စစ်ရှောင်
“ကျနော်တို့အဖွဲ့အစည်းက အခုရှုပ်ထွေးနေတဲ့ကာလမှာ ဖြစ်နေတယ်”
သျှမ်းပြည်တောင်ပိုင်း တိုက်ပွဲသည် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ရဲ့ PNLA ယာဉ်ကြောင်းကို ပိတ်ဆို့ ဟန့်တားခြင်းကြောင့် စစ်ကောင်စီ စစ်ပတ်နှင့်ပူးပေါင်းထားသော အသွင်းပြည့်ပြည်သူ့စစ် PNO နှင့် PNLA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်အပြီး နောက်တစ်ရက်...
စစ်ကောင်စီမှ ဆီဆိုင်မြို့နှင့် အနီးရှိရွာများကို လေကြောင်းဖြင့် တစ်ရက်အတွင်း အကြိမ်၂၀နီးပါး တိုက်ခိုက်
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နှင့် အနီးအနားမှ ကျေးရွာ(၄)ရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့် Y12လေယာဥ်များဖြင့် ဇန်နဝါရီလ ၂၅ရက် အတွင်း အကြိမ်၂၀ နီးပါး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ထို လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီမှ ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံးအလုံးပေါင်း...
ဆီဆိုင်-လွိုင်ကော် တိုက်ပွဲကြား ပြည်သူများပိတ်မိနေ
သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် ဒေသခံနှင့် စစ်ရှောင်များ တိုက်ပွဲကြားတွင် ပိတ်မိနေကြောင် စုံစမ်းသိရသည်။ သျှမ်းပြည်-ကရင်နီ နယ်စပ်တကြောတွင် ဆီဆိုင်မြို့နယ် နှင့် လွိုင်ကော်မြို့နယ် ကြားရှိ ပိန်းချဉ်ကျေးရွာတွင် ပြည်သူများ ပိတ်မိနေပြီး စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဆီဆိုင်ဖက်ကလဲ တိုက်ပွဲတွေဖြစ်နေတာလေ။ ဆီဆိုင်ကို ရောက်သွားတဲ့ ဟာတွေလဲ ထပ်ပြေးနေရတာ။...
ဆီဆိုင်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီမှ လက်နက်ကြီး၊ လေယာဉ်ဖြင့် ပစ်ကူ
သျှမ်းပြည် ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့တို့ကြား ယနေ့ (ဇန်နဝါရီလ ၂၆ )ရက် နံနက်အစောပိုင်းစ၍ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၆ ရက်)...
ဆီဆိုင်သို့ စစ်ရှောင်လာသည့် ကရင်နီပြည်သူများ ထပ်မံပြောင်းရွှေ့ရ
SHAN -
ဆီဆိုင်မြို့နယ်သို့ လာရောက်စစ်ဘေးရှောင်နေသော ကရင်နီစစ်ရှောင်များသည် ဆီဆိုင်တိုက်ပွဲကြောင့် ထပ်ပြီး စစ်ဘေးရှောင်နေရကြောင်း ကရင်နီစစ်ရှောင်များထံ သတင်းသိရသည်။ သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ( PNLO/PNLA) ၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် PNO ၊ စစ်ကောင်စီ ပူးပေါင်တပ်ဖွဲ့များသည် ဇန်နဝါရီလ ၂၄ ရက်တွင်...
ဆီဆိုင်မြို့နယ် အခြေစိုက် ခမရ (၄၂၃) နှင့် (၄၂၄) တပ်ရင်းကို PNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
SHAN -
သျှမ်းပြည် ဆီဆိုင်မြို့နယ် အခြေစိုက် စစ်ကောင်စီ စကခ (၇) လက်အောက်ခံ ခမရ (၄၂၃) နှင့် ခမရ( ၄၂၄) တပ်ရင်းတို့ကို ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် PNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က အတည်ပြုသည်။ တိုက်ခိုက် သိမ်းပိုက်ခံရသည့်...
တိုက်ပွဲကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းတကြောရှိ ကျေးရွာများ ဆက်လက်ထွက်ပြေးနေ
သျှမ်းပြည် ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတလျောက်ရှိ ကျေးရွာများမှ ပြည်သူများသည် ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစ၍ ဆက်လက် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစပြီး ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြောင့် ကောင်းမှုဗွာရွာ၊ နမ့်သြရွာ၊...
နမ့်ဖတ်ကာအခြေစိုက် ခလရ-၁၂၃ တပ်ရင်းကို KIA တပ်ဖွဲ့ သိမ်းပိုက်
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၁၂၃) တပ်ရင်း ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) ညနေ ၃ နာရီကျော်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၂၃...
ဆီဆိုင်မြို့မရဲစခန်းကို PNLA နှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်
သျှမ်းပြည် ဆီဆိုင်မြို့ရှိ စစ်ကောင်စီ မြို့မရဲစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ဦးဆောင်ပြီး ပူးပေါင်းတပ်ဖွဲ့များ ဆီဆိုင်မြို့ကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ မြို့မရဲစခန်းကို ယမန်နေ့ (ဇန်နဝါရီလ ၂၄...
ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ် စစ်ကောင်စီ ငွေအမြောက်အမြား ကောက်နေ
ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး ငွေကြေး အမြောက်အမြားတောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖြတ်သန်းသွားလာသော ပြည်သူများကို ယခုဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းတွင် စစ်ဆေးမှုများ တင်ကြပ်နေပြီး၊ ငွေကြေးကောက်ခံ မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဆောင်းပြောင်းဂိတ်က စစ်ကောင်စီတွေကိုလည်း ပေးရတာပဲ။ လွိုင်ကော်ထိ...






