အောင်ပန်း လူထုသပိတ် လူငယ်(၉ )ဦးထက်မနည်း ကျဆုံး

သျှမ်းတောင် အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉ )ရက် စစ်အာဏာ ဆန့်ကျင်သည့်လူထု သပိတ်ကို စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ မှ သေနတ်ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းမှုကြောင်း လူငယ် (၉ )ဦး ထက်မနည်း ကျဆုံးသွားကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၁၉ )ရက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အောင်ပန်း လူထုသပိတ် မစခင် လူစုနေချိန် စစ်ကောင်စီ က ကျည်အစစ် သေနတ်ကို အသုံပြုပြီး အကြမ်းဖက် ဖြိုခွင်းသဖြင့် လူငယ်(၉ )ဦး ကျဆုံးကာ၊ လက်ရှိမှာ အရေးပေါ်လူနာ (၃)ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၂၀)ဦး အထက်ရှိကြောင်း အောင်ပန်း ဆန္ဒပြရာတွင် ပါဝင်သည့် အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ လက်ရှိ ကျနော်သိရသလောက် ကျဆုံးတာ (၉ )ဦးရှိပြီ။ အသက်အကြီးဆုံးက ၃၁နှစ်အရွယ်ပါပဲ။ လူငယ်တွေပါ။ ကျနော် သူငယ်ချင်း (၄)ဦးပါတယ်။ ဒဏ်ရာပြင်းပြီး အသည်းအသန်ဖြစ်နေတာ (၃)ဦးရှိတယ်။ ထိခိုက်ဒဏ်ရာရတာ (၂၄)ဦးရှိပါတယ်” ဟု ၎င်း အမျိုးသား က ဆိုသည်။

လက်ရှိ အချိန်အခြအနေ ကောက်ထားသည့် စာရင်းအရ ယနေ့ ဖမ်းဆီးခံရသူ ၄ဦးသာကောက်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ယနေ့ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့သည် အောင်ပန်းမြို့ လူထု သပိတ်ကို ကျည်အစစ်၊ အသံမိုင်း၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ကျနော်တို့အောင်ပန်း စစ်ကြောင်းကို တခြားကလော၊ ဟဲဟိုး စစ်ကြောင်းလို့ချုပ်ကိုင်နိုင်အောင်ဖိနေတာပါ။ ဒီနေ့သူတို့ လုပ်ရက်က လူသားမဆန်ဘူး။ ကျနော်အနေနဲ့ ပြောစရာမရှိအောင်ပါပဲ။ ကျနော်တို့ကတော့ ဆက်ပြီး ဆန္ဒပြသွားမယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းတဲ့အထိ ဆက်လုပ်သွားမယ်” ဟု အောင်ပန်း ဆန္ဒပြရာတွင် ပါဝင်သူတဦးက ဆိုသည်။

အောင်ပန်းမြို့ အနေဖြင့် စစ်အာဏာရှင် ကို နည်းမျိုးစုံဖြင့် ဆက်လက်ပြီးဆန္ဒပြသွားမည်ဟုလည်း အောင်ပန်းပြည်သူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...