Thursday, May 2, 2024

စစ်ဘေးရှောင်

နမ္မတူတွင် ပစ်ခတ်သံကြောင့် ရွာသားရာချီ ထပ်မံစစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တို့ကြားစစ်ရေးတင်းမာ မှုများကြောင့်ဒေသခံလူထု ရာနှင့်ချီ နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားစစ်ရေးတင်းမာမှုကြောင့် သြဂုတ်လ ၁၅ ရက်နေ့က ပန်လုံအုပ်စုဒေသခံများမှာ သီပေါမြို့နယ်ရှိ မန်လီအုပ်စုဘုန်းကြီးကျောင်းသို့လည်းကောင်း အောင်မင်္ဂလာဘိုးတော် ဘုန်းကြီးကျောင်းသို့လည်းကောင်းတိမ်းရှောင်ရောက်ရှိနေကြခြင်းဖြစ်သည်။ သီပေါမြို့နယ် SNLD ပါတီအတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က...

နမ္မတူမြို့ရောက်စစ်ဘေးရှောင်များ နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၏ ကျေးလက်ဒေသတွင် လက်ရှိတိုက်ပွဲများငြိမ်နေပြီဖြစ်သောကြောင့် နမ္မတူရောက် စစ်ဘေးရှောင် ၈၀၀ မှာနေရပ်သို့ပြန်နိုင်ကြပြီဖြစ်ကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံ အုပ်စု ဘုန်းကြီးကျောင်းများတွင် ရောက်ရှိခိုလှုံနေသော ပန်လုံအုပ်စု ပန်ဆော့အုပ်စု မိုင်းမုအုပ်စုမှ စစ်ဘေးရှောင် များမှာ သြဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် နေရပ်ပြန်ကုန်ကြပြီဖြစ်ကြောင်း သိရသည်။ နမ္မတူမြို့နယ်...

၁၂ ရက်အတွင်း သျှမ်းပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၈၀၀ ကျော်ရှိကြောင်း UNOCHA ထုတ်ပြန်  

၁၂ ရက်အတွင်း သျှမ်းပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၈၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ UN OCHA က ပြောဆိုလိုက်ပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့ အစီရင်ခံစာတွင် ဇူလိုင်လ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၁၂ ရက် အတောအတွင်း သျှမ်းပြည်မြောက်ပိုင်း...

သျှမ်း/မြောက် စစ်ရေးပြဿနာ သျှမ်းလက်နက်ကိုင်ခေါင်းဆောင် ၂ ဦးလက်တွဲဖြေရှင်းရန်  CSSU ဥက္ကဌ တိုက်တွန်း  

သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော စစ်ဘေးကြောင့် ဒေသခံလူထု ဆင်းရဲဒုက္ခ ရင်ဆိုင်နေရ သည့်အပေါ်  သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ၂ ဦး ပူးပေါင်းဖြေရှင်းပေးရန်  CSSU ဥက္ကဌ စိုင်းအိုက်ပေါင်းက တိုက်တွန်းပြောဆိုလိုက်သည်။ ဒီအချိန်ဟာ လယ်တွေယာတွေဆင်းတဲ့အချိန်ဖြစ်တယ်။ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်ချိန်ဖြစ်တယ်။ သျှမ်းပြည်မြောက်ပိုင်း ဒေသခံလူထုဟာ လယ်ယာလုပ်ငန်းခွင်ကိုပြစ်ပြီး  စစ်ဘေးရှောင်နေကြရတယ်။ သူတို့ဒီချိန်မှာ မစိုက်ပျိုးရရင် လာမယ့်နှစ်အတွက်...

သျှမ်း/မြောက် စစ်ရှောင်များအား SSJAC မှကူညီထောက်ပံ့မှုများပေး  

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းဖြစ်ပွါးခဲ့သော  အစိုးရတပ်မတော်၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားတိုက်ပွဲများကြောင့် ဒေသ ခံများ နေရပ်မှ စွန့်ခွါကာ နီးစပ်ရာဘုန်ကြီးကျောင်းများအသီးသီးသို့  စစ်ဘေးရှောင်နေရသည့်အပေါ် SSJAC မှ ကျပ်သိန်း ၂၀၀ ခန့်တန်ဖိုးရှိသည့် ဆန်၊ဆီ၊ဆား ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံကျောင်းဟောင်ဘုန်းကြီးကျောင်း၊ သီပေါမြို့နယ် မိုးတေဘုန်းကြီးကျောင်းနှင့်...

မြောက်ပိုင်းစစ်ရေးပြသနာကြောင့် နမ္မတူဒေခံ ရာဂဏန်း စစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့ နံနက်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လယ်ယာ လုပ်ငန်း လုပ်ကိုင်နေသည့် ကျေးလက်ဒေသခံ ရာဂဏန်း နေရပ်မှ တိမ်းရှောင်နေရသည်ဟု ဆိုသည်။ နိုင်ငံတကာ လူမှုကူညီရေးအသင်းအဖွဲ့တခုက ဇူလိုင်လ ၁၆ ရက် ၂၀၁၈ ရက်နေ့၌ နမ္မတူမြို့နယ်အတွင်း တအာင်း TNLA နှင့်...

ပင်လုံညီလာခံဒုတိယရက် သျှမ်းပြည်အလယ်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေတထောင်ကျော်ထိတိုး

၂၀၁၈ ဇူလိုင်လ ၁၂ ရက် နေပြည်တော်တွင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယရက် ဆက်ကျင်းပနေချိန် သျှမ်းပြည်တပ်မတော် RCSS/SSA အား တိုက်ခိုက်ရန် အစိုးရတပ်မတော် စစ်ရေးတိုးမြင့်လှုပ် ရှားမှုကြောင့် သျှမ်းပြည်တောင်ပိုင်းလွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်က စစ်ဘေးရှောင်ဦးရေများ တထောင်ကျော်ထိတိုး များလာနေသည်ဟု သိရသည်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA...

နေပြည်တော်ငြိမ်းချမ်းရေးညီလာခံစတင်ချိန် RCSS အားထိုးစစ်ဆင်မှု သျှမ်းလူထု ၅၀၀ ကျော်စစ်ဘေးရှောင်ရ

ဇူလိုင်လ ၈ ရက်နေ့မှစ၍ ၁၀ ရက်နေ့အထိ သုံးရက်သာကာလ အတွင်း အစိုးရတပ်မတော်မှ သျှမ်းပြည်တပ် မတော် RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျေးလက်လူထု ၅၀၀ ကျော် နေရပ်မှ စွန့်ခွါနေရ သည်ဟု သိရသည်။ အစိုးရတပ်မတော် ထိုးစစ်ဆင်မှုကြောင့် ဟမ်းငိုင်းကျေးရွာ လွယ်စက်တော်ကျောင်းတိုက်တိုင်တွင် အိမ်ခြေ...

သျှမ်းမြောက် စစ်ရှောင်များ အသက်မွေးဝမ်းကျောင်းပညာရပ်သင်ကြားပေးရန် သျှမ်းပြည်နယ်အစိုးရစီစဉ်

သျှမ်းပြည်နယ်မြောက်ပိုင်းရှိစစ်ဘေးရှောင်များအားပြန်လည်ထူထောင်ရေး ကိစ္စနှင့် ပတ်သက်၍ ပညာရေးတစ်ပိုင်းတစ်စဖြစ်ခဲ့သော လူငယ်မျာအား သျှမ်းပြည်နယ်အစိုးရအဖွဲ့အနေနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်သင် ကြားပေးနိုင် ရန်စီ စဉ်ဆောင်ရွက်နေကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ကပြော သည် ။ ကျောက်မဲခရိုင် ၊ မူဆယ်ခရိုင် ၊ လောက်ကိုင်ခရိုင် စသည့် ခရိုင် (၃) ခရိုင်မှ...

TNLA နှင့် SSPP တိုက်ပွဲကြောင့် နမ္မတူ ကျေးလက်ဒေသခံ ၅၀၀ ကျော်နေရပ်စွန့်ခွါ

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA နှင့် SSPP တို့အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ကျေးလက်ဒေသခံ ၅၀၀ ကျော်နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရှိရသည်။ ၂၀၁၈ မေလ ၄ ရက်နေ့မှစ၍ ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် အိမ်ခြေ ၈၀ ရှိ နားဆန်းရွာသူ...

Latest news