သျှမ်းတွေရလိုက်တဲ့ အရှုံးထဲက အရှုံး

(ဆောင်းပါးရှင်- ခမ်းအွန်)

သျှမ်းလူမျိုးတွေ သျှမ်းခေါင်းဆောင်တွေ စည်းလုံးညီညွတ်မှုအင်အားဖြင့် ဖြတ်သန်းလာခဲ့တာ ဖေဖော်ဝါရီ ရ ရက် “ သျှမ်းအမျိုးသားနေ့” နှစ် ၇၂တိုင်ခဲ့ပါပြီ။

ဖေဖော်ဝါရီ ရ ရက်နေ့ သျှမ်း အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ သျှမ်းပြည်နယ် တဝှမ်း သာမက သျှမ်းလူမျိုးတွေ နေထိုင်တဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေ ပြည်ပ ရောက်သျှမ်းတွေက ပျော်ရွှင်စွာ ကျင်းပကြပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့“ သျှမ်းအမျိုးသားနေ့ ” ကျင်းပပြီး နောက် ၂ ရက်မှာတော့ သျှမ်းမြောက် ဒေသမှာ သျှမ်းလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားတာကြောင့် ပြည်သူတွေလည်း အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင် ထွက်ပြေးကြရပါတယ်။

Photo by Kham On-ကျောက်မဲမြို့ ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် တွေရောက်ရှိခိုလှုံနေရ

သျှမ်းပြည်မှာ အခုလိုအသဲထဲထိ အေးစိမ့်နေတဲ့ရာသီမှာ မြောက်ပြန်လေ နဲ့အတူ ပြည်သူလူထုကလည်း တောင်ကိုတကြိမ် မြောက်ကိုတလှည့်နဲ့စစ်ဘေးရှောင်တိမ်းနေရတာကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေ အာရုံ မစိုက်နိုင်တော့တာကြောင့် လယ်ယာသီးနှံတွေ ပျက်စီးဆုံးရှုံးကြရပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့တုန်းက သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတာ် (SSPP/SSA) တို့ ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲတွေဖြစ်ပွားပြီး လက်ရှိမှာတော့ ကျောက်မဲမြို့ ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် တထောင်ကျော် ရောက်ရှိခိုလှုံနေရပါတယ်။

Photo by Kham On-ကျောက်မဲမြို့ ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် တွေရောက်ရှိခိုလှုံနေရ

ဖေဖော်ဝါရီ ၁၁ ရက် နေ့လည်က ကျောက်မဲမြို့ အောင်ဆုပန် ကျောင်းတိုက် နဲ့ ရွှေကျင်ကျောင်းတိုက်တွေမှာ ရောက်သွားတော့ အဲ့ကျောင်းမှာရှိတဲ့ ရွာသားတွေအများကြီးဟာ တချို့က စားဖို့ ထမင်း၊ ဟင်းတွေ ချက်ပြုတ်ပြင်ဆင် နေကြ သလို ဖြူစင်လွန်းတဲ့ကလေးလေးတွေကတော့ အုပ်စုလိုက် ဆော့ကစားနေကြတာတွေ့ရပါတယ်။

Photo by Kham On-ကျောက်မဲမြို့ ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် တွေရောက်ရှိခိုလှုံနေရ

ရုတ်တရက်ကြည့်လိုက်ရင် ပွဲလမ်းသဘင် ကျင်းပနေသလားလို့တောင် ထင်ကောင်းထင်ရ ပေမယ့် အမှန်မှာတော့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ထွက်ပြေး တိမ်းရှောင်လာကြတဲ့သူတွေပါ။

ဒီစစ်ရှောင်တွေကို မြင်တွေ့လိုက်ချိန်မှာ ရင်ထဲမှာ စိတ်ပူပန်မှုတွေ၊ သူတို့ အတွက် စိုးရိမ်မှုတွေ က အလိုလို ဆို့နင့်လာပါတယ်။

တိုက်ပွဲကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက စစ်ဘေးရှောင်တွေဟာ ဒီဘုန်းကြီးကျောင်းတွေမှာ ခိုလှုံဖို့ရောက်ရှိလာကြတာဖြစ်ပြီး သူတို့ထဲမှာ အများစုဟာ ကလေးငယ်တွေ၊ အမျိုးသမီးတွေ နဲ့အသက်အရွယ် ကြီးရင့်သူတွေ ဖြစ်ကြပါတယ်။

Photo by Kham On-ကျောက်မဲမြို့ ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် တွေရောက်ရှိခိုလှုံနေရ

“ ကျမတို့ သေနတ်သံကြားတော့ လူတွေ စုပြီး ထွက်ပြေးလာတာ။ တချို့ဆို ဆိုင်ကယ် နဲ့ ပြေးလာတယ်။ သေနတ်သံကြားတော့ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိအောင် ကြောက်လန့်ပါတယ်” လို့ ကျောက်မဲမြို့ အောင်ဆုပန်ကျောင်းတိုက်မှာ လာရောက်ခိုလှုံတဲ့ နမ့်ပျဉ်ရွာသူ နန်းဆွဲ့ က ပြောပါတယ်။

သူမအနေနဲ့ သျှမ်းအချင်းချင်း ပစ်ခတ်သတ်ဖြတ်ကြတာ တကြိမ်တခါမျှ မကြားဖူးကြောင်း၊ တိုက်ပွဲကြောင့် အမျိုးသမီးတွေ ကလေးငယ်တွေ ရဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေ ကို ငဲ့ညှာကြည့်သင့်ကြောင်း နန်းဆွဲ့ က ဆို့နင့်စွာပြောပါတယ်။

သျှမ်းပြည် မြောက်ပိုင်းမှာ RCSS နဲ့ SSPP တို့ဟာ ၂၀၁၈ ခုနစ် နိုဝင်ဘာ လကုန် ကတည်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။ အဲဒီကနေတဖြည်းဖြည်းနဲ့ အခုဆိုရင် စစ်ရေး တင်းမာမှုက ပိုကြီးထွားလာတာ သျှမ်းပြည်တောင်ပိုင်းနဲ့ထိစပ်တဲ့နေရာတွေဆီကိုပျံ့နှံ့လာနေပါပြီ။

သျှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်တဲ့တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိသလို တိုက်ပွဲတွေကြောင့် တနှစ်ပတ်လုံး စစ်ရှောင်နေရတဲ့ရွာသားတွေရဲ့ စိုက်ပျိုးရေးတွေ၊ စီးပွားရေး တွေ ကောင်း ကောင်းမွန်မွန် မလုပ်ကိုင်နိုင်တဲ့အတွက် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရပါတယ်။

အဲဒီထဲမှာမှ ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေ အမျိုးသမီးတွေအတွက် အခက်အခဲတွေ စိန်ခေါ်မှု တွေ ဝန်ထုတ်ဝန်ပိုးတွေက ပိုမိုကြီးထွားလာပါတယ်။

Photo by Kham On-ကျောက်မဲမြို့ ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် တွေရောက်ရှိခိုလှုံနေရ

မျက်နှာတွေမှာ စိုးရိမ်ပူပန်မှုတွေထင်ဟပ်နေတဲ့ မိခင်တွေဟာ ဖရိုဖရဲ အဝတ်အစားတွေ ၀တ်ဆင်ထားပြီး လူမမယ်သေးတဲ့ သူတို့ရဲ့ရင်သွေးလေးတွေကို ချီပိုးထားကြပါတယ်။ ကိုယ့်အိမ်ကိုယ်ယာမဟုတ်တဲ့ အရပ် ဒေသမှာ သက်ကြီးရွယ်အိုတွေရော မိခင်ရင်ခွင်ထဲက ကလေးလေးတွေဟာ ငိုကြွေးနေကြတာဖြင့် စစ်ဘေးရှောင်စခန်း မှာ မြင်ရတာ စိတ်မချမ်းသာလှပါဘူး ။

နမ့်ပျဉ်ရွာသူ မိခင်တဦးက လသားကလေးကို ချီ ကာ “ ကျမ နဲ့ကလေး အရင်ပြေး လာတာ။ ကျမရဲ့ အမျိုးသား အခုထိ ရွာမှာပဲ ကျန်နေတယ်။ ဒီမှာနေရာထိုင်ခင်း စိတ်မပူရပါဘူး ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်လာသူတွေမှာ ကိုယ်ဝန်သည်တွေ၊ မွေးပြီးခါစ မိခင်တွေ နဲ့ ကလေးငယ်တွေ ၊ သက်ကြီးရွယ်အိုတွေများပြားလှပါတယ်။ သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ သူတို့ခံစားနေရတဲ့ စိတ်သောကတွေကို တိုက်ပွဲဆင်နွဲဖို့ အမိန့်ပေးနေတဲ့ စစ်ခေါင်းဆောင်တွေကို မြင်စေ့ချင်ပါတယ်။

မီးနေသည် မိခင် တယောက် အနေနဲ့ စစ်ဘေးရှောင် စခန်းမှာခက်ခက်ခဲခဲနေထိုင်နေရတာတွေ၊ ကလေးရဲ့ အနှီးလျှော်ဖွတ်တာ၊ ကလေးကိုပြုစုစောင့်ရှောက်ရတာ၊ ဒီတရွာလုံးကလူတွေကြားမှာ ကလေး ကိုနို့တိုက်နေရတာ၊ ကလေးအတွက်နေရထိုင်ရအဆင်မပြေလို့ ငိုကြွေးဂျီကျခြင်းခံနေရတာ ၊ တောင်ပေါ်ဆောင်းနဲ့အံတုပြီးနေနေရ တဲ့ဒီဒဏ်တွေကိ မိခင်နဲ့ ကလေးငယ်တွေ ဘယ်လောက်ထိ ရှည်လျားစွာ ဆက်ပြီးရင်ဆိုင်ခံစားနေရအုံးမှာလဲ။

“ သျှမ်းအချင်းချင်းတိုက် တဲ့ တိုက်ပွဲဘဲဖြစ်ဖြစ် တခြားအဖွဲ့နဲ့တိုက်တဲ့တိုက်ပွဲဘဲဖြစ်ဖြစ် ကျမ ထပ်မဖြစ်စေချင်တော့ဘူး” လို့ စိတ်ပျက်လက်ပျက်နဲ့ စစ်ရှောင် အမျိုးသမီး တဦးက ပြောပါတယ်။

စစ်ရှောင်တဲ့ ကလေးငယ်တွေကလည်း စစ်မက်ရေးရာမရှိတဲ့တခြားသောဒေသက ကလေးတွေ လိုဘဲ အေးချမ်းလွယ်ကူစွာနဲ့ ပညာသင်ချင်ကြတယ်လို့ ပြောဆိုတာတွေလည်း ကြားခဲ့ရပါတယ်။

သျှမ်းတိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတိုက်ပွဲရပ်တန့်ဖို့ အတွက် ခေါင်းဆောင်အချင်းချင်း တွေ့ဆုံ ညှိနှိုင်းဖို့ စစ်ရှောင်လူထုတွေ တခြားဒေသက သျှမ်းပြည်သူတွေ ရဟန်း သံဃာတော်တွေ က အကြိမ်ကြိမ် စာရေး တောင်းဆိုခဲ့ပေမယ့် လက်ရှိ မှာ တွေ့ဆုံမှု မရှိခြင်းက မည်သည့် အခက်အခဲဖြစ်နေသည်ကို မစဉ်းစား တတ်တော့ပါဘူး။

သျှမ်းလက်နက်ကိုင် ၂ ဖွဲ့တွေ့ဆုံမှုတွေ ညှိနှိုင်းမှုတွေ အမြန်ဆုံးမပြုလုပ်သေးသရွေ့ တော့ သျှမ်းလူမျိုးတွေ ရဲ့ အနာဂတ်က မတွေးဝံ့သလို “ နွားကွဲရင် ကျားဆွဲမယ်” ဆိုတဲ့ စကားပုံအတိုင်း ကိုယ့်လူမျိုး ကိုယ့်ပြည်သူ ကဘဲ ထိခိုက်နစ်နာပါမယ်။

RCSS ဟာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်ပါ၀င်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

SSPP က NCA လက်မှတ်မထိုးရသေးပေမယ့် အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီး တဲ့အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေးညီလာခံတွေမှာ တက်ရောက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်တဖွဲ့ဖြစ်ပေမယ့် NCA လက်မှတ်ရေးထိုုးနိုင်ရေးအတွက် စီစဉ်နေတယ်လို့လည်းကြားသိရပါတယ်။

တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းကတော့ RCSS ဟာ NCA လက်မှတ်ရေးထိုုးပြီးနောက်ပိုင်း သျှမ်းမြောက် ကို နယ်မြေ ချဲ့ထွင်မှုကြောင့်ဖြစ်တာလို့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ က ပြောပါတယ်။

သျှမ်းမြောက်ဒေသမှာတော့ RCSS နဲ့ SSPP တို့ အချင်းချင်းဖြစ်တဲ့ တိုက်ပွဲသာမက RCSS နဲ့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ တို့နဲ့လည်း မကြာမကြာ တိုက်ပွဲဖြစ်ပွားနေပါတယ်။

တိုင်းရင်းသားတွေ ယုံကြည်တဲ့ လက်နက်ကိုင် တော်လှန်ရေး ဟာ ကိုယ့်လူမျိုးရေး၊ ကိုယ့်ရပိုင်ခွင့်၊ တန်းတူညီမျှမှုတွေ နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်ကြဖို့ဆိုပေမယ့် လက်ရှိမှာတော့ ဘယ်ကို ဦးတည်နေကြသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

တပြည်နယ် ချင်းအတူတူနေထိုင်ကာ အချင်းချင်း တိုက်ပွဲဖြစ်ရင် ဘေးလူ ထိုင်ပြီး လက်ခုပ်လက်ဝါးတီး မှာဖြစ်သလို ကိုယ်သွားလိုတဲ့ ဖက်ဒရယ် ပြည်ထောင်စု၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး ဟာ လည်း ပိုအလှမ်းဝေးသွားပါမယ်။

သျှမ်းလက်နက်ကိုင် ခေါင်းဆောင် ၂ ဖွဲ့ အနေနဲ့ စစ်ဘေးရှောင် အမျိုးသမီးတွေ၊ ကလေးငယ်တွေကို သနားငဲ့ညှာ ပြီး တိုက်ပွဲတွေ ရပ်တန့်ဖို့ အမြန်ဆုံး ညှိနှိုင်းကြဖို့ တိုက်တွန်းချင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်တဲ့ တိုက်ပွဲဟာ ကိုယ့် ညီအကို အချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲ လို့ ပြောလို့ရပါတယ်။ ရလဒ်ကတော့ သူတို့ ၂ ဖွဲ့ အတွက် ရော ဒေသခံလူထုအတွက်ပါ အောင်နိုင်မှု တခုမှ မရှိဘဲ အရှုံးထဲက အရှုံးတွေဘဲရှိပါတယ်။ သျှမ်းလူမျိုးအတွက်လည်း အရှုံးထဲကနေ လွယ်လွယ်နဲ့ရုန်းထွက်နိုင်တော့မှာ မဟုတ်ပေ။

မှတ်ချက် – ခမ်းအွန်သည် အမျိုးသမီးအရေးလှုပ်ရှားသူ တဦးဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...