Tuesday, January 27, 2026

တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် စစ်ကော်မရှင် ထောင်ချ

တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့မှတဆင့် တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူ အမျိုးသမီး (၄) ဦးကို လူကုန်ကူးမှုဖြင့် စစ်ကော်မရှင်လက်အောက်ခံ တရားရုံးများမှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၉) ရက်တွင် မူဆယ်မြို့နေ အေးမြတ်မွန်၊ အေးအိမွန်နှင့် မန္တလေးမြို့မှ ပွဲစား ဒေါ်သန်းအေး (ခ) ပီရင်း တို့ကို အမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ အရ စစ်ကော်မရှင်လက်အောက်ခံ အောင်မြေသာဇံ ခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ ယနေ့ (စက်တင်ဘာလ ၂ ရက်) တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သျှမ်းပြည် မူဆယ်မြို့တွင် နေထိုင်သည့် အေးမြတ်မွန် ဆိုသူ အမျိုးသမီးတစ်ဦးသည် Tik Tok လူမှုကွန်ရက်မှတဆင့် ကချင်ပြည်နယ် မိုးညှင်းမြို့မှ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မန္တလေးတိုင်း တောင်သာမြို့နယ်မှ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို တရုတ်သူဌေးများနှင့် တွေ့ဆုံပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ တစ်နှစ်သွားရောက်နေထိုင်၍ တရုတ်အငှားမယား လုပ်ကိုင်ပါက ယွမ် ၁၀၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၆၀ ကျော်) ရမည်ဟု ပြောဆိုပြီး တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားရန် အမွှာညီမဖြစ်သူ အေးအိမွန်နှင့် အတူ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

အလားတူ လားရှိုးမြို့နေ အသက်(၃၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း တရုတ်အငှားမိန်းမအဖြစ် လုပ်ကိုင်ပါက တရုတ်ယွမ်ငွေ ၁၅၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀ နီးပါး) ရမည်ဖြစ်ကြောင်း မူဆယ်မြို့နေ အေးမြန်မွန်မှ Tik Tok လူမှုကွန်ရက်မှတဆင့် စည်းရုံးပြောဆိုခဲ့ပြီး လုပ်ကိုင်လိုပါက မန္တလေးမြို့သို့ ခေါ်ဆောင်ခဲ့သည်။

ထိုစဉ် မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ပွဲစား ဒေါ်သန်းအေး(ခ) ပီရင်းနှင့်အတူ ပက်စ်ပို့နှင့် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ မနိုင် (ခ) လေးလေးနိုင်က တရုတ်နိုင်ငံရှိ ဆံပင်တုနှင့် လက်သည်းတု စက်ရုံတွင် အလုပ်လုပ်ကိုင်ရမည်ဟု ကနဦး စည်းရုံးခဲ့ပြီးနောက် မူဆယ်မြို့နေ မိုးသူဇာ (ခ) မချိုထံ ပို့ဆောင်ခဲ့သည်။
ယင်းနောက်တွင် စက်ရုံ၌ အလုပ်ရမည်မဟုတ်ဘဲ တရုတ်ယောကျ်ား ယူရမည်၊ မယူပါက လမ်းစရိတ် ပြန်လျော်ရမည်ဟု ပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းကြောင့် စစ်ကော်မရှင်လက်အောက်ခံ သန်လျင်ခရိုင် တရားရုံးမှ မနိုင် (ခ) လေးလေးနိုင်ကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး မိုးသူဇာ (ခ) မချို ကို ရာဇဝတ်ကျင့်ထုံးဥပဒေအရ ထုတ်ဆင့်ထားကြောင်း စစ်ကော်မရှင်ဘက်မှ ထုတ်ပြန်သည်။

မြန်မာ-တရုတ် နယ်စပ်ဒေသတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် ပွဲစားမျာက အလုပ်ရှာဖွေပေးမည်ဟု မက်လုံးပေးခေါ်ရာမှ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှု တိုးလာနေကြောင်း ထိုကဲ့သို့ အမှုကိစ္စများတွင် ပါဝင်ကူညီနေသည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ရောင်းစားခံရသူများမှာ အသက် ၂၀ ကျော်အရွယ် မြန်မာ-တရုတ်နယ်စပ်ဒေသက ဒေသခံအမျိုးသမီးများ အပါအဝင် မကွေး၊ ပခုက္ကူ၊ ရန်ကုန် စသည့်ဖြင့် အနယ်နယ်အရပ်ရပ်က အမျိုးသမီးများဖြစ်ကြပြီး တရုတ်ပြည်ယူနန်မြို့အထိသို့ ရောင်းစားခံရကြောင်း၊ အမျိုးသမီးတစ်ဦးလျှင် တရုတ်ယွမ် ၅ သောင်း (မြန်မာကာလပေါက်စျေး ကျပ်သိန်း ၂၈၀ နီးပါး) မက်လုံးပေး၍ ခေါ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးများရောင်းစားခံရမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံက ပူးပေါင်းပြီး ခြေရာခံ လိုက်မည်ဆိုလျှင်လည်း ခက်ခဲကြောင်း၊ အမျိုးသမီးများရောင်းစားခံရမှု နောက်ကွယ်မှာ လူမှုအဖွဲ့အစည်းနှင့် လက်နက်ကိုင်တပ်ဖွဲ့တချို့ ပါဝင်ပတ်သက်နေကြောင်း လူမှုကူညီရေးအသင်းက ပြောသည်။

Banner

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...