စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရုရှားထပ်သွားမည်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ နှစ် (၈၀) ပြည့် ရင်ပြင်နီ ချီတက်ပွဲ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ ထပ်မံသွားရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းစာများက ဖော်ပြသည်။

မေလ ၉ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်မည့် နှစ် (၈၀) ပြည့် ရင်ပြင်နီ ချီတက်ပွဲ အထိမ်းအမှတ် အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တို့က ကျူးကျော်သူ နာဇီဂျာမနီအပေါ် အောင်နိုင်သည့် အထိမ်းအမှတ်အဖြစ် နှစ်စဉ်ပြုလုပ်သည့် စစ်ရေးပြပွဲကို ယခုနှစ်တွင် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်အချို့ ပါဝင်စစ်ရေးပြမည် ဖြစ်ကြောင်း သိရသည်။

ထိုစစ်ရေးပြပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်မည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် အခြားသော နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း စစ်ခေါင်းဆောင်က သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီထုတ် သတင်းစာ၌ ဖော်ပြသည်။

ထို့ပြင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် နှစ် (၈၀) ပြည့် အထိမ်းအမှတ်အတွက် မေလ ၈ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ သုံးရက်ကြာ အပစ်အခတ် ရပ်စဲရန် ရုရှား၏ ကမ်းလှမ်းချက်ကို မေလ ၃ ရက်နေ့တွင် ယူကရိန်းသမ္မတ ဇီလန်စကီးက ပယ်ချခဲ့သည့်အပြင် ရုရှားက ဖိတ်ကြားထားသော နိုင်ငံတချို့မှ ခေါင်းဆောင်များ၏ လုံခြုံရေးကို အာမခံချက် မပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် မတ်လဆန်းက သွားရောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းနယ်ပယ် ၁၀ ခုကျော်တွင် ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီနှင့် ရုရှားအစိုးရတို့က ဆွေးနွေးသဘောတူခဲ့ကြသည်။

ယင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်၊ နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် စွမ်းအင်လုပ်ငန်း၊ နည်းပညာ၊ သတင်းအချက်အလက်နှင့် တယ်လီကွန် ဆက်သွယ်ရေး၊ သတ္ထုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ အစားအသောက်၊ သယ်ပူပို့ဆောင်ရေး၊ အလုပ်သမားပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးသဘောတူခဲ့ကြကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အောင်လှိုင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံ၌ ကျင်းပသည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ပြီး ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံထားသည်။

ယခု ၂၀၂၅ ခရီးစဉ်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတနှင့် တတိယမြောက် တွေ့ဆုံနိုင်ရန် ဖြစ်လာခြင်း ဖြစ်သည်။

ထိုခရီးစဉ်သည် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ ၅ ကြိမ်မြောက် ရုရှားခရီးစဉ် ဖြစ်လာမည်ဖြစ်ပြီး တပ်ချုပ်ဖြစ်ပြီးကတည်းကဆိုလျှင် ၁၂ ကြိမ်မြောက် ခရီးစဉ်ဖြစ်လာမည် ဖြစ်သည်။

ပုံစာ – ၂၀၂၅ မတ်လ ၄ ရက်နေက ရုရှားသမ္မတ ပူတင် က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကရင်မလင်နန်းတော်မှာ လက်ခံတွေ့ဆုံစဉ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...