဏာကို လုယူပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းက ကျောင်းသားလူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အသီးသီးမှ ဖေဖော်ဝါရီ (၆) ရက်မှ စတင်ပြီး အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီလက်ချက်ကြောင့် ဆန္ဒပြသူ (၇၃၉ )ဦး သေဆုံးခဲ့ကြောင်း AAPPထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article