စစ်ကော်မရှင်
စစ်ကော်မရှင် ဖမ်းမိသည့် ကျပ် ၂၅၇ ဘီလီယံကျော်တန် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိဟု SSPP ထုတ်ပြန်
SHAN -
စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အဖွဲ့ဝင် အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း SSPP ဘက်မှ ပယ်ချလိုက်သည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မလေးရှား ရေပိုင်နက်သို့...
စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...
ကျောက်မဲမြို့နယ် စစ်ဘေးရှောင်ရှိရာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု TSU ပြင်းထန်စွာ ကန့်ကွတ်
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ စစ်ဘေးရှောင်ရှိရာ ဘုန်းကြီးကျောင်းပေါ် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူများ သေဆုံးထိခိုက်ခဲ့ရခြင်းကို သျှမ်းကျောင်းသားသမဂ္ဂ (TSU) မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (သြဂုတ် ၂၁ ရက်) တွင် ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (သြဂုတ်လ ၂၀ ရက်)တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ...
“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”
SHAN -
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...
မြောက်ပိုင်းမဟာမိတ်များကို UWSA စစ်လက်နက်မထောက်ပံ့ရန် ဆုံးဖြတ်ခြင်းက စစ်ကော်မရှင်နှင့် ပုလင်းတူဘူးဆို့ဟုပြော
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် TNLA ၊ MNDAA နှင့် SSPP/SSA တို့ကို ‘ဝ’တပ်ဖွဲ့ UWSA က စစ်လက်နက်များ မထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် စစ်ကော်မရှင်နှင့် ပုလင်းတူဘူးစို့သာဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုလိုက်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA...
ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ စစ်ကော်မရှင် ဆက်တိုက်ဗုံးကြဲ၊ နေအိမ်အများစု မီးလောင်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲ စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲခံရခြင်းကြောင့် နေအိမ်အများစု မီးလောင်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းမှ စတင်ပြီး TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း Y-12...
စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှုကြောင့် နောင်ချိုစစ်ရှောင် ၄၀ ကျော်သေဆုံးဒဏ်ရာရ
SHAN -
ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် နောင်ချိုစစ်ဘေးရှောင် (၄၀) ကျော် သေဆုံးဒဏ်ရာရခဲ့ကြောင်း...
ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ စစ်ဘေးရှောင် ၄၀ နီးပါး သေဆုံးဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် နောင်ချိုစစ်ဘေးရှောင် (၄၀) နီးပါး သေဆုံးဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်း ၁၁ နာရီခန့်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်...
စစ်ကော်မရှင်နှင့် TNLA ကျောက်မဲ နောင်ပိန်ရွာအနီး စစ်ရေးပြင်းထန်၊ ကျောက်မဲထိ စစ်မီးကူးနိုင်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်မှ လေယာဉ်နှစ်စီးဖြင့် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြင်း TNLA ပူးပေါင်းတပ်နှင့်လည်း ကူမင်းဆွေးနွေးပွဲမတိုင်မီ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၁၉ ရက်) ည ၇ နာရီခန့်တွင် ကျောက်မဲမြို့နယ် နောင်ပိန်လမ်းခွဲအနီးသို့ စစ်ကော်မရှင်တပ်မှ လေယာဉ်နှစ်စီးဖြင့် ဗုံး...
ဆီဆိုင်မြို့နယ်အတွင်း စစ်ကော်မရှင်နှင့် PNO ပြည်သူနေအိမ်များကို မီးရှို့ဟု PNLA ထုတ်ပြန်
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် ပြည်သူနေအိမ်များကို မီးရှို့နေကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ (ဩဂုတ်လ ၁၈ ) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ စစ်ကော်မရှင်နှင့် PNOတို့သည် ဆီဆိုင်မြို့နယ် နောင်ထောဝ် ကယန်းပိုင်းကျေးရွာနှင့် နောင်ဗိုကျေးရွာကို ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်မှ ၁၇ရက်နေ့အထိ မီးရှို့ဖျက်ဆီးနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်လာသည်။ နောင်ဗိုကျေးရွာရှိ နေအိမ် ၂၀ ထက်မနည်း ပျက်စီးသွားခဲ့ပြီး နောင်ထောဝ်ကယန်းပိုင်း ကျေးရွာမှားတွင် နေအိမ် ၁၀၀ နီးပါး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။ “PNOပြည်သူ့စစ်က စစ်ကော်မရှင်ကိုခေါ်ပြီး ပအိုဝ်းပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ။ သူတို့မီးရှို့နေတာက ပအိုဝ်းလူမျိုးနေအိမ်တွေများတယ်.။PNOက ကိုယ့်လူမျိုးနေအိမ်ကို ကိုယ်တိုင်မီးရှို့နေတာ။PNOအနေနဲ့ ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ပအိုဝ်းလူမျိုးအသက်တွေနဲ့ ကာကွယ်ပေးနေရတယ်ဆိုတာ အမြင်မှန်ရသင့်ပြီ”ဟု PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် ကုလားလမ်း ကျေးရွာရှိ ပြည်သူနေအိမ်များကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က မီးရှိုဖျက်ဆီးခဲ့သောကြောင့် နေအိမ်၂၄ အိမ်ထက်မနည်း မီးလောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်တွင်လည်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း(၆၀၀၀)ကျော်ကို PNO က အကြောင်းပြချက်မရှိ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ထိုကျေးရွာမှ ပြည်သူများသည် ဆီဆိုင်မြို့ပေါ်နှင့် ဘုရားဖြူကျေးရွာရှိ ဓမ္မာရုံတို့တွင် ခိုလှုံနေရပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များလိုအပ်နေကြောင်း သိရသည်။






