စစ်ရှောင်
သီပေါမြို့ စစ်ရှောင် (၂၅၀)ကျော်နေရပ်ပြန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် (၂၅၀) ကျော် ယနေ့ ဇွန် (၁) ရက်တွင် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ခဲ့ရသည့် မန်လီဒေသခံများ၊ ပန်လုံဒေသခံများ နှင့်...
မူဆယ်မြို့ စစ်ရှောင်အတွက် အလှူခံပေးနေသည့် လူငယ် ၅ ဦးဖမ်းဆီးသွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ယနေ့ (မေ၂၆) ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် စစ်ရှောင်များအတွက် အလှူငွေကောက်ခံပေးနေသည့် လူငယ် (၅) ဦး ကို စစ်ကောင်စီနှင့် ပြည်သူ့စစ် တို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။ ယနေ့ မနက်ပိုင်းတွင် စစ်ဘေးရှောင်များအတွက် မူဆယ်လူငယ်များသည် အမှတ်...
သီပေါရေဟော်ဘုန်းကြီးကျောင်း စစ်ရှောင် (၄၀၀) ကျော် နေရာပြောင်းရွှေ့နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ရေဟော်ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် (၄၀၀) ကျော် နေရာပြောင်းရွှေ့ နေရသဖြင့် ရေ၊ မီး အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့ ရေဟော်ဘုန်းကြီးကျောင်းတွင် မကြာခင် ဘက စာသင်ကျောင်များ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သဖြင့် ထိုဘုန်းကြီးကျောင်းတွင် ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင် (၄၂၀)ဦးကို သီပေါမြို့...
ဗန်းမော် စစ်ရှောင် (၃၀၀၀ )ကျော် အတွက ်ဆေးဝါးများ အရေးပေါ်လိုအပ်နေ
SHAN -
ကချင်ပြည် ဗန်းမော်မြို့တွင် ရောက်ရှိနေသည့် သျှမ်းစစ်ရှောင် (၃၀၀၀ )ကျော် အတွက် ဆေးဝါး များ အခက်အခဲဖြစ်ကာ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ ထိုစစ်ရှောင်များသည် မိုးမောက်မြို့နယ်တွင် ကချင်တပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဗန်းမော် မြို့နယ် ဘက်သို့ ထွက်ပြေတိမ်းရှောင်လာရပြီး၊ ယခုထိ...
နမ္မတူမြိုု့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်နေရပ်မပြန်နိုင်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲ သည် ယနေ့ချိန်ထိ စစ်ရေး တင်မာနေသေးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တို့ သည် (၂) လကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ မေ (၁၇) ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း...
မိုးမောက်မြို့စစ်ရှောင်အတွက် နေရာထိုင်ခင်း နှင့် စောင်အရေးပေါ်လိုအပ်
SHAN -
ကချင်ပြည် မိုးမောက်မြို့နယ်အတွင်း ကချင်တပ်မတော်(KIA) နှင့် အကြမ်းဖက် စစ်ကောင်စီတို့ တိုက်ပွဲ နေ့ည ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ဦးရေတိုးလာကာ နေရာထိုင်ခင်း နှင့် စောင်များ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ ပထမအကြိမ် ရယူထားသည့် စစ်ဘေးရှောင် စာရင်းများအရ (၃၁၂၈) ဦးရှိပြီး လက်ရှိတွင် စာရင်းအပြောင်းအလဲရှိကြောင်း ပရဟိတ...
နမ္မတူ ဒေသခံများ နှစ်ကျော့ပြန် စစ်ရှောင်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နှစ်ကျော့ပြန် စစ်ရှောင်နေရကြောင်း သတင်းရရှိသည်။ ဧပြီ (၂၅) ရက်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တို့သည် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး တိုက်ပွဲပြင်းထန်မှုကြောင့် တာပူကျေးရွာ စစ်ရှောင်များ သည် သီပေါမြို့နယ်အတွင်းသို့ ထပ်မံထွက်ပြေးတိမ်းရှောင်လာရကြောင်း...
နမ္မတူ စစ်ရှောင် (၂၀၀၀)ကျော် စားနပ်ရိက္ခာ ခက်ခဲနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် စစ်ရှောင်ပြည်သူများ (၂၀၀၀) ကျော် အတွက် စားနပ်ရိက္ခာ အခက်အခဲ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင်များသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ ကြားတိုက်ပွဲ ပြင်ထန်းမှုကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်လာသည့် သူများဖြစ်သည်။ “ စစ်ဘေးရှောင်တွေက (၂၀၀၀...
သီပေါ စစ်ရှောင် (၁၀၀၀ )ကျော် ဆေးဝါး အရေးပေါ် လိုအပ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ဘေးရှောင် (၁၀၀၀)ကျော် ဆေးဝါး အရေးပေါ် လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင်များသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ကြားတိုက်ပွဲ တင်းမာမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ရှောင်များဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီပေးသူများ က သျှမ်းသံတော်ဆင့် ကို ပြောသည်။ “ခုလောလောဆယ် စားဖို့သောက်ဖို့တော့...
နမ္မတူမြို့နယ် မန်လီ တိုက်ပွဲကြောင့် သီပေါမြို့ပေါ် ရှောင်တိမ်းလာသည့် စစ်ရှောင် (၆၀၀ )ကျော်ရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်မှုကြောင့် သီပေါမြို့ပေါ် ရှောင်တိမ်းလာသည့် စစ်ရှောင် (၆၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှာ RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုံဖြစ်သည့် SSPP/SSA ၊ TNLA တို့ ဖြစ်သည်။ “စစ်ရှောင်...





