သီပေါရှိ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး စားသောက်ဖွယ်ရာများလိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်အုပ်စု နားမခေါ်ဘုန်းကြီးကျောင်းတွင်ရောက်ရှိနေသော စစ်ဘေး ရှောင် ၅၀၀ ကျော်အတွက် စေတနာရှင်များ၏ အလှူငွေဖြင့် ဒေသတွင်းလူငယ်ထုမှ ကူညီ ထောက်ပ့ံမှုများ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

Photo by Mr. Moon On/နားမခေါ်ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ကျောင်းသားလူငယ်လေးများအား စေတနာရှင်များကကူညီထောက်ပံ့မှုပေးအပ်

ဇန်နဝါရီလ ၂၃ နှင့် ၂၄ ရက်နေ့က တာချီလိတ်မြို့မှ အလှူရှင်ကြီး ဦးကျော်ငြိမ်း ဒေါ်နန်းစံဖောင်းတို့၏ ကူညီထောက်ပ့ံမှုပစ္စည်များနှင့်အတူ ခိုလမ်၊ လဲချားမြို့မှ လူငယ်များ၏စုပေါင်းအင်အားဖြင့် စစ်ဘေးရှောင် များအား သွားရောက်ကူညီထောက်ပ့ံမှုပေးအပ်ကာ အားပေးဖေးမမှုပြုခဲ့ကြောင်း ခိုလမ်လူငယ် စိုင်းမွန်း ကပြောသည်။

“ကျနော်တို့လူငယ်အဖွဲ့က သွားပြီးကူညီထောက်ပ့ံမှုပေးတာကတော့ စားသောက်ဖွယ်ရာတွေနဲ့ ကျောင်းသားလေးတွေအတွက် စာအုပ်တွေ ခဲတံတွေ စာရေးကိရိယာတွေပေါ့။ အခုဒီမှာ စာမေးပွဲဖြေရမယ့် ကျောင်းသားလေးတွေ ၁၀၀ လောက်ရှိတယ်။ပညာရေးဌာနကသူတို့ကို ဒီဘုန်းကြီးကျောင်းမှာဘဲ စာလာသင်ပေးတယ်။ စာဖြေဖို့တော့ ဘယ်လိုစီစဉ်ကြမလဲမသိသေးဘူးလို့ပြောပါတယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

လက်ရှိ နားမခေါ်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ရွာသား ၅၈၀ ကျော်ရှိပါသည်။ တွန်ကျိုင်းရွာ၊ ၀မ်ဟုံရွာ၊ တာလုံရွာ နိုင်းလုံရွာဟိုနားရွာတို့မှ ရွာသားများဖြစ်ကြသည်။

“တာ့လုံရွာသားတွေလည်းနေရပ်အရမ်းပြန်ချင်နေကြပြီ။ ပြောင်းတွေ ပဲတွေယူရမယ်။တချို့ဆို ချိုးထားတယ်မသိမ်းရသေးဘူး။ ပြန်သွားသိမ်းချင်တာလေ။ တချို့လည်း တိုက်ပွဲကြောင့် ကမန်းကတန်းထွက်လာရတာ အိမ်တံခါးတောင်မပိတ်လိုက်ရဘူး။ ဒီမနက်တချို့ပြန်သွားကြည့်တယ်။ အခြေအနေကလုံးဝ တင်းမာနေသေးတဲ့အတွက်မနေရဲကြဘူး။ ကျောင်းကိုပြန်လှည့်လာကြတယ် ။ ” – ဟု ကူညီထောက်ပ့ံရေးအဖွဲ့တွင်ပါ၀င်သည့် လူငယ်တဦးကလည်း ပြောသည်။

Photo by Mr. Moon On/နားမခေါ်ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ကျောင်းသားလူငယ်လေးများအား ခိုလမ်၊ လဲချားလူငယ်အဖွဲ့က စာရေးကိရိယာများ ကူညီထောက်ပံ့မှုပေးအပ်

“နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေ ရက်တွေလည်းကြာလာပြီဆိုတော့ အစားအသောက်တွေ အသုံးအဆောင်တွေ တကယ်လိုအပ်နေပါတယ်။ ဖြစ်နိုင်ရင်တော့ ရပ်နီးရပ်ဝေးကစေတနာရှင်တွေကို လာရောက်ကြည့်ရှုကူညီအားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ် ” – ဟု စစ်ဘေးရှောင်များအား ကူညီထောက်ပ့ံမှု သွားပေးခဲ့သည့် စိုင်းမွန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သီပေါမြို့နယ်အတွင်း နားမခေါ်ဘုန်းကြီးကျောင်းအပြင် တွန်ကာဟောခန်းမ၊ နားကန်ကျောင်းတိုက် နောင်အန်ကျောင်းတိုက်နှင့် လီဆူးခရိယာန်ကျောင်းတို့တွင်လည်း စစ်ဘေးရှောင်များခိုလှုံနေကြသည်။ လက်ရှိသီပေါမြို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်စုစုပေါင်း ၁၀၀၀ ကျော်ရှိသေး သည်ဟုသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...