စစ်ခေါင်းဆောင်
စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရန် အတွက် တောင်ကြီးတွင် စစ်ဆေးမှုတင်းကြပ်လာ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် စစ်ဆေးမှုတင်းကြပ်လာ နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အရေးပေါ်ကာလကို သက်တမ်းမတိုးတော့ဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာလွှဲအပ်ထားသည့် အမိန့်ကို ပယ်ဖျက်ပြီး နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကို ပြောင်းလဲ...
စစ်ခေါင်းဆောင်ထံ ယာယီသမ္မတရာထူး လွှဲပေးခဲ့သည့် ဦးမြင့်ဆွေ သေဆုံးကြောင်း သတင်းထွက်
SHAN -
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ယာယီသမ္မတရာထူး လွှဲပြောင်းပေးခဲ့သည့် ဦးမြင့်ဆွေသည် ယနေ့ (ဩဂုတ်လ ၆ ရက်) နံနက်အစောပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၂) ကုတင် ၁၀၀၀ စစ်ဆေးရုံကြီးတွင် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းစဉ်က ယာယီသမ္မတအဖြစ် ဆောင်ရွက်ခဲ့သည့်...
မိုင်းလားတပ်ဖွဲ့ NDAA နှင့် တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေး ကူညီမည်ဟု စစ်ခေါင်းဆောင်ပြောဆို
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ တွေ့ဆုံခဲ့စဉ် မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မှ ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ခေါ် မိုင်းလားတပ်ဖွဲ့မှ ၎င်းတို့ဒေသအတွင်း အခြားသော လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းတို့ကို လက်ခံထားခြင်း မရှိကြောင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် NDAA...
လိုင်စင်မဲ့ကားများဖမ်းဆီးရန် စစ်ခေါင်းဆောင် ညွှန်ကြားပြီးနောက် တောင်ကြီးတွင် ဆိုင်ကယ်ပါမချန် ဆက်တိုက်ဖမ်းဆီးနေ
လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် နိုင်ငံတော်၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အခွန်အခများ နစ်နာခြင်းကြောင့် ဖမ်းဆီးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့ကို အမိန့်ပေးညွှန်ကြားလိုက်သည်။ မေလ (၂၀)ရက် နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေး ဒုတိယနေ့တွင် ထိုသို့ ဖမ်းဆီးရန် စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် မေလ (၂၁)...
ရွေးကောက်ပွဲကို ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်ဟု စစ်ခေါင်းဆောင်ပြော
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ယမန်နေ့ (မေလ ၁၉ ရက်)တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး မူလရည်ရွယ်ချက်အတိုင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။ ရွေးကောက်ပွဲပြုလုပ်ရာတွင် တစ်နိုင်ငံလုံး...
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရုရှားထပ်သွားမည်
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ နှစ် (၈၀) ပြည့် ရင်ပြင်နီ ချီတက်ပွဲ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ ထပ်မံသွားရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းစာများက ဖော်ပြသည်။ မေလ ၉ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့တွင်...
အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်နေသဖြင့် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ အလုပ်လုပ်ကြရန် စစ်ခေါင်းဆောင်ပြော
SHAN -
ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်ပသို့သွားရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ အလုပ်လုပ်ကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွင် ပြောသည်။ ပြည်တွင်းအလုပ်အကိုင်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် Job Fair များ ကျင်းပကာ One Stop...
ရုပ်သံဖိုင်အဟောင်းတွေကိုအသုံးပြုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းအမှား
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက လမ်းမပေါ်နဲ့ မြို့မတော်ခန်းမရှေ့မှာ ဆန့်ကျင်ဆန္ဒပြ၊ မောင်းထုတ်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဆက်တိုက်ပြန့်နှံ့နေပါတယ်။ အဲ့ဒီရုပ်သံဖိုင်ကို သူပုန်းမလေး နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေ ဖြန့်ဝေခဲ့တာ တွေ့ရပြီး “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင်” လို့ (မူရင်း) ရေးသားဖော်ပြခဲ့ရာ...
စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး ဖိတ်သည့်ကိစ္စ ထိုင်းဝန်ကြီးချုပ် ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို
SHAN -
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တက်ရောက်ရန် ထိုင်းဝန်ကြီးချုပ်မှ ဖိတ်ကြားခဲ့ခြင်းကိစ္စ ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တောင်းဆိုလိုက်သည်။ ယနေ့ (ဧပြီလ ၃ ရက်) တွင် ကျင်းပသည့် ထိုင်းအောက်လွှတ်တော် အစည်းအဝေးအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဘင်းမ်စတက်...
ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဉီး၊ ဒဏ်ရာရရှိသူ ၇၃၂ ဦးစာရင်းရထား၊ ထပ်တိုးနိုင်ဟု စစ်ခေါင်းဆောင်ပြော
SHAN -
ယနေ့ (မတ် ၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဉီးနှင့် ဒဏ်ရာရရှိသူ ၇၃၂ ဉီးတို့ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ထိုသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူသည် နေပြည်တော် ၊မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အများအပြား ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသွားသည်။ သို့သော်...





