စစ်ရှောင်
သျှမ်းတောင်ရောက် စစ်ရှောင် ကိုယ်ဝန်သည်နှင့်မွေးလူနာများအတွက် သီးသန့် ပြင်ဆင်ထား
SHAN -
သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိလာသော စစ်ရှောင် ကိုယ်ဝန်သည်နှင့် မွေးလူနာများအတွက် သီးသန့် ပြင်ဆင်ထားမှုများရှိထားကြောင်း အလှူရှင် ဒေသခံပြည်သူများက ပြောသည်။ ကရင်နီပြည်အတွင်း စစ်ကောင်စီတို့၏ အကြမ်းဖက် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်လာကာ စစ်ဘေးတိမ်းရှောင်နေရသည့် သူများတွင် နေ့စေ့လစေ့ ကိုယ်ဝန်သည် အမျိုးသမီးများလည်း ပါရှိသည့်အတွက် တချို့စစ်ရှောင်နေရာများတွင် မွေးခန်းအတွက် ပြင်ဆင်ထားကြောင်းလည်း...
မိုင်းကိုင်စစ်ရှောင်နေသည့်နေရာ စစ်ကောင်စီ လာရောက်စခန်းချ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွယ်လိုင် မင်္ဂလာဘုန်းကြီးကျောင်းတွင် စစ်ရှောင်များနှင့်အတူ စစ်ကောင်စီဘက်မှ တပ်သားများလာရောက် စခန်းချနေထိုင်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၁)ရက် မွန်းလွဲပိုင်း အချိန်တွင် မိုင်းကိုင်မြို့ ရပ်ကွက် (၆) လွယ်လိုင်မင်္ဂလာ ဘုန်းကြီးကျောင်းသို့ စစ်ရှောင်များနှင့်အတူ အင်အား (၃၅)ဦးခန့် ရှိသည့် စစ်ကောင်စီတပ်သားများ လာရောက်စခန်းချ...
စစ်ရှောင်များကို ကူညီလက်ခံပေးမှုအပေါ် ဖိအားပေးမှုရှိလာပါက တုံ့ပြန်မှုပြုမည်ဟု PNLO ပြော
ကရင်နီမှ စစ်ဘေးရှောင်ပြည်သူများကို ကူညီလက်ခံပေးမှုအပေါ် ဖိအားပေးမှုများရှိပါက တတ်နိုင်သည့်ဘက်မှ လက်တုန့်ပြန်မှုများ ပြုမှုဖြစ်ကြောင်း PNLO တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကရင်နီဘက်က ပြည်သူတွေက ကျနော်တို့ရဲ့ အနီးစပ်ဆုံးမိတ်ဆွေ၊ ပြီးတော့ ညီအစ်ကိုတိုင်းရင်းသားအချင်းချင်း ပေါ့၊ ကျနော်တို့ရဲ့ အမျိုးအဆွေတွေကို ဒီလို ကူညီပေး လုပ်ပေးတဲ့အပေါ်မှာ ဖိအားပေးမှုတွေ ရှိလာရင်တော့...
မိုင်းကိုင်စစ်ရှောင် (၂၀၀၀)ကျော်အတွက် စားနပ်ရိက္ခာ နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲတင်းမာမှုကြောင့် စစ်ရှောင် (၂၀၀၀)ကျော် စားနပ်ရိက္ခာနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၁၂)ရက်ထိ နှစ်ဘက် စစ်ရေးတင်းမာမှုရှိပြီး လက်နက်ကြီးသံများလည်း ကြားနေရသဖြင့် စစ်ရှောင်များ နေ့တိုင်းနီးပါး ရောက်ရှိလာပြီး စားနပ်ရိက္ခာများ၊ ကလေး နို့မှုန့်များနှင့် ကိုဗစ် -...
ကျောက်မဲ -သီပေါကြား တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲ နေ့စဉ်ဖြစ်ပွား
သျှမ်းမြောက် ကျောက်မဲ နှင့် သီပေါမြို့နယ် အကြား မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးအနီးတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်နေကြောင်း သတင်းသိရသည်။ ကျောက်မဲနှင့် သီပေါမြို့နယ်အစပ် ဖြစ်သည့် ချောင်းချောက်၊ နောင်အန်း၊ ပိန်းမ္မန၊ ကြံခင်း၊ နမ့်အွမ်၊ ကျင်သီ ကျေးရွားအနီးနားတို့တွင်...
ကျောက်မဲ စစ်ရှောင်စခန်းတွင် မုန့်ဖုတ်သင်တန်း ပြုလုပ်
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုရှိ စစ်ရှောင်စခန်းတွင် မုန့်ဖုတ်သင်တန်း ပြုလုပ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ထို မုန့်ဖုတ်သင်တန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့မှစပြီး ယမန်နေ့အထိ သင်တန်း(၅)ရက် ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။ “အဆင့်မြင့် မုန့်ဖုတ်နည်းတွေ သင်ပေးတာပါ၊ ကိတ်မုန့်တွေ၊ ရိန်းဘိုးကိတ်၊ ဘက်တာကိတ်၊ ချောကလပ်ကိတ် အားလုံး (၁၂)မျိုးရှိတယ်၊...
ကရင်နီဘက်မှ ဆီဆိုင်မြို့နယ်သို့ စစ်ရှောင်လာသူများကို PNLA/PNLO ကူညီပေးနေ
သျှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် ကရင်နီဘက်မှ ဆီဆိုင်မြို့နယ် အတွင်းသို့ စစ်ရှောင်လာသည့် ပြည်သူများကို ကူညီပေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇန်နဝါရီ ၁၁ရက်နေ့တွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်လာသော ကရင်နီမှ ပြည်သူများကို PNLO/PNLA တို့က ဆန်၊ ဆီ၊ ဆား နှင့် လူသုံးကုန်ပစ္စည်းတချို့...
တောင်ကြီး ရောက်ရှိလာသည့် ကရင်နီ စစ်ရှောင်များအတွက် စခန်းတစ်ခုလိုအပ်
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့သို့ ရောက်ရှိလာသော ကရင်နီစစ်ရှောင်များအတွက် နေရာအတည်တကျနှင့် ထားရှိသည့် စခန်းတစ်ခု လိုအပ်ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့မှ ယနေ့အချိန်အထိ တောင်ကြီးမြို့ပေါ်သို့ စတင်ရောက်ရှိလာသည့် ကရင်နီ စစ်ဘေးရှောင်များ များပြားလာသော်လည်း လက်ရှိအချိန်တွင် အဆင်ပြေသလိုသာ...
ကရင်နီပြည် စစ်ကောင်စီ ထိုးစစ်ဆင်မှုကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော်ထိရှိ
ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် သျှမ်းတောင် မိုးဗြဲ တို့တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး လက်ရှိမှာ လူဦးရေ ၁ သိန်း ၇ သောင်းကျော် စစ်ပြေးနေကြရကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ သိရသည်။ စစ်ပြေးဒုက္ခသည်များမှာ...
မိုင်းကိုင်မြို့ပေါ်ထိ လက်နက်ကြီးသံ ကြားနေရ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အနီး လက်နက်ကြီးသံ ကြားရသည့်အတွက် ကျောင်းသွားတက်နေသည့် ကျောင်းသားများ နေအိမ်သို့ ပြန်လာရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၁၁)ရက် မနက်ပိုင်းချိန်မှာ မိုင်းကိုင်မြို့အနီး လက်နက်ကြီးသံ ကြားရသည့်အတွက် မိုင်းကိုင်မြို့ပေါ်တွင် သွားလာမှု မရှိဘဲ တိတ်ဆိတ်နေကာ ဒေသခံပြည်သူများလည်း စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ ကျောင်းပို့ထားသည့် ကျောင်းသားများကို နေအိမ်သို့...






