Tuesday, January 27, 2026

သျှမ်းပြည်တွင် လူမဲ့သပိတ်၊ ပြောက်ကျားသပိတ်၊ အာရုံဦးသပိတ်ဖြင့် ချီတက် ဆန္ဒပြနေရ

သျှမ်းပြည်အတွင်းရှိ မြို့များတွင် စစ်အာဏာဆန့်ကျင်ဆန္ဒပြမှုကို ပြောက်ကျားစနစ်၊ လူမဲ့သပိတ်၊ အာရုံဦးသပိတ် တို့ဖြင့်သာ အသုံးပြုပြီး ဆက်လက်ချီတက် ဆန္ဒပြနေကြကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် တောင်ကြီး၊ အောင်ပန်း၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည်မျိုးများတွင် စစ်အာဏာဆန့်ကျင် ဆန္ဒပြသည့် လူထုသပိတ်ကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က အကြမ်းဖက် သေနတ်ပစ် ကာ နေ့စဉ် ဖြိုခွင်းနေသဖြင့် ပြောက်ကျားစနစ်၊လူမဲ့သပိတ်နှင့် အာရုံဦးသပိတ် ဖြင့် ဆန္ဒထုတ်ဖော်နေရကြောင်း ထိုဒေသခံများ ပြောပြချက် အရသိရသည်။

“ ကျနော်တို့ လုံးဝ ဆန္ဒပြလို့မရအောင် နေရာတိုင်း စောင့်တယ်။ မြို့က သေးတော့ လှုပ်ရှားရခက်တယ်။ ကျနော်တို့က လမ်းပေါ်မထွက်ရလဲ ရတဲ့နည်းတော့ ဆန္ဒပြနေကြတာပဲ။ နည်းမျိုးစုံထုတ်ပြီး ပြသွားမှာပဲ” ဟု သီပေါမြို့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် လူငယ်တဦးကပြောသည်။

လက်ရှိမှာ သီပေါမြို့တွင် မနက်အစောကြီး ထကာ အာရုံဦး သပိတ်ကိုသာပြုလုပ်နေကြကြောင်း၊ ထိုနည်းပြုလုပ်ခဲ့သည့်မှာ ၃ရက်သာရှိပြီဖြစ်ကြောင်း၊ မကြာခင် ရဲ၊စစ်တပ်က သိလာနိုင်သဖြင့် နောက်နည်းဆက်ပြီး သုံးပြီးဆန္ဒပြသွားမည် ဟုလည်း ၎င်း လူငယ်က ပြောသည်။

ထိုနည်းတူ တချို့ မြို့များတွင်လည်း စစ်ကောင်စီ လက်နက်ကိုင်များအကြမ်းဖက်ဖြိုခွင်း သေနတ်ပစ်နေသဖြင့် လူမဲ့ သပိတ်ကို လည်း ပြုလုပ်လာကြသည်ကို တွေ့မြင်ရသည်။

“ ကျနော်တို့ မှာက လူမဲ့သပိတ်တွေပြုလုပ်ကြတယ်။ တချို့လည်း ပြောက်ကျား သပိတ်တော့လုပ်တယ်။ လူမဲ့သပိတ်ကို လုပ်လာတာကတော့ ၅ရက်လောက်ရှိပြီ၊ လူမဲ့သပိတ်မျိုးစုံ ဆက်လုပ်သွားမယ်” ဟုလည်း ညောင်ရွှေမြို့ခံ တဦး က သျှမ်းသံတော်ဆင့်ကိုေ ပြာသည်။

ညောင်ရွှေမြို့တွင် လူမဲ့သပိတ်၊ အမှိုက်ကောက်သပိတ်၊ လယ်တော စာခြောက်ရုပ်သပိတ်၊ ဈေးဝယ်သပိတ် ၊ ဆိုင်ကယ်သပိတ် စသည်မျိုးစုံ ပြုလုပ်နေသည့် မြို့လေး တမြို့ဖြစ်သည်။

သျှမ်းပြည်မြို့ များတွင် စစ်ကောင်စီ လက်နက်ကိုင် တပ် နည်းမျိုးစုံ ဖြိုခွင်းသည့်ကြားက စစ်အာဏာဆန့်ကျင်ဆန္ဒပြ လူထုသပိတ်လည်း နည်းမျိုးစုံ ပုံစံမျိုးစုံ ဆက်လက်ဆန္ဒထုတ်ဖော်နေဆဲ။

မြန်မာတဝှမ်း စစ်အာဏာရှင် အလိုမရှိ ဆန္ဒပြရာတွင် စစ်ကောင်စီ လက်နက်ကိုင်က ဆန္ဒပြသည့် ပြည်သူလူထုကို အကြမ်းဖက် သေနတ်ပစ်ခတ်ခဲ့ပြီး၊ ကျဆုံးသူ (၂၁၇)ဦးထိရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...

တောင်ကြီးမြို့လယ် စစ်အာဏာရှင် “အလိုမရှိ” သီချင်းကြောင့် စစ်ကောင်စီများ လိုက်လံစစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့လယ်ခေါင်တွင် ချိတ်ဆွဲထားသည့် လော်စပီကာ တစ်လုံးမှ စစ်အာဏာရှင် “အလိုမရှိ” သီချင်းသံကြောင့် စစ်ကောင်စီများက လာရောက်ဖွင့်သည့်သူကို လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီ ၁၉)ရက် နေ့လယ်ပိုင်း ၁ နာရီခွဲဝန်းကျင်တွင် တောင်ကြီး မြို့လယ်ခေါင် မြို့မစျေးနှင့် Asia Light သို့...

ပညာရေးအလင်းတန်းပျောက်နေဆဲ လက်ရှိသျှမ်းပြည်

0
ကိုဗစ်ရောဂါ နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်နီးပါးကြာအောင်ပိတ်ထားတဲ့ အစိုးရစာသင်ကျောင်း ဟာ နို၀င်ဘာလ ၁ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ် မှာ ၂၆ မြို့နယ်က ကျောင်းဖွင့်ခွင့်မရသေးပါဘူး။ ဒီအခြေအနေအပေါ် ကျောင်းသားမိဘတွေ၊ ကျောင်းသူ ကျောင်းသားတွေ ဆရာ ဆရာမ...