စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရန် အတွက် တောင်ကြီးတွင် စစ်ဆေးမှုတင်းကြပ်လာ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် စစ်ဆေးမှုတင်းကြပ်လာ နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အရေးပေါ်ကာလကို သက်တမ်းမတိုးတော့ဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာလွှဲအပ်ထားသည့် အမိန့်ကို ပယ်ဖျက်ပြီး နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကို ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ထိုသို့ ပြောင်းလဲ ဖွဲ့စည်းပြီးနောက် တောင်ကြီးမြို့တွင် စစ်ပြေး၊ ရဲပြေး နှင့် စစ်မှုထမ်းပါသူများကို စစ်ကောင်စီက လူပုဂ္ဂိုလ် တစ်ဦးချင်းစီ စောင့်ကြည့်စစ်ဆေးသည့် (PSMS ) နည်းပညာဖြင့် ရှာဖွေ စစ်ဆေးမည်ဖြစ်ကြောင်း တောင်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပြီးခဲ့သည့် ဩဂုတ်လ (၄) ရက်တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်မည်ဆိုသောကြောင့် ရပ်ကွက်များတွင် မဲထည့်နိုင်သည့် လူဦးရေစာရင်းများ ကောက်ခံနေရပြီး ဧည့်စာရင်းများကိုလည်း လတိုင်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီး ကပြောသည်။

“စစ်တပ်က တော့ မဖြစ်ဖြစ်အောင်ကို လုပ်မှာ။ ၁၈ နှစ်အထက် လူဦးရေစာရင်းကို ကောက်ခိုင်းထားတာ။ သူတို့ကတော့ ‌ရွေးကောက်ပွဲနီးလာလေ ပိုပြီး တင်းကြပ်လေပဲ။ သူတို့အတွက် ကြိုတင်ကာထားတဲ့ သဘောပေါ့။ သူတို့အုပ်ချုပ်ကတည်းက တိုးတက်တာမရှိဘူး အကုန်ဆုတ်ယုတ်လာတာ။”ဟု ၎င်း အုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် ဧည့်စာရင်းမတိုင်သည့် သူများရှိလျှင် အိမ်ရှင်နှင့် ဧည့်သည်များကို စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူး၊ ခရိုင်မှူးများက လာရောက် ဖမ်းဆီးပြီး ငွေကျပ် ၃သောင်းမှ ၇ သောင်းကျပ်အထိ ဒဏ်ရိုက်ပြီး ပြန်လွှတ်ပေးကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လာမည့် ၂၀၂၆ ဇန်နဝါရီလထဲတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထို PSMS နည်းပညာဖြင့် စစ်ပြေး၊ ရဲဘက်ပြေး၊ တရားခံပြေးများနှင့် အကြမ်းဖက်သမားများ ဖမ်းဆီးနိုင်ရန်အတွက် ယာဉ်လိုင်းစစ်ဆေးမှုစနစ်၊ ရဲတပ်ဖွဲ့ဝင် ထောက်ခံစာ စနစ်၊ မှတ်ပုံတင် အမှတ်မရှိသော တရားခံပြေးများ၏ ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များကို တိုက်ဆိုင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

ထိုသို့ စစ်ကောင်စီမှ စစ်ဆေးမှုတင်းကြပ်လာသောကြောင့် အဆောင်အတွင်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားမည်ကို ကြောက်လန့်နေရကြောင်း တောင်ကြီးတွင် ကွန်ပျူတာ သင်တန်းလာတက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဆောင်မှာ လတိုင်း ဧည့်စာရင်းတွေ ဝင်စစ်တော့ ကိုယ်ကလူငယ်လည်း ဖြစ်တယ် ဘာမှ မလုပ်ထားးလည်း ဖမ်းခံရမှာကြောက်တယ်။ ဒီလို နည်းပညာသုံးပြီး စစ်ဆေးမယ်ဆိုရင်တော့ ပိုဆိုးတာပေါ့။ အပြင်လည်း သိပ်မထွက်ရဲဘူး။ ဖမ်းပြီး ငွေညှစ်မလား ဘာလုပ်မလဲ မသိဘူး မလုံခြုံဘူး။ ဖမ်းသွားရင်လည်း ရွာက မိဘတွေ သိလိုက်မှာ မဟုတ်ဘူး။ သင်တန်းလာတက်ရတာလည်း မလုံခြုံဘူး။”ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီမှ တင်းကြပ်စစ်ဆေးကြောင့် ခရီးသွားလာမှုနှင့် နေထိုင်မှုများ စိုးရိမ်ဖွယ်ကောင်းလာကြောင်း တောင်ကြီးတွင် လာရောက်အလုပ်လုပ်နေသည့် အသက် ၂၀ ကျော်အရွယ် လူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အချိန်မရွေး အလွယ်တကူအဖမ်းခံရနိုင်တယ်။ ကိုယ်က အပြစ်ကင်းနေရင်တောင် လိမ်ညာဂွင်ဆင်ပြီး ဖမ်းတာ၊ ငွေညှစ်တာတွေ လုပ်လာနိုင်တယ် သူတို့က အကျင့်ကောင်းတာမဟုတ်ဘူး။ လူငယ်တွေအနေနဲ့ ပိုပြီး စိုးရိမ်စရာဖြစ်လာတာပေါ့။ခရီးတွေဆို မသွားရဲ မလာရဲအခြေနေ ဖြစ်နေမှာ။” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ဟိုတယ်၊ မိုတယ် နှင့် တည်းခိုခန်းသို့ လာရောက်သူများကို (PSMS ) နည်းပညာဖြင့် စစ်ဆေးမေးမြန်း မှုပြုလုပ်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားပေးရမည်ဖြစ်သည်။

ထို့အပြင် တောင်ကြီးမြို့အဝင် ၊အထွက် နေရာများ၊ ကားဂိတ်များ၊ ယာဉ်လိုင်းများတွင် လိုက်ပါသည့် ခရီးသည်များကိုလည်း (PSMS ) နည်းပညာဖြင့် စစ်ဆေးမှုပြုလုပ်ပြီး သက်ဆိုင်ရာ ဌာနသို့ အကြောင်းကြားပေးရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အချက်လက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ဟိုတယ် ပိုင်ရှင်များ၊ ယာဉ်လိုင်းပိုင်ရှင်များကို တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်နေ့တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ် အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသူ အသက် (၂၉)နှစ်အရွယ် မသက်ထားသူဇာကို (PSMS ) နည်းပညာဖြင့် စစ်ဆေးခဲ့ရာ PDF တပ်ဖွဲ့များအား အလှူငွေ ကောက်ခံပေးသည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။

ထို့ပြင် မေလ ၂၅ ရက်တွင်လည်း တောင်ကြီးနည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသူတစ်ဦးကို လမ်းခရီးတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ PSMS နည်းပညာဖြင့် မှတ်ပုံတင်စစ်ဆေးခဲ့ရာ PDF ဖြင့်ချိတ်ဆက်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် ဖမ်းဆီးခံလိုက်ရသေးသည်။

စစ်ကောင်စီ အသုံးပြုနေသည့် PSMS (Person Scrutinization and Monitoring System) နည်းပညာသည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ သီးသန့် ကိုယ်ရေးအချက်အလက်များကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပြီး AI ၊ Facial Recognition ၊ CCTV Analysis နှင့် Biometric Data တို့ဖြင့် တိကျစွာ စောင့်ကြည့်နိုင်သည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို e-ID မှတ်ပုံတင်စစ်ဆေးပြီး National Database ကွန်ပျူတာစနစ်တွင် အသေးစိတ် စာရင်းသွင်းထားပြီး လူတစ်ဦးချင်းအလိုက် PSMS (Person Scrutinization and Monitoring System) နည်းပညာဖြင့် ပြည်တွင်းနှင့် နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များတွင် အသုံးပြုနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...