ကျေးသီးမြို့ နောင်ဆွမ်းဘုန်းကြီးကျောင်း စစ်ရှောင်အတွက် အိပ်ယာခင်း၊စောင်များလိုအပ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ နောင်ဆွမ်းဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၄၈၀) ကျော် အတွက် အိပ်ယာခင်း၊ စောင်များ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် နောင်ဆွမ်းစစ်ရှောင် (၄၈၇) ဦးသည် စစ်ရှောင်နေရပြီး အိပ်ယာခင်း၊ စောင်များ လိုအပ်ကြောင်း စစ်ဘေးရှောင်ကော်တီဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“နောင်ဆွမ်းမှာက စောင်တွေ အခင်းတွေ အရမ်းလိုအပ်နေတယ်။ သူတို့ထွက်ပြေးလာတော့ အိပ်ယာခင်းတွေ စောင်တွေ မပါလာကြဘူး။ မိုးရွာတော့အေးတယ်။ ပြီးတော့ အသက်ကြီးတဲ့သူတွေ ၊ကလေးတွေများတော့ လိုအပ်တယ်။ ဘယ်အလှူရှင်မှ လာလှူတာမရှိသေးဘူး”ဟု စစ်ဘေးရှောင် ကူညီပေးသည့် ကော်မတီဝင် တစ်ဦးကပြောသည်။

လက်ရှိတွင် နှစ်ဖက် စစ်ရေးတင်းမာမှုရှိနေပြီး စစ်အင်အားများလည်း ဆက်လက်ဖြည့်တင်းနေသဖြင့် ပြည်သူများလည်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

“တိုက်ပွဲနား နီးတဲ့ ရွာတွေတော့ ပြေးနေတုန်းပဲ ခုထက်ထိတော့။ ၂ ရက် ၃ ရက်လောက်တော့ ဘာအသံမှ မကြားသေးဘူး။ သူတို့ နှစ်ဖက် စစ်အင်အားဖြည့်နေတာတွေ တိုက်ပွဲတော့ မဖြစ်သေးဘူး။ တိုက်ပွဲထပ်ဖြစ်ရင် ဒေသခံတွေ ထပ်ပြေးဖို့ရှိသေးတယ်။ ဒီထက်ပိုများလာနိုင်တယ်” ဟု အသက် (၄၀) အရွယ် စစ်ရှောင် အမျိုးသားတစ်ဦး ကပြောသည်။

ကျေးသီးမြို့တွင် စစ်ရှောင် စခန်း(၄) ခုထားရှိပြီး စစ်ဘေးရှောင် ပြည်သူ (၈၀၀) ကျော်ရှိသည့်အနက် နောင်ဆွမ်းကျေးရွာရှိ စစ်ရှောင်စခန်းသည် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဆုံးနေထိုင်သည့် ဒေသခံများဖြစ်ကြသည်။

ယခုတွင် စိုက်ပျိုးရာသီဖြစ်သည့်အတွက် စိုက်ပျိုးရေး လုပ်ကိုင်ရမည့် အချိန်ဖြစ်သဖြင့် သျှမ်းတပ် (၂) တပ် တိုက်ပွဲမဖြစ်ရန် တောင်းဆိုချင်ကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။

ဇွန် (၁) ရက်နေ့မှ စတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသဖြင့် စစ်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ မတ်ဝေါင်းရွာ၊ ဝမ်လတ်းရွာ၊ ဟိုနားရွာ၊ ဝမ်ဟိုဖိုင်ရွာ၊ ဖိုင်မုန်ရွာ၊ နားဟျိုးရွာ စသည့် ကျေးရွာတွေက ရွာသားတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သျှမ်းလက်နက်ကိုင် (၂) ဖွဲ့ အပြန်အလှန် နယ်မြေကျူးလွန်မှုဟု ပြောဆိုကာ တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း ပြောဆိုထားကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...