နောင်ချိုတွင် လူမစုနိုင်အောင် တင်းကြပ်ထားသော်လည်း ပြောက်ကျားနည်းဖြင့် ဆန္ဒထုတ်ဖော်နေရ

သျှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့တွင် စစ်အာဏာဆန့်ကျင်လှုပ်ရှားရေး သပိတ် လူမစုနိုင်အောင် ရဲအင်အား အများ စောင့်ဆိုင်းသော်လည်း ပြောက်ကျားနည်းဖြင့် ဆက်လက် ဆန္ဒထုတ်ဖော်နေကြကြောင်း သတင်းရရှိသည်။

ယမန်နေ့ (မတ် ၁၁)ရက်မှစတင်ကာ ဆန္ဒထုတ်ဖော်သူများ လူစုဝေးမရအောင် ရဲအင်အားများက နေရာအနှံ့ စောင့်ဆိုင်းနေကာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းရန် ကြိုးစားနေကြသော်လည်း နောင်ချို့ လူထုသပိတ်စစ်ကြောင်းက ပြောက်ကျားနည်းဖြင့်သာ ဆက်လက် ဆန္ဒထုတ်ဖော်နေရကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သည် အသက် ၃၀ကျော် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သပိတ်အတွက် လူမစုနိုင်အောင် အမျိုးမျိုး ဖိနှိပ်တင်းကြပ်နေတယ်။ ပြောက်ကျားနဲ့ဆိုင်ကယ်သပိတ်တွေအောင်မြင်စွာလုပ်ကြတယ်။ ကျမတို့က ရှောင်၊သူတို့ကလိုက် တူတူပုန်း သပိတ်လိုနဲ့ ၂ရက်တာပြီးသွားတယ်” ဟု ၎င်း အမျိုးသမီး က ဆိုသည်။

လက်ရှိအချိန်ထိ နောင်ချိုလူထုသပိတ်စစ်ကြောင်း ဖြိုခွင်းမခံရသေးကြောင်း၊ စစ်အာဏာရှင် ကျဆုံးရေးအတွက် နည်းမျိုးစုံဖြင့် ဆက်လက် သပိတ်မှောက်သွားမည် ဟုလည်း နောင်ချိုဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

နောင်ချိုဒေသခံ အမျိုးသမီး ၃ ဦး မိုင်းနင်းမိ ဒဏ်ရာရ၊ ကြံခုတ်ရာသီ မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်

0
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ကြံသွားခုတ်သည့် အမျိုးသမီး ၃ ဦးသည် မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ကုန်းစံကျေးရွာဘက်ရှိ ကြံခင်းတစ်ခုတွင် ကြိုးဖြင့်ထောင်ထားသည့် မြေမြှုပ်မိုင်းကို ထိခိုက်မိခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ကာ နေ့စားလိုက်...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...