စက်ဘီးစီးခရီးသွားသျှမ်းညီအကို သျှမ်း၊မြောက်စစ်ဘေးရှောင်များရိက္ခာရရှိရေး လှုပ်ရှားမှုပြုမည်ဟုဆို

ထိုင်းနိုင်ငံချင်းမိုင်မြို့မှ မြန်မာပြည်အနှံ့ စက်ဘီးစီး ခရီးသွား သျှမ်းညီအကိုသည် လမ်းခရီး ၂ လ ကြာမြင့်ချိန် မန္တလေးမြို့သို့ရောက်ရှိကာ သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိရေးအတွက် စက်ဘီးစီး လှုပ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Photo Oon Khur Lao: ပုဂံရောက် စက်ဘီးစီး ခရီးသွားသျှမ်းညီအကိုများ

သျှမ်းပြည်မြောက်ပိုင်းရှိ လူငယ်အဖွဲ့နှင့်ပူးပေါင်းကာ စစ်ဘေးရှောင်များရိက္ခာရရေး စက်ဘီးစီးလှုပ်ရှားမှု ပြုလုပ် မည်ဖြစ်ကြောင်း စက်ဘီးစီးလူငယ် စိုင်းအွန်ခေးက သျှမ်းသံတော်ဆင့်အားပြောသည်။

“မန္တလေးကနေ သျှမ်းပြည်မြောက်ပိုင်းကိုတက်ပါမယ်။ စစ်ဘေးရှောင်များရိက္ခာရရှိရေးအတွက် အစီအစဉ်ကတော့ သျှမ်းပြည်မြောက်ပိုင်းက လူငယ်တွေနဲ့ချိတ်ဆက်လုပ်ဆောင်သွားပါမယ်။ စိတ်ပါ၀င်စားတဲ့သူတွေဆက်သွယ်ပြီး လိုက်ပါနိုင်ပါတယ်။ ကိုယ့်ကျန်းမာရေးအတွက်လည်းရသလို စစ်ဘေးရှောင်တွေကို ကိုယ့်မှာတတ်နိုင်တဲ့ဘက်က ကူညီနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ကောင်းသောအလုပ်ဖြစ်ပါတယ်ခင်ဗျ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းအွန်ခေးနှင့် စိုင်းဆိုင်ဟန်တို့ညီအကိုသည် ထိုင်းနိုင်ငံ ချင်းမိုင်မှ လင်းခေးမြို့သို့ရောက်ရှိချိန် လင်းခေး ဒေသခံလူငယ်စိုင်းထိန်လင်းမှ လိုက်ပါခဲ့ရာ ခရီးသွားချိန် ၂ လ ပြည့်သည့် မတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့သို့ရောက်ရှိ ခဲ့ကြကြောင်း သိရသည်။

Photo Oon Khur Lao: မန္တလေးရောက် စက်ဘီးစီး သျှမ်းညီအကိုအဖွဲ့အား မန္တလေးစက်ဘီးစီးအဖွဲ့က ကြိုဆို

“အတွေ့အကြုံတွေအများကြီးရခဲ့ပါတယ်။ အခက်အခဲတွေရှိတယ်ဆိုပေမယ့်လည်းဘဲ ရောက်တဲ့ဒေသတိုင်းမှာ ကျနော်တို့ကို  ကြိုဆိုကြတဲ့အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ စေတနာရှင်တွေကြောင့် ကျနော်တို့ အဆင်ပြေခဲ့ ပါတယ်။ ကျေးဇူးလည်းအထူးတင်ရှိပါတယ်ခင်ဗျ။ အခု နွေလည်းရောက်လာပြီဆိုတော့ မီးဘေးအန္တရာယ်က အရမ်းစိုးရိမ်ရပါတယ်။ မိဘပြည်သူလူထုတွေကို မီးသုံးစွဲရာမှာ အထူးဂရုပြုပါလို့တိုက်တွန်း ချင်ပါတယ်ခင်ဗျ။ နောက်ပြီး ဒီအချိန်မှာ ယာခင်းတွေကိုမီးရှို့တာ အမှိုက်တွေကိုမီးရှို့တာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ် သင့်ပါတယ်ခင်ဗျ ” – ဟု စိုင်းအွန်ခေးက ပြောသည်။

စက်ဘီးစီး သျှမ်းလူငယ်သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှ စတင်ထွက်ခွါရာ ချင်းရိုင်းမြို့ မယ်ဆိုင်မှ နယ်စပ်ကူးကာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၊ တာလေ၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ ထိုမှတဆင့်သံလွင်မြစ်ဖြတ်သန်းကာ မိုင်းပန် ၊လင်းခေး၊ မောက်မယ်၊ မိုးနဲ၊ ကျိုင်းတောင်း၊နမ့်စန်၊ ခိုလမ်၊ ပင်လုုံ၊ လွယ်လင်၊ တောင်ကြီး၊ ညောင်ရွှေ၊ ပင်လောင်း၊ထိုမှ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်မြို့ သို့ရောက်ရှိခဲ့သည်ဟုဆိုသည်။ ထိုမှတဆင့် နေပြည်တော်သို့ပြန်တက်ကာ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံ၊ ညောင်ဦး၊ မန္တလေးသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဆက်လက်ပြီးသျှမ်းပြည်မြောက်ပိုင်း သို့တက်ကာစစ်ဘေး ရှောင်များအတွက်ရိက္ခာရရှိရေးလှုပ်ရှားမှုပြုကြမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်မြို့ မယ်ကုံးဆည်တွင် ၂၄ နှစ်အရွယ် သျှမ်းလူငယ်တစ်ဦး ရေနစ်သေဆုံး

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ရှိ မယ်ကုံးဆည်တွင် ယမန်နေ့ (မတ်လ ၂၉ ရက်) မွန်းလွဲပိုင်းက အပန်းဖြေရေးကူးနေသည့် အသက် ၂၄ နှစ်အရွယ် သျှမ်းလူငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ချင်းမိုင်သတင်း၏ ဖော်ပြချက်အရ သိရသည်။ သေဆုံးသူမှာ သျှမ်းပြည် လဲချားမြို့မှ အသက် ၂၄ နှစ်အရွယ်...

ချင်းမိုင်မြို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးအဖြစ် သုံးရက်ဆက်တိုက်ဖြစ်၊ ဒေသခံများ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နေ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တစ်ပတ်နီးပါးကြာအောင် ဆက်တိုက်ဖြစ်ပေါ်နေသည့် ပြင်းထန်သော မြူခိုးညစ်ညမ်းမှုကြောင့် အပြင်ဘက်တွင် အလုပ်လုပ်ကိုင်နေရသည့် ဒေသခံများမှာ ကျန်းမာရေးဝေဒနာများ ခံစားနေရကြောင်း သိရသည်။ လေထုအရည်အသွေး တိုင်းတာသည့် IQAir ၏ ထုတ်ပြန်ချက်အရ ချင်းမိုင်မြို့သည် ကမ္ဘာပေါ်ရှိ မြို့ကြီးများအနက် လေထုညစ်ညမ်းမှု အဆိုးရွားမြို့အဖြစ် သုံးရက်ဆက်တိုက် သတ်မှတ်ခံထားရသည်။ ယနေ့ (မတ်လ...

သျှမ်းလူထု ဒုက္ခရောက်နေချိန် လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ နှုတ်ဆိတ်မနေရန် သျှမ်းလူငယ်များ တိုက်တွန်း

0
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့် သျှမ်းလက်နက်ကိုင်အဖွဲ့များနှင့် နှုတ်ဆိတ်နေသည့် နိုင်ငံရေးပါတီများကို သျှမ်းလူငယ်အဖွဲ့အစည်းအသီးသီးက ထောက်ပြပြောဆိုလိုက်သည်။ အဆိုပါထောက်ပြပြောဆိုချက်သည် ယနေ့ (မတ်လ ၁ )ရက်တွင် ကျရောက်သော “သျှမ်းလူငယ်နေ့” အထိမ်းအမှတ်အဖြစ် သျှမ်းလူငယ်အဖွဲ့အစည်း အသီးသီးက ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းနှင့် အထူးသဖြင့်...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...