Thursday, May 2, 2024

တောင်ကြီး အရုဏ်ဦးသပိတ်တွင် ဒသမတန်းကျောင်းသား တဦး ဖမ်းခံရ

Must read

တောင်ကြီးမြို့တွင် ယနေ့ (မတ် ၁၉ )ရက် မနက် ၅နာရီ ၌ စစ်အာဏာရှင် အလိုမရှိ အာရုံဦးသပိတ် ဆန္ဒထုတ်ဖော်ရာ ဒသမတန်းကျောင်းသားတဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ယနေ့ မနက်ပိုင်း တွင် အာရုံဦးသပိတ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်ကို အကြမ်းဖမ်း ဖြိုခွင်းခဲ့ကာ ဒသမတန်းကျောင်းသားတဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ဒသမတန်းကျောင်းသားသည် တောင်ကြီးမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြား နေသူဖြစ်ပြီး၊ အသက် ၁၈နှစ်မပြည့်သေးကြောင်း လည်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးခံရမှုနှင် ပတ်သက်ပြီး အသက်မပြည့်သေးသည့်အတွက် အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂက တောင်းဆိုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article