သျှမ်းတောင်ရောက် စစ်ရှောင် ကိုယ်ဝန်သည်နှင့်မွေးလူနာများအတွက် သီးသန့် ပြင်ဆင်ထား

သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိလာသော စစ်ရှောင် ကိုယ်ဝန်သည်နှင့် မွေးလူနာများအတွက် သီးသန့် ပြင်ဆင်ထားမှုများရှိထားကြောင်း အလှူရှင် ဒေသခံပြည်သူများက ပြောသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီတို့၏ အကြမ်းဖက် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်လာကာ စစ်ဘေးတိမ်းရှောင်နေရသည့် သူများတွင် နေ့စေ့လစေ့ ကိုယ်ဝန်သည် အမျိုးသမီးများလည်း ပါရှိသည့်အတွက် တချို့စစ်ရှောင်နေရာများတွင် မွေးခန်းအတွက် ပြင်ဆင်ထားကြောင်းလည်း သတင်းသိရသည်။

“စစ်ရှောင်တွေကို သွားကြိုတဲ့သူတွေက သူတို့မှာ မွေးခါနီးလူနာတွေ ပါလာတယ်ပေါ့၊ သူတို့အတွက် နေရာရှိထားရင် အဆင်ပြေမယ်ဆိုပြီး အကြောင်းကြားထားတယ်၊ ကျနော်တို့ဖက်ကနေလည်း စီစဥ်စရာရှိတာတွေ စီစဥ်ထားပါတယ်၊ ဆရာဝန်ရော၊ ဆေးဝါးတွေရော၊ အရပ်ထဲက လက်သည်တွေကိုလည်း အကူအညီတောင်းထားတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တောင်ကြီးမြို့ပေါ်နှင့် မွေးလစေ့ ကိုယ်ဝန်သည်စစ်ရှောင်များရှိနေသည့် တခြားနေရာများတွင်လည်း လိုအပ်လာနိုင်သည့် အသုံးအဆောင်ပစ္စည်းများနှင့် နေရာများကို ပြင်ဆင်ထားကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မွေးလာမယ့်ကလေးအတွက် လိုအပ်မယ့် အနှီးတွေ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ၊ ပေါင်ဒါတွေကအစ မိခင်အတွက်ရော အလှူခံထားတယ်၊ အဆင်သင့်ဖြစ်အောင်ပေါ့၊ လိုအပ်လာရင် တခါတည်း လုပ်ပေးရအောင် တတ်နိုင်သမျှ စီစဥ်ပေးထားပါတယ်” ဟု အဆိုပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်းတယမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးသည် ကရင်နီဘက်မှ သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်လာသည့် မွေးလူနာများအနက် ပထမဆုံး ခွဲမွေးရသည့် မွေးလူနာ ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းထိုးစစ်ဆင်မှုကြောင့် ကရင်နီပြည်မှ ဒေသခံ ၂ သိန်း နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရကြာင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...