စစ်ရှောင်
မိုးကုတ်အနောက်ပိုင်းကို စစ်ကောင်စီ လက်နက်ကြီးပစ် မိခင်နှင့်ကလေး ပွဲချင်းပြီး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ လေးရက်ကြာ တစ်ဖက်သက် အပစ်ရပ်ထားစဉ် မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် မိခင်နှင့် ကလေး ပွဲချင်းပြီး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ည ၉...
ကျောက်မဲမြို့ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ
သျှမ်းပြည် ကျောက်မဲမြို့ ပန်ပေါင်းရပ်ကွက်အတွင်း ယနေ့ (ဇူလိုင် ၁၅) နေ့လည် ၂ နာရီဝန်းကျင်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ထိုသေဆုံးသွားသူ နှင့် ထိခိုက်သွားသည့်သူသည် အမျိုးသားများဖြစ်သည်။ ကျောက်မဲမြို့အတွင်းမှာ စစ်ကောင်စီ နဲ့ TNLA တို့ တိုက်ပွဲပြန်ဖြစ်ပွားနေပြီ မြို့အတွင်း...
လားရှိုးမြို့တွင် လက်နက်ကြီးထပ်ကျ ပြည်သူ ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့တွင် လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၁၂ ရက်) ညပိုင်းတွင် ရပ်ကွက် (၄) ရှိ အ.ထ.က ၅ ကျောင်းဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ကျောင်းဆရာအပါအဝင် ပြည်သူ ၃...
လားရှိုးမြို့ လက်နက်ကြီးကျ၍ ပြည်သူ ၄ ဦးထပ်မံသေဆုံး
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း လားရှိုးမြို့လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁ ရက်) မနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ သာသနာ (၂၅၀၀) တောင်အခြေအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံ ၁ ဦး...
အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းအခက်ခဲဖြစ်နေ
သျှမ်းပြည် အောင်ပန်းမြို့နယ်အတွင်းသို့ လားရှိုးမြို့နှင့် ပင်လောင်းမြို့နယ်မှ ရောက်ရှိလာသော ဒေသခံများအတွက် နေရာထိုင်ခင်းအခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ပထမ ပတ်မှစ၍ အောင်ပန်းမြို့တွင် ထပ်မံရောက်ရှိလာသော လားရှိုးမြို့ နှင့် ပင်လောင်းမြို့နယ်မှ စစ်ဘေးရှောင်များအတွက် ဘုန်းကြီးကျောင်းများနှင့် အခြားနေရာများတွင် နေရာထိုင်ခင်းအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ထပ်ရောက်လာမယ်ဆိုရင်တော့ လောလောဆယ်တော့ နေရာတွေက...
သျှမ်းတောင်သို့ လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်အများအပြား ရောက်ရှိ
သျှမ်းပြည်တောင်ပိုင်းရှိ ဘေးလွတ်ကင်းရာ မြို့များသို့ လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် အများအပြား ရောက်ရှိနေပြီး စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂ ရက်မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ၏ လားရှိုးမြို့ပေါ် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ကင်းရာ နမ့်လန်၊ တန့်ယန်း၊ မိုင်းရယ်၊...
သီပေါစစ်ဘေးရှောင် ၂ ထောင်ကျော် စားနပ်ရိက္ခာ အကူအညီလိုအပ်
သျှမ်းပြည် သီပေါမြို့နယ်ရှိ စစ်ဘေးရှောင် ၂ ထောင်ကျော်အတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ၂ထောင်ကျော်အတွက် စားနပ်ရိက္ခာ အကူအညီ...
လားရှိုးမြို့တွင် ရှော့တိုက်ဒုံးကျ ကလေးနှင့် အမျိုးသမီး ၃ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့၊ ရပ်ကွက် (၉) တွင် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲသဖြင့် ကလေးနှင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၁၀ )ရက် နံနက် ၆ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၉)၊ ဘူတာရုံသံလမ်းဘေးသို့...
လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်သူများ ကားပိတ်မှုနှင့် တောလမ်းအခက်အခဲများ ကြုံနေရ
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များသည် တောလမ်းကို အသုံးပြုသွားလာနေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၃ ရက်မှ စတင်၍ လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲများအကြား မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံများ နေ့စဉ် ကားရာနှင့်ချီ...
တောတောင်ထဲရောက် ပင်လောင်း စစ်ရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ဆေးဝါးလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဘက်ရှိ တောတောင်ထဲတွင်ရှောင်နေရသော စစ်ဘးရှောင်များသည် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် မိုးကာများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ထိုစစ်ရှောင်များသည် ဆောင်းပြောင်း၊ နမ်းနိန်း၊ တောင်စလုံး၊ မြောက်စလုံး ဒေသခံများဖြစ်ပြီး၊ ယင်းစစ်ရှောင်များသည် တိုက်ပွဲမဖြစ်သည့်ကျေးရွာများတွင် ဆွေမျိုးများမရှိသည့်အပြင် ဘုန်းကြီးကျောင်းများတွင်လည်း ထပ်မံပြီး လက်မခံတော့သောကြောင်း တောထဲတွင်တဲထိုးပြီး ရှောင်နေရကြောင်း စစ်ရှောင်တစ်ဦးက...





