တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် စစ်ကော်မရှင် ထောင်ချ

တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့မှတဆင့် တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူ အမျိုးသမီး (၄) ဦးကို လူကုန်ကူးမှုဖြင့် စစ်ကော်မရှင်လက်အောက်ခံ တရားရုံးများမှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၉) ရက်တွင် မူဆယ်မြို့နေ အေးမြတ်မွန်၊ အေးအိမွန်နှင့် မန္တလေးမြို့မှ ပွဲစား ဒေါ်သန်းအေး (ခ) ပီရင်း တို့ကို အမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ အရ စစ်ကော်မရှင်လက်အောက်ခံ အောင်မြေသာဇံ ခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ ယနေ့ (စက်တင်ဘာလ ၂ ရက်) တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သျှမ်းပြည် မူဆယ်မြို့တွင် နေထိုင်သည့် အေးမြတ်မွန် ဆိုသူ အမျိုးသမီးတစ်ဦးသည် Tik Tok လူမှုကွန်ရက်မှတဆင့် ကချင်ပြည်နယ် မိုးညှင်းမြို့မှ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မန္တလေးတိုင်း တောင်သာမြို့နယ်မှ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို တရုတ်သူဌေးများနှင့် တွေ့ဆုံပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ တစ်နှစ်သွားရောက်နေထိုင်၍ တရုတ်အငှားမယား လုပ်ကိုင်ပါက ယွမ် ၁၀၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၆၀ ကျော်) ရမည်ဟု ပြောဆိုပြီး တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားရန် အမွှာညီမဖြစ်သူ အေးအိမွန်နှင့် အတူ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

အလားတူ လားရှိုးမြို့နေ အသက်(၃၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း တရုတ်အငှားမိန်းမအဖြစ် လုပ်ကိုင်ပါက တရုတ်ယွမ်ငွေ ၁၅၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀ နီးပါး) ရမည်ဖြစ်ကြောင်း မူဆယ်မြို့နေ အေးမြန်မွန်မှ Tik Tok လူမှုကွန်ရက်မှတဆင့် စည်းရုံးပြောဆိုခဲ့ပြီး လုပ်ကိုင်လိုပါက မန္တလေးမြို့သို့ ခေါ်ဆောင်ခဲ့သည်။

ထိုစဉ် မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ပွဲစား ဒေါ်သန်းအေး(ခ) ပီရင်းနှင့်အတူ ပက်စ်ပို့နှင့် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ မနိုင် (ခ) လေးလေးနိုင်က တရုတ်နိုင်ငံရှိ ဆံပင်တုနှင့် လက်သည်းတု စက်ရုံတွင် အလုပ်လုပ်ကိုင်ရမည်ဟု ကနဦး စည်းရုံးခဲ့ပြီးနောက် မူဆယ်မြို့နေ မိုးသူဇာ (ခ) မချိုထံ ပို့ဆောင်ခဲ့သည်။
ယင်းနောက်တွင် စက်ရုံ၌ အလုပ်ရမည်မဟုတ်ဘဲ တရုတ်ယောကျ်ား ယူရမည်၊ မယူပါက လမ်းစရိတ် ပြန်လျော်ရမည်ဟု ပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းကြောင့် စစ်ကော်မရှင်လက်အောက်ခံ သန်လျင်ခရိုင် တရားရုံးမှ မနိုင် (ခ) လေးလေးနိုင်ကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး မိုးသူဇာ (ခ) မချို ကို ရာဇဝတ်ကျင့်ထုံးဥပဒေအရ ထုတ်ဆင့်ထားကြောင်း စစ်ကော်မရှင်ဘက်မှ ထုတ်ပြန်သည်။

မြန်မာ-တရုတ် နယ်စပ်ဒေသတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် ပွဲစားမျာက အလုပ်ရှာဖွေပေးမည်ဟု မက်လုံးပေးခေါ်ရာမှ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှု တိုးလာနေကြောင်း ထိုကဲ့သို့ အမှုကိစ္စများတွင် ပါဝင်ကူညီနေသည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ရောင်းစားခံရသူများမှာ အသက် ၂၀ ကျော်အရွယ် မြန်မာ-တရုတ်နယ်စပ်ဒေသက ဒေသခံအမျိုးသမီးများ အပါအဝင် မကွေး၊ ပခုက္ကူ၊ ရန်ကုန် စသည့်ဖြင့် အနယ်နယ်အရပ်ရပ်က အမျိုးသမီးများဖြစ်ကြပြီး တရုတ်ပြည်ယူနန်မြို့အထိသို့ ရောင်းစားခံရကြောင်း၊ အမျိုးသမီးတစ်ဦးလျှင် တရုတ်ယွမ် ၅ သောင်း (မြန်မာကာလပေါက်စျေး ကျပ်သိန်း ၂၈၀ နီးပါး) မက်လုံးပေး၍ ခေါ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးများရောင်းစားခံရမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံက ပူးပေါင်းပြီး ခြေရာခံ လိုက်မည်ဆိုလျှင်လည်း ခက်ခဲကြောင်း၊ အမျိုးသမီးများရောင်းစားခံရမှု နောက်ကွယ်မှာ လူမှုအဖွဲ့အစည်းနှင့် လက်နက်ကိုင်တပ်ဖွဲ့တချို့ ပါဝင်ပတ်သက်နေကြောင်း လူမှုကူညီရေးအသင်းက ပြောသည်။

Banner

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...