စစ်ရှောင်
ဟိုပုံးမြို့နယ် စစ်ရှောင်ကလေးများ စာသင်ကြားရန် စာရေးကိရိယာများ လိုအပ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ပန်လုံရွာသစ်စစ်ရှောင်စခန်းအတွင်းနေထိုင်သည့် ကလေးများ စာသင်ရန်အတွက် စာရေးကိရိယာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ တိုက်ပွဲကြောင့် ၁ နှစ်ကျော်ကြာ ဟိုပုံးမြို့နယ် ပန်လုံရွာသစ်သို့ ပြောင်းရွှေ့နေထိုင်ရသည့် စစ်ရှောင်များသည် လက်ရှိမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်နိုင်ခဲ့သော်လည်း ကလေးငယ်များ စာသင်ကြားဖို့ရန်အတွက် စာအုပ်၊ ခဲတံနှင့် ဘောပင် များလိုအပ်နေကြောင်း...
ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ
သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်အစောပိုင်း ၇ နာရီအချိန်မှစပြီး နမ့်နိန်းကျေးရွာ၏ အနောက်ဘက်ရှိ တောင်းကုန်းဒေသ တစ်ကြောတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာစဉ်မှာ...
ပင်လောင်းမြို့နယ် စစ်ရှောင်များ နေရာအထိုင်အခင်းနှင့် စောင်များလိုအပ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ခိုလှုံနေသည့် စစ်ရှောင်များ နေရာအထိုင်အခင်း နှင့် စောင်များ လိုအပ်နေကြောင်း သတင်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီး နမ့်ဟူးကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် ဦးရေ...
ပင်လောင်း နမ့်နိမ့်ရွာ ပြည်သူနေအိမ် တစ်ဝက်နီးပါး မီးလောင်ပျက်စီး
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိမ့်ရွာကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ် သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သောကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ တစ်ဝက်နီးပါး မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (မတ်လ ၁၁ ရက်) နံနက်အစောပိုင်း ၅ နာရီမှစပြီး ပင်လောင်းမြို့နယ် နမ့်နိမ့်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်...
လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ရေး ဘယ်တော့လဲ
SHAN -
နိဒါန်း ဗလာဒီမာပူတင်ဦးဆောင်သော ရုရှားအစိုးရ၏ ကျူးကျော်စစ်အတွင်းမှ ယူကရိန်းပြည်သူများအား ကယ်တင် နိုင်ဖို့အတွက် ယူကရိန်းသမ္မတဇီလန်စကီးသည် “လေယာဉ်မပျံသန်းရ ဇုန်သတ်မှတ်ရေး”အတွက် အမေရိကန် ကွန်ဂရက်တွင်လည်းကောင်း၊ မြောက်အတ္တလန်တီစာချုပ်ပါအစုအဖွဲ့ဖြစ်တဲ့ နေတိုးအဖွဲ့အကြီးအကဲများထံ တွင်လည်းကောင်း လူသိရှင်ကြားတောင်းတောင်းဆိုခဲ့ပါသည်။ သို့သော် ရုရှားကျူးကျော်စစ်တစ်နှစ်ပြည့်ခဲ့ သည့်တိုင် သမ္မတဇီလန်စကီး၏ တောင်းဆိုမှုသည် လက်တွေ့အကောင်အထည်မပေါ်သေးဟု ဆိုရပါမည်။ မြန်မာအာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို...
ကျောက်မဲ စစ်ရှောင် ဒေသခံတစ်ဦး ယာဉ်တိုက်ခံရပြီး၊ ခွဲစိတ်ကုသရန်လိုအပ်
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဝမ့်မိုင်ကျေးရွာ စစ်ရှောင် အမျိုးသားတစ်ဦးသည် ယာဉ်တိုက်ခံထားရပြီး ခွဲစိတ်ကုသရန် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဆိုင်ကယ် တိုက်ခံထားရသည့် အသက် ၅၅ နှစ် လုံးအောင်ဆာသည် ဦးခေါင်းကွဲ နှင့် ခြေထောက်တစ်ဖက်ကျိုး ဒဏ်ရာရရှိခဲ့ကာ သီပေါဆေးရုံ၌ ဆေးဝါး ကုသခံယူနေရပြီး လာမည့်...
စစ်ကောင်စီ ကျေးရွာတွင်း တပ်စွဲနေထိုင်မှုကြောင့် ပင်လောင်းမြို့နယ် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင်း စစ်ကောင်စီ၊ PNO တို့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူ (၅,၀၀၀) ဝန်းကျင်က ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံးစမ်းသိရသည်။ ပင်လောင်းမြို့နယ် ၈ ရက်သာ တိုက်ပွဲအတွင်း ဒေသခံ ပြည်သူများ နေ့စဉ်ဆက်တိုက် ထွက်ပြေး...
ပင်လောင်းမြို့နယ်အတွင်း တောင်စလုံးကျေးရွာ ဒေသခံများ နေရပ်ကိုမပြန်ရဲသေး
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာ ၊ မြောက်စလုံးကျေးရွာ နှင့် တောင်မဲတင်းကျေးရွာ ဒေသခံများ နေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီ နှင့် ဖယ်ခုံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း လက်နက်ကြီး...
နောင်ချိုမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန်ကြိုးစား
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု လုံခင်းကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲနေထိုင်နေချိန် ကျေးရွာတွင်းရှိ အမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ကြိုးပမ်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) ရက်ထိ စစ်ကောင်စီတပ်ဖွဲ့သည် လုံခင်းကျေးရွာတွင်း တပ်စွဲနေထိုင်ပြီး ပြည်သူပိုင် ပစ္စည်းများ၊ တိရိစ္ဆာန်များကိုလည်း ယူသုံးပြီး မပေးပါက...
နေရပ်ပြန် ကျောက်မဲ စစ်ရှောင်များ စားသောက်ရေးအတွက် ခက်ခဲနေ
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့မှ နေရပ်ပြန်ရောက်ရှိသွားသည့် ချုံးအုပ်စုရှိ ချုံးသစ်ရွာ၊ ချုံးဟောင်းရွာ မှ စစ်ဘေးရှောင်များသည် စားသောက်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကျောက်မဲမြို့မှ စစ်ရှောင်များ ဖြစ်ကြသည့် ချုံးသစ်ရွာခံမှ အိမ်ထောင်စု ၅ အိမ် ၊ ချုံးဟောင်းမှ အိမ်ထောင်စု...






