သိန္နီမြို့ထဲ စစ်ကော်မရှင် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်မည်

ကိုးကန့်တပ် MNDAA အခိုင်အမာ ပြင်ဆင်တည်ဆောက်ထားသည့် သိန္နီမြို့ကို ပြန်ပေးရန် စစ်ကော်မရှင်ဘက် တောင်းဆိုနေလျက်ရှိရာ ယခုလမှစ၍ သိန္နီမြို့ထဲ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်ဝင်လာတော့မည်ဟု ဒေသခံများက ပြောသည်။

သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု ပြီးခဲ့သော ဇွန်လကတည်းက သတင်းများ ကျယ်ကျယ်ပြန်ပြန့် ထွက်ပေါ်နေခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ အပတ်တုန်းက လားရှိုးမှာ မှတ်ပုံတင်သွားလုပ်တုန်းက သူတို့ ပြောတယ်။ လားရှိုးကို မလာတော့နဲ့၊ ဒီလကုန်ရင် သိန္နီမှာ ပြန်လာလုပ်ပေးမယ်တဲ့။ မှတ်ပုံတင်နဲ့ စမတ်ကတ် လုပ်ချင်တဲ့သူတွေ စက်တင်ဘာလကျရင် သိန္နီမှာ ပြန်လာလုပ်ပေးမယ် ပြောတယ်” ဟု လားရှိုးမြို့တွင် မှတ်ပုံတင်သွားလုပ်ခဲ့သည့် သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သိန္နီမြို့ကို စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်ဝင်လာမည်ဟု ဒေသခံများက ပြောသော်လည်း သျှမ်းသံတော်ဆင့်မှ သီခြားအတည်ပြုနိုင်ခြင်း မရှိပေ။

သို့သော် သိန္နီမြို့ထဲ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်လာမည့်သတင်း သေချာသည်ဟုလည်း သိန္နီမြို့ခံတစ်ဦးက အတည်ပြုသည်။

“အခု (ဒီဇင်ဘာလ)ထဲ ဝင်လာဖို့ သေချာပြီ၊ ဒါပေမယ့် ဘယ်ဌာနတွေ အရင်ဝင်မှာလဲတော့ မသိသေးဘူး။ တကယ်ဆုတ်မလား၊ ပူးတွဲအုပ်ချုပ်မလားတော့ မသိဘူး။ စစ်ကော်မရှင်ဘက်က ဌာနဆိုင်တွေကတော့ သူတို့ဆီ စာဝင်ပြီလို့ ပြောလာတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်နေ့တွင်လည်း လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်၌ ကိုးကန့်တပ် MNDAA နှင့် စစ်ကော်မရှင်၏ ကိုယ်စားလှယ်တို့ ဆွေ့ဆုံဆွေးနွေးခဲ့ရာ သိန္နီမြို့အား ပြန်ပေးရန် စစ်ကော်မရှင်ဘက်က တောင်းဆိုခဲ့သည်။

သို့သော် စစ်ကော်မရှင်၏ တောင်းဆိုမှုများကို ကိုးကန့်တပ် MNDAA ဘက်က လက်မခံသဖြင့် အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့သည်။

MNDAA ထိန်းချုပ် သိန္နီ-ကွမ်းလုံ-လောက်ကိုင် လမ်းမကြီး၌ ယာဉ်မောင်းနှင်ခွင့်ကတ်ပြား စစ်ဆေးနေစဉ်

စစ်ကော်မရှင်က ပြန်တောင်းနေသည့် သိန္နီမြို့သည် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အလွန်အရေးပါသလို သိန္နီမြို့နယ်တွင် မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးအတွက် ကိုးကန့်တပ် MNDAA ၏ အခွန်ဌာန စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

“စစ်တပ် (စစ်ကော်မရှင်တပ်) ကို အားမပေးသလို ကွန်မြူနစ်ဆန်တဲ့ ကိုးကန့်တပ်ကိုလည်း မနှစ်သက်ဘူး။ အခု သိန္နီမှာ လုပ်စားရတာ အရမ်းခက်လာပြီ၊ လူတွေငတ်ကုန်တော့မယ်။ စစ်တပ် လာအုပ်ချုပ်လည်း ဘာထူးလဲ၊ ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး” ဟု သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ သိန္နီမြို့တွင် ကိုးကန့်တပ် MNDAA များ စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သိန္နီမြို့ပေါ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ် ရေးကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်မပျက် ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA ပါဝင်သော မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေချိန် တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် ယခုနှစ် ၂၀၂၅ ဧပြီလ ၂၁ ရက်နေ့တွင် လားရှိုးမြို့ကို စစ်ကော်မရှင်ထံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ရသည်။

စစ်ကော်မရှင်သည် လားရှိုးမြို့အား တရုတ်အားကိုးမှုဖြင့် တောင်းယူခဲ့ပြီးနောက် သိန္နီမြို့ကိုပါ ပြန်လည် တောင်းယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဇူလိုင် ၃၁ ရက်နေ့တွင် သိန္နီမြို့အပါအဝင် မြို့နယ် ၆၃ ခု စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

EOR Banner 1

ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ (ERO)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော မြို့နယ်များတွင် မြို့ပေါ်နေရာ အနည်းငယ်ကို သိမ်းပိုက်ရရှိသည်ဖြစ်စေ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် မြို့နယ်အရေးအတွက် ကိန်းဂဏန်းတိုးမြှင့်နိုင်သမျှ တိုးမြှင့်နိုင်ရေး ကြိုးပမ်းကြရန် စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က ညွှန်ကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...