သီပေါ စစ်ရှောင် ၃၀၀ ကျော် စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ၃၀၀ ကျော်သည် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ ဆွန်လုံကျးရွာအုပ်စုမှ ဆွန်လုံကျေးရွာ၊ ချောင်းဆုံကျေးရွာ နှင့် ဟတ်လျန်ကျေးရွာတို့မှ အိမ်ထောင်စု ၁၀၀ ၊ လူဦးရေ (၃၀၀) ကျော်တို့သည် ဒေသတွင်း စစ်ရေးတင်းမာမှုကြောင့် စားဝတ်နေ ရေးအတွက် အခက်အခဲများကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံရေးကော်မတီဝင်တစ်ဦး ထံမှ သိရသည်။

“အခု ဒီရွာသုံးရွာက ပြည်သူတွေကတော့ စစ်ဘေးကို ရှောင်နေရလို့ တောင်ယာလုပ်ငန်းတွေကိုလည်း မလုပ်နိုင်ဘူး၊ ပြီးတော့ တောတက်ပြီး မျှစ်ချိုး/မှိုရှာတာမျိုးလည်း မလုပ်ရတော့ စားဝတ်နေရေးအတွက် အတော်လေးကို ခက်ခက် ခဲခဲ ရင်ဆိုင်နေရပါတယ်၊ အခုထိ ဒေသတွင်း စစ်ရေးတွေက တင်းမာနေတုန်းပဲ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ရွာသုံးရွာမှ ပြည်သူ (၃၀၀) ကျော်သည် ဒေသတွင် စစ်ရေးတင်းမာမှုများကြောင့် အသက်မွေဝမ်းကြောင်း ဖြစ်သည့် တောင်/ယာ လုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်းမရှိသည့် အပြင် ဝင်ငွေများဖြစ်ကြသည့် မျှစ်ချိုး/မှိုရှာပြီး ရောင်းချခြင်း များလည်း မပြုလုပ်နိုင်ကြောင်း သိရသည်။

ထို့အပြင် နမ့်လန်ဘက်ရှိသည့် ဝမ်လီဘုန်းတော်ကြီးကျောင်း၊ ဝမ်စိမ်း နှင့် ဝမ်ကျောင်း ဘုန်းတော်ကြီးကျောင်းမှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များလည်း ရှိနေသေးကြောင်း သိရသည်။

“အခု ကျနော်တို့ နမ့်လန်ဘက်မှာ ရှိတဲ့ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာနဲ့ အသုံးအဆောင် သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေပါတယ်၊ ပြီးတော့ ချောင်းဆုံနဲ့ ဟာလျန်ဘက်က စစ်ဘေးရှောင်တွေအတွက်ကိုလည်း သွားရောက်လှူဒါန်းနိုင်ဖို့ ကျနော်တို့က စေတနာရှင်တွေကို စောင့်မျှော်နေပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နမ့်လန်ဘက်ရှိ ဝမ်လီဘုန်းတော်ကြီးကျောင်းမှ စစ်ဘေးရှောင် (၂၀၀) ကျော်ရှိနေကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ အချင်းချင်း တိုက်ပွဲမကြာခဏ ဖြစ်ပွားသည့် အပြင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့ကလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် အတွက် ဒုက္ခရောက်နေရသည့် စစ်ဘေးရှောင်ပြည်သူများ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...