တောင်ကြီးတွင် ဆန္ဒပြ အမျိုးသမီးတဦး ရာဘာကျည်ထိ လူငယ်တချို့ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့(မတ် ၉ )ရက်၌ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို စစ်တပ်နှင့် ရဲများက အကြမ်းဖက်ဖြိုခွင်းရာ အမျိုးသမီးတဦး ရာဘာကျည် ထိမှန်ကြောင်း စုံစမ်းသိရှိရသည်။

ရဲနှင့် စစ်တပ်သည် တောင်ကြီးမြို့ ကူညီကုန်းရပ်ကွက်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူထုသပိတ်ကို မျက်ရည်ယိုဗုံး၊ အသံဗုံး နှင့် ရာဘာကျည်တို့ဖြင့် ဖြိုခွင်းခဲ့ရာ အမျိုးသမီး တဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“ နေ့လည်ပိုင်းက ကျနော်တို့ နေရာကို မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်တယ်။ မိန်းကလေး တယောက်တော့ ရာဘာကျည်ထိသွားတယ်။ စိုးရိမ်စရာတော့မရှိဘူး မျက်ရည်ယိုဗုံးဒဏ်ကြောင့် မူးလဲသွားတာရှိတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် လူငယ်အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်အာဏာရှင်ကျဆုံးရေးအတွက် တောင်ကြီးလူငယ်များသည် နေ့စဉ် ဆန္ဒထုတ်ဖော်မှုပြုလုပ်နေပြီး ရဲ၊စစ်တပ်မှလည်း သပိတ်ဖြိုခွင်းခြင်းကို နေ့စဉ်ဆက်တိုက်ပြုလုပ်ကာ ဆန္ဒုထုတ်ဖော်သူများကိုလည်း လိုက်လံ ဖမ်းဆီးနေကြောင်း ၎င်း အမျိုးသား က ပြောသည်။

ယနေ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသည့် လူငယ် (၁၀)ဦးကျော် ဖမ်းဆီးခံရကြောင်း၊ ထိုထဲတွင် အမျိုးသမီး ဦးရေ များကြောင်းလည်း သိရသည်။

“ ကျနော်သိရသလောက် ဒီနေ့ ဆန္ဒထုတ်ဖော်သူ ၁၀ဦး ဖမ်းခံရတယ်။ အမျိုးသမီးတွေများတယ်။ ထောင်ကို တန်းပို့မယ်ထင်တယ်” ဟု မျက်မြင် အမျိုးသား က ဆိုသည်။

ထို့အပြင် ရဲ၊စစ်တပ်များသည် တောင်ကြီးမြို့ပေါ် အတွင်း သွားလာနေကြသည့် ပြည်သူများကို တားဆီးကာ ဖုန်းများ၊ ဖေ့ဘွတ်အကောင့်များကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

“ အဓိကတော့ ဖုန်းဖွင့်ခိုင်းတယ်။ နောက်ဖေ့ဘွတ်တွေ ဘာတွေတင်လဲကြည့်တယ်။ ဒါက ကျနော်တို့ကို ခြောက်နေတာပဲ” ဟု အသက် ၃၀အရွယ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသား တဦးက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းယူမှု ၁လကျော်ကာလအတွင်း မှာ ပြည်သူများကို နည်းမျိုးစုံ ဖိနှိပ်နေကြောင်း၊ စစ်အာဏာရှင်လက်အောက်တွင် အမြန်ဆုံးလွှတ်မြောက်ရန် လိုအပ်ကြောင်းလည်း တောင်ကြီး လူငယ်များက ပြောဆိုလိုက်သည်။

“ဒီတိုင်းစစ်အာဏာရှင်အောက်ဆက်နေရမယ်ဆိုရင် ကျနော်တို့ ဘဝက ကျနော်တို့ မပိုင်တော့ဘူး။ အားလုံးလိုက်ချုပ်နှောင်နေတာ။ ကျနော်တို့အမြစ်ပြတ်အောင် တော်လှန်ရမယ်” ဟု အသက် ၃၀အရွယ် လူငယ်အမျိုးသား က ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းယူပြီး တလကျော်ကာလအတွင်း မြန်မာတဝှမ်း တွင် ဆန္ဒထုတ်ဖော်သူ စုစုပေါင်း (၆၀) ကျော် ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ပစ်သတ်ခဲ့ကြောင်း AAPPစာရင်းအရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...