သီပေါမြို့ စစ်ရှောင် (၂၅၀)ကျော်နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် (၂၅၀) ကျော် ယနေ့ ဇွန် (၁) ရက်တွင် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ခဲ့ရသည့် မန်လီဒေသခံများ၊ ပန်လုံဒေသခံများ နှင့် တာပုလဲ ဒေသခံများ ယနေ့ (ဇွန် ၁)ရက် နေရပ်ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။

“မန်လီက နေအိမ် (၄၄) အိမ် မီးလောင်သွားတဲ့ သူတွေတော့ မပြန်သေးဘူး။ ပြန်စရာ အိမ်လည်းမရှိတော့ ခုလက်ရှိချိန်ထိ စခန်းမှာပဲရှိသေးတယ်။ တိုက်ပွဲက မဖြစ်တော့ဘူးလားဆိုတာတော့ ပြောလို့မရဘူး။ ခုက ငြိမ်နေလို့ ဒေသခံတွေက ပြန်သွားကြတယ်။” ဟု သီပေါစစ်ရှောင်စခန်းမှာ ကူညီပေးသည့် ပရဟိတ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မေ (၂) ရက်နေ့တွင် နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာ ဒေသခံ နေအိမ် (၄၄) အိမ် မီးရှိုှု့ခံရသည့်အတွက် လက်ရှိအချိန်ထိ သီပေါစစ်ရှောင်စခန်းသို့ နေထိုင်ခဲ့ရကြောင်း သတင်းရရှိသည်။

“စိုက်ပျိုးရာသီလည်းရောက်ပြီဆိုတော့ သူတို့ နောက်နှစ်အတွက် ပြန်စိုက်ကြတယ်။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပေမယ့် ဝမ်းရေးအတွက် ပြန်သွားကြတာပေါ့။” ဟု စစ်ရှောင်စခန်းမှ ကူညီပေးသည့် လူငယ်တစ်ဦး ကပြောသည်။

လက်ရှိတွင် နှစ်ဖက်တပ် စစ်ရေးတင်းမာမှု မရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိ သီပေါမြို့ရှိ စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် (၃၀၀)ကျော် ကျန်ရှိနေပြီး ၎င်းတို့သည် တာပေ့ရွာ၊ မန်လီရွာ နှင့် မန့်ကောင်းရွာ တို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...