Wednesday, January 28, 2026

သျှမ်းတောင်ရောက် စစ်ရှောင် ကိုယ်ဝန်သည်နှင့်မွေးလူနာများအတွက် သီးသန့် ပြင်ဆင်ထား

သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိလာသော စစ်ရှောင် ကိုယ်ဝန်သည်နှင့် မွေးလူနာများအတွက် သီးသန့် ပြင်ဆင်ထားမှုများရှိထားကြောင်း အလှူရှင် ဒေသခံပြည်သူများက ပြောသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီတို့၏ အကြမ်းဖက် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်လာကာ စစ်ဘေးတိမ်းရှောင်နေရသည့် သူများတွင် နေ့စေ့လစေ့ ကိုယ်ဝန်သည် အမျိုးသမီးများလည်း ပါရှိသည့်အတွက် တချို့စစ်ရှောင်နေရာများတွင် မွေးခန်းအတွက် ပြင်ဆင်ထားကြောင်းလည်း သတင်းသိရသည်။

“စစ်ရှောင်တွေကို သွားကြိုတဲ့သူတွေက သူတို့မှာ မွေးခါနီးလူနာတွေ ပါလာတယ်ပေါ့၊ သူတို့အတွက် နေရာရှိထားရင် အဆင်ပြေမယ်ဆိုပြီး အကြောင်းကြားထားတယ်၊ ကျနော်တို့ဖက်ကနေလည်း စီစဥ်စရာရှိတာတွေ စီစဥ်ထားပါတယ်၊ ဆရာဝန်ရော၊ ဆေးဝါးတွေရော၊ အရပ်ထဲက လက်သည်တွေကိုလည်း အကူအညီတောင်းထားတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တောင်ကြီးမြို့ပေါ်နှင့် မွေးလစေ့ ကိုယ်ဝန်သည်စစ်ရှောင်များရှိနေသည့် တခြားနေရာများတွင်လည်း လိုအပ်လာနိုင်သည့် အသုံးအဆောင်ပစ္စည်းများနှင့် နေရာများကို ပြင်ဆင်ထားကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မွေးလာမယ့်ကလေးအတွက် လိုအပ်မယ့် အနှီးတွေ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ၊ ပေါင်ဒါတွေကအစ မိခင်အတွက်ရော အလှူခံထားတယ်၊ အဆင်သင့်ဖြစ်အောင်ပေါ့၊ လိုအပ်လာရင် တခါတည်း လုပ်ပေးရအောင် တတ်နိုင်သမျှ စီစဥ်ပေးထားပါတယ်” ဟု အဆိုပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်းတယမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးသည် ကရင်နီဘက်မှ သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်လာသည့် မွေးလူနာများအနက် ပထမဆုံး ခွဲမွေးရသည့် မွေးလူနာ ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းထိုးစစ်ဆင်မှုကြောင့် ကရင်နီပြည်မှ ဒေသခံ ၂ သိန်း နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရကြာင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...