Wednesday, January 28, 2026

သီးနှံဆွတ်ခူးရန်နှင့် ကလေးများစာမေးပွဲဖြေနိုင်ရန် လက်နက်ကိုင်ခေါင်းဆောင် ၂ ဦးအမြန်ဆုံးတွေ့ဆုံဖို့ စစ်ရှောင်များလိုလား

လယ်ယာခြံမြေအတွင်းသီးနှံများ ဆွတ်ခူးရန်နှင့် ကျောင်းနေအရွယ်ကလေးများ စာမေးပွဲဖြေဆိုခွင့်ရရေးအတွက် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုများ လျှော့ချ၊ ရပ်တန့်ပေးရန် စစ်ဘေးရှောင်များက လိုလား ကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by Sipaw Youth/ နားမခေါ်ဘုန်းကြီးကျောင်းရောက် စစ်လေးရှောင်

ဘုန်းကြီးကျောင်းများတွင် တလနီးပါး စစ်ဘေးရှောင်ခိုလှုံကာ နေရပ်မပြန်နိုင်သေးသော စစ်ဘေးရှောင်များက ဇန်နဝါရီလ ၂၁ ရက်နေ့က သျှမ်းသံတော်ဆင့်မှဆက်သွယ်မေးမြန်းရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နားမခေါ်ဘုန်းကြီးကျောင်းရောက် စစ်လေးရှောင်အမျိုးသမီးတဦးက – “ကျမတို့အရမ်းကိုအခက်အခဲဖြစ်ရပါတယ်။ လယ်ယာတွေထဲမှာလည်း သီးနှံတွေမဆွတ်ရဘူး။ ဒီတိုင်းဘဲပစ်ထားခဲ့ရတာ။ နှမ်းတွေ၊ ပြောင်းတွေမယူရဘူး။ ရှုံးပြီပေါ့ဒီနှစ်တော့။ တွန်ကျိုင်းရွာမှာစ ဖြစ်လာတဲ့တိုက်ပွဲဟာ ကနေ့အထိ မရပ်သေးတော့ ရွာမပြန်နိုင်ကြသေးဘူး။ ကျောင်းစာမေးပွဲလည်းဖြေချိန်နီးပြီဆိုတော့ ကလေးတွေစာမေးပွဲဖြေခွင့်ရဖို့ စစ်ရေးတင်းမာနေတဲ့ သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့ လူထုရဲ့ခံစားချက်ကို စာနာနားလည်ပေးပါ။ ခေါင်းဆောင် ၂ ယောက် အမြန်ဆုံးတွေ့ဆုံပြီး တိုက်ပွဲမြန်မြန်ရပ်ပေးပါ လို့တောင်းဆိုချင်တယ် ”- ဟု သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင်ပြောဆိုခဲ့သည်။

လက်ရှိ သီပေါမြို့နယ်တွင် စစ်ဘေးရှောင် ၉၀၀ ကျော်ရှိနေရာ နားမခေါ်ဘုန်းကြီးကျောင်း၊ တုန်ကာဘုန်းကြီးကျောင်း၊ နားကန်ဘုန်းကြီးကျောင်း၊ နောင်အန်ဘုန်းကြီးကျောင်း ၊ ခရိယာန်လီဆူးဘုန်းကြီးကျောင်းတို့တွင်အသီးသီးခိုလှုံနေလျှက်ရှိရာ နေရပ်မပြန်နိုင်ကြသေးကြောင်းသိရသည်။

စစ်ဘေးရှောင်လာသောရွာသားများမှာ နိုင်းလုံရွာ၊ တွန်ကျိုင်းရွာ၊ ဟိုနားရွာ၊ ၀မ့်ဟုန့်ရွာ၊ တာ့လုံရွာ၊ ကျိတ်ဖွန်ရွာ၊ ခိုင်းဟျိုးရွာ၊ လုံဝိုင်ရွာ၊ဖတ်းနမ်ရွာ၊ လွယ်မောက်နှင့် ဆိုင်းခေါင်ရွာမှရွာသား များဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း စစ်ဘေးရှောင် ၁၄ ရွာမှ ရွာသား ၄၀၀၀ ကျော်သည် စုပေါင်းလက်မှတ်ရေးထိုးကာ သျှမ်းတပ် ၂ ဖွဲ့အမြန်ဆုံးပူးပေါင်းနိုင်ရေးအတွက် ခေါင်းဆောင် ၂ ဦးအမြန်ဆုံးတွေ့ဆုံကြရန် ရေးသားတိုက်တွန်းကာ သီပေါမြို့ ကျားခေါင်းပါတီလွှတ်တော်ကိုယ်စားလှယ် ထံပေးပို့ထားသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS/SSA နှင့်အမြန်ဆုံးတွေ့ဆုံနိုင်အောင်စီစဉ်သွားမည်ဟု SSPP/SSA က ဇန်နဝါရီလ ၂၀ ရက်နေ့ရက်စွဲဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။

၂၀၁၈ နှစ်နှောင်းပိုင်းကတည်းကစပြီးသျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ရေးတင်းမာမှု ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ရာ ဒေသခံလူထု ထောင်နှင့်ချီ စစ်ဘေးရှောင်ကာ ဘုန်းကြီးကျောင်းများတွင်ခိုလှုံနေခဲ့ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...