Wednesday, February 4, 2026

စစ်ကောင်စီ

ပြင်ဦးလွင်မြို့ကို လော့ဒေါင်းချမည်ဆိုသည့် ကောလာဟလ သတင်းထွက်ပေါ်

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ကို လော့ဒေါင်းချမည်ဟု ယခုရက်ပိုင်း ကောလဟာလ သတင်းထွက်ပေါ်နေကြောင်း ဒေသခံများ ပြောသည်။ ပြင်ဦးလွင်မြို့သည် စစ်တပ် အမာခံမြို့ တစ်မြို့လည်းဖြစ်ပြီး စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဆက်သွယ်ရေးတပ်များရှိကာ စစ်ကောင်စီတပ်အတွက် အရေးပါသည့် မြို့ဖြစ်သည်။ လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် တပ်များက သိမ်းပိုက်နိုင်ပြီးနောက် ဩဂုတ်လ ဒုတိယပတ်မှ...

အင်းလေးတွင် KPay ငွေလွှဲထားသူများကို စစ်ကောင်စီလက်အောက်ခံ PNO မှ ဝင်ရောက်စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း အင်းလေးမြောက်ဘက် ကျေးရွာအချို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ကျေးရွာရပ်ကွက်ထဲ ဝင်ရောက်ကာ KPay ဖြင့် ငွေအဝင်အထွက် ရှိသူများကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကစပြီး PNO မှ အစစ်အဆေး ပိုမို တင်းကျပ်လာကာ လမ်းသွားလမ်းလာနှင့် ဒေသခံများကို နေအိမ်အထိ...

ကျိုင်းတုံမြို့ တရုတ် ဈာပန ဗြောက်ဖောက်သံကြောင့် ပြည်သူများ ထိတ်လန့်

ကျိုင်းတုံမြို့နယ် မြောက်ဘက်ရပ်ကွက် ကတ်ပုံကျေးရွာဘက်တွင် ယမန့်က (ဩဂုတ်လ ၁၈ရက်)၌ တရုတ်ဈာပနာ ဗြောက်ဖောက်သံကြောင့် ပြည်သူများ ထိတ်လန့်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဗြောက်ဖောက်သံကို သေနတ်ပစ်ခတ်သံဟုထင်ပြီး ကျိုင်းတုံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS) သည် အခြားကျေးရွာဒေသတွင် တိုက်ပွဲခြင်းရှိ၊မရှိ စုံစမ်းမှုပြုလုပ်ပြီး ဘယ်ဒေသမှ ပစ်ခတ်မှုမရှိကြောင်း (RCSS)မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သျှမ်းမြောက်တွင် လျှပ်စစ်မီးနှင့် အင်တာနက် ပြန်ရမည်ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် လားရှိုးတွင် အင်တာနက်နှင့် လျှပ်စစ်မီးပြန်ရမည် ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်ကြကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” သည် ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ရာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ညီနောင်မဟာမိတ် ကိုးကန့်တပ်မတော် (MNDAA)...

အောင်ပန်းသို့ ကုန်စိမ်းသွားရောင်းသူများ တီကျစ်ဂိတ်ရှိ စစ်သားများက ငွေအဆမတန်တောင်းယူနေ

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့သို့ ကုန်စိမ်းသွားရောင်းသူများထံ တီကျစ်မြို့ နဂါးဘိလပ်မြေ စက်ရုံရှေ့ဂိတ်ရှိ စစ်သားများ ငွေအဆမတန်တောင်းယူနေကြောင်းစုံစမ်းသိရသည်။ အောင်ပန်းမြို့သို့ ကုန်စိမ်းသွားရောင်းသူများသည် ပင်လောင်း၊ နောင်တရား တောင်သူများဖြစ်ကြသည်။ ထိုတောင်သူများသည် ကျေးရွာထဲရောင်းလျှင် ကြားခံပွဲစားများ စျေနိမ်မှုကို ကြုံနေရသဖြင့် အောင်ပန်းအထိ ကိုယ်တိုင်သွားရောင်းရကြောင်း၊ သွားရောင်းစဥ်တွင်လညး တီကျစ်ဂိတ်ရှိ စစ်ကောင်စီနှင့် ပအိုဝ်း PNO...

မိုင်းယောင်း ရွှေတူးဖော်ခွင့် သက်တမ်းကုန်သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆက်လက်တူးဖော်ခွင့်ပြုထား

သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူးမှ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုအား တူးဖော်ခွင့် သက်တမ်းကုန်ဆုံးသွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အနီး ဝမ်တတ်စန့်ရွာနားတွင် ရွှေနဂါးရွှေတူးဖော်ရေးကုမ္ပဏီ အား ရွှေတူးဖော်ခွင့် သက်တမ်း ၅ နှစ်ပြည့်သွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ပေါင်းပြီး ခွင့်ပြုပေးထားတယ်၊ ဆီဘောက်ဆာကားနဲ့...

ကျောက်မဲမြို့ ဟူးကွက်ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ကိုရင်တစ်ပါး ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ ဟူးကွက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဟူးကွက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂)...

တရုတ်ချေးငွေ သတင်းကြာင့် ယွမ်နှင့် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေစျေး ပြုတ်ကျ

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သြဂုတ် ၁၄ရက် နေပြည်တော်သို့ လာရောက်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် တရုတ် ချေးငွေ သတင်းထွက်ပေါ်လာပြီး ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်) ပြည်တွင်း စျေးကွက် အတွင်း တရုတ်ယွမ် နှင့်အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ...

သျှမ်းမြောက်စစ်ပွဲ တရုတ်ဆန့်ကျင်တယ်ဆိုသည့်စစ်ကောင်စီဝါဒဖြန့်မှု ကွဲလွဲချက်

သျှမ်းမြောက်ဒေသကို တိုင်းရင်းသားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ကြောင်း တရုတ်အစိုးရ အခိုင်အမာပြောဆိုလိုက်သည်ဟု စစ်ကောင်စီ သတင်းမီဒီယာများနှင့် ဝါဒဖြန့်ချယ်နယ်များက ဖြန့်ချိနေသည်။ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာဌာနတစ်ခုဖြစ်သည့် MRTV သတင်းဌာနမှ “သျှမ်းပြည်နယ် မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ပြောကြားခဲ့ပါတယ်” ဟု...

ကျိုင်းတုံမြို့ အဆောင်နေ ကျောင်းသူ၊ကျောင်းသား နေရပ်ပြန်ခိုင်း သတင်းထွက်ပေါ်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အဆောင်နေထိုင်ပြီး ပညာလာသင်ကြားသည့် ကျောင်းသူ၊ ကျောင်းသားများကို နေရပ်သို့ပြန်ခိုင်းနေသည့်ဟု ကောလဟာလ သတင်းထွက်ပေါ်နေသည်။ သြဂုတ် ၁၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းလက်အောက်ခံအဖွဲ့အစည်းများက အစည်းအဝေး ပြုလုပ်နေကြပြီး ကျိုင်းတုံမြို့သို့ ပညာလာရောက်သင်ကြားနေသူများကို မိမိနေရပ်ပြန်ခိုင်းနေကြောင်း သတင်းထွက်ပေါ်နေသည်ဟု ကျိုင်းတုံ တက္ကသိုလ်အနီးနေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ဘယ်ကနေ...

Latest news