Tuesday, January 27, 2026

ကျောက်မဲမြို့ လူထုသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ယနေ့ (မတ်လ ၁၀) တွင် စစ်အာဏာရှင်ကျဆုံးရေး ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ် စစ်ကြောင်း ကို အရပ်ဝတ် ရဲ၊စစ်တပ်မှ အသံဗုံးဖြင့် ဖြိုခွင်းခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက်ပိုင်းတွင် ကျောက်မဲမြို့ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်း ကို အရပ်ဝတ်စစ်သား၊ရဲများက လာရောက်ဖြိုခွင်းခဲ့ပြီး လူငယ် ၂ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ညနေပိုင်းတွင် ရပ်ကွက်လူကြီးများက လက်မှတ်သွားရောက်ထိုးခဲ့သဖြင့် ပြန်လွှတ်လာကြောင်း ကျောက်မဲမြို့ ဒေသခံများ ပြောပြချက် အရသိရသည်။


“ မနက်က ကျနော်တို့ လူစုလို့မရအောင် သူတို့အသံဗုံးနဲ့ပစ် ဖြိုခွင်းတယ်။ အရပ်ဝတ်တွေဝတ်ထားတဲ့သူတွေပဲ။ကျမရှေ့မှာ လူငယ် ၂ဦးကို ရိုက်ပြီး ဖမ်းသွားတယ်။ ညနေကျတော့ ပြန်လွှတ်လာပေးတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် အသက် ၃၀အရွယ် အမျိုးသမီး တဦး ကသျှမ်းသံတော်ဆင့် ကို ပြောသည်။


ကျောက်မဲမြို့နယ်တွင်း တလနီးပါး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုပြုလုပ်လာခဲ့ရာ တကြိမ်တခါမှ အသံဗုံး၊ လက်နက်ပစ်ဖောက်ပြီး လူထုဖြိုခွင်းမှုမရှိခဲ့ကြောင်း၊ ယနေ့သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း လည်း ၎င်း အမျိုးသမီးက ပြောပြသည်။


“ ကျမတို့ ဆန္ဒထုတ်ဖော်လာတာ တလလောက်ရှိပြီ၊ နေ့တိုင်းငြိမ်းချမ်းစွာ ဆန္ဒထုတ်တယ်။ အေးအေးချမ်းချမ်းပြီး သွားတယ်။ ဒီနေ့မှ စပြီးတော့ အသံဗုံးနဲ့ စဖြိုခွင်းတာပါပဲ” ဟု ကျောက်မဲဒေသခံ အမျိုးသမီး က ဆိုသည်။

ကျောက်မဲဒေသခံများ ဆန္ဒမထုတ်ဖော်ရန် ရဲ၊စစ်သားများက ယနေ့ မနက်ပိုင်းတွင်အသိပေးခဲ့သော်လည်း ပြည်သူလူထုများက ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ရဲ၊စစ်သားများက အသံဗုံးအသုံးပြုဖြိုခွင်းခဲ့ကြောင်းသိရသည်။

ကျောက်မဲပြည်သူများအနေဖြင့် စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆက်လက်ပြီး ဆန့်ကျင်ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...