TNLA ထိန်းချုပ်ဒေသတွင် စစ်ကော်မရှင်တပ် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ပြည်သူ ၅၀ နီးပါးသေဆုံး

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်အပါအဝင် ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံ မြို့နယ်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သြဂုတ်လအတွင်း ပြည်သူ (၄၆) ဦး သေဆုံးခဲ့ရကြောင်း TNLA က ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထိုသေဆုံးမှုတွင် သံဃာတော် (၃) ပါး၊ သီလရှင် (၁) ပါး၊ အမျိုးသား (၁၉) ဦး၊ အမျိုးသမီး (၁၈) ဦးနှင့် ကလေး (၅) ဦး ပါဝင်ပြီး စစ်ကော်မရှင်တပ်က ပြည်သူများကို ဦးတည်၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် သံဃာတော် (၆) ပါး၊ သာမဏေ (၆) ပါး၊ အမျိုးသား (၃၁) ဦး၊ အမျိုးသမီး (၁၂) ဦး စုစုပေါင်း လူ (၅၅) ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဆိုသည်။

“အခုကျောက်မဲနဲ့ သီပေါကို စစ်တပ် (စစ်ကော်မရှင်) က ရအောင်ပြန်တိုက်မယ်လို့ ကြားတယ်။ တိုက်ပွဲထပ်ဖြစ်ရင် ပြည်သူတွေတော့ ထွက်ပြေးရုံမှတစ်ပါး အခြားနည်းလမ်းမရှိဘူး။ အခုချိန်မှာတော့ ပြည်သူကနေ ပြည်သူကို အပြန်အလှန် ကူညီနေရတာပေါ့” ဟု ကျောက်မဲမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် သြဂုတ် ၂၇ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တအာင်းတပ် TNLA နှင့် စစ်ကော်မရှင်၏ ကိုယ်စားလှယ်များအကြား အပစ်ရပ်ရေးအတွက် ဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ သဘောတူညီမှုမရရှိဘဲ ပြီးဆုံးခဲ့သည်။

စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လေကြောင်းဗုံးကြောင့် နောင်ပိန်ဒေသခံများထိခိုက်ဒဏ်ရာရ

အဆိုပါဆွေးနွေးပွဲတွင် ကျောက်မဲမြို့နှင့် သီပေါမြို့ကို ပြန်ပေးမည်ဟု TNLA ဘက်က ကမ်းလှမ်းခဲ့သော်လည်း ထိုကမ်းလှမ်းချက်ကို စစ်ကော်မရှင်ဘက်က လက်မခံခဲ့ဘဲ (ကျောက်မဲနှင့် သီပေါ) မြို့ကိုသာ ပြန်သိမ်းမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ပြင်းပြင်းထန်ထန် ပြန်ဖြစ်မလား ဒါမှမဟုတ် အနည်းငယ်ပဲ ပစ်ကြမလား မသိတော့၊ ပြည်သူတွေအနေနဲ့ ဘေးကင်းတဲ့နေရာမှာ ကြိုတင်ရှောင်ရှားဖို့ တိုက်တွန်းထားတယ်” ဟု ကျောက်မဲမြို့ လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

TNLA သည် ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း သျှမ်းမြောက် သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ နမ္မတူ၊ နမ့်ဆန်၊ ကွက်ခိုင်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ် အပါအဝင် စုစုပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထားခဲ့သည်။

သို့သော် စစ်ရေးအရ အရေးပါသည့် နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် TNLA လက်ထဲမှ ပြန်သိမ်းနိုင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...