ကျေးသီးမြို့နယ် တိုက်ပွဲဆက်ဖြစ်၊ စစ်ရှောင် (၁၀၀) နီးပါး ထပ်တိုး

သျှမ်းပြည် မြောက်ပိုင်း ကျေးသီးမြို့ နှင့် မိုင်းနောင်ကြားရှိ လွိုင်ဟွန်းတောင်ကြော အနီးတွင် သျှမ်းတပ်(၂) တပ် တိုက်ပွဲ ထပ်မံဖြစ်ပွားသဖြင့် စစ်ရှောင် (၁၀၀)နီးပါး ထပ်မံရောက်လာကြောင်းသိရသည်။

ယနေ့ နေ့လည် (၁)နာရီဝန်းကျင်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားပြီး စစ်ရှောင် (၁၀၀)နီးပါးသည် ကျေးသီးမြို့ပေါ်သို့ ထပ်မံ ရောက်ရှိလာ ကြောင်း သိရသည်။

“မနေ့ကတည်း နှစ်ဖက်လုံးစစ်ရေးတင်းမာတွေ ရှိနေတယ်လို့ ကြားတယ်၊ ဒီနေ့ ၁ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေ စကြားရပါတယ်၊ တိုက်ပွဲတွေပိုပြီး ဆက်ပြင်းထန်နေမှာစိုးလို့ အနီးနားရွာက ပြည်သူတွေ မြို့ပေါ်ရှောင်လာတယ်” ဟုစစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

တစ်လကြာကြာ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် လက်ရှိတွင် ကျေးသီးမြို့ပေါ်တွင် စစ်ဘေးရှောင် (၁)ထောင်ကျော် ရောက်ရှိနေပြီး၊ စစ်ရှောင်အမျိုးသမီးများ နှင့် ကလေးငယ်များအတွက် တကိုယ်ရေသုံးပစ္စည်းများ လိုအပ်နေကြောင်း လည်း စစ်ဘေးရှောင် များကို ကူညီနေသူ တစ်ဦးက ဆိုသည်။

“ အမျိုးသမီးနဲ့ကလေးငယ်တွေ အတွက် တကိုယ်ရေသုံးပစ္စည်းတွေ လိုတယ်။ နောက် စစ်ရှောင်တွေ စားနပ်ရိက္ခာတွေ လည်း အခက်အခဲရှိနေပြီ” ဟု ၎င်းက ပြောသည်။

သျှမ်းတောင် ကျေးသီးမြို့နယ်ရှိ လွိုင်ဟွန်းတောင်ကြော တလျောက်တွင် RCSS/SSA နှင့် SSPP/SSAတို့ တလကြား စစ်ရေး ဖြစ်ပွားကာ ၊ နှစ်ဖက်တပ် စစ်အင်အားဖြည့်တင်းမှုများပြုလုပ်နေကြပြီး၊ သျှမ်းတပ် (၂)တပ်လုံး နောက်ဆုတ်ရန် အစီစဉ်မရှိကြောင်း သတင်းရရှိသည်။

သျှမ်းတပ်(၂)တပ် စစ်အင်အားဖြည့်တင်းမှုကို ကြည့်ခြင်းအားဖြင့် စစ်ရေး ပိုပြီး ပြင်းထန်လာနိုင်ကြောင်း၊ ထို့ကြောင့် ထိုတိုက်ပွဲအနီးတွင်နေထိုင်သည့် ပြည်သူများလည်း စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...