စစ်ကောင်စီ

သျှမ်းပြည်အတွင်းရှိ PDF တပ်ဖွဲ့များ လက်နက်လာအပ်ရန် စစ်ကောင်စီ တိုက်တွန်း

သျှမ်းပြည်အတွင်းရှိ တချို့သော မြို့ကြီးများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များအားလက်နက်လာရောက် အပ်နှံရန် စစ်ကောင်စီက လိုက်လံဆော်သြနေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ကလောနှင့် တချို့သော မြို့များတွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကိုင်ဆောင်ထားသည့် လက်နက်များ အပ်နှံရန် ဒီဇင်ဘာ ၂၅ ရက်နေ့က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။ “အခုလို နိုင်ငံရေးမငြိမ်မသက်တဲ့အချိန်မှာ လက်နက် လာအပ်ပေးရင် အရေးမယူဘူးတဲ့၊ ခွင့်ပြုလက်မှတ်နဲ့ကိုင်ထားတဲ့ လက်မှတ်တွေလည်း လာအပ်ဖို့ ကားနဲ့ လှည့်ပြီးအော်တယ်” ဟု ကလောမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အပြင် လက်နက်ကိုင်ဆောင်သူ များပြားပြီး ပစ်ခတ်မှု မကြာခဏဖြစ်လေ့ရှိသည့် တာချီလိတ်မြို့တွင်လည်း လက်နက်ရှိသူများ လာရောက်အပ်နှံရန် စစ်ကောင်စီတပ်သားများက လိုက်လံကြေညာနေကြောင်းလည်း သတင်းသိရသည်။ “တာချီလိတ်မှာ သေနတ်ကိုင်တဲ့သူတွေ အဲ့လောက်များတာ သူတို့စကားကို ဘယ်သူက အရေးလုပ်မှာလဲ၊တာချီလိတ်မှာ ပြည်သူ့စစ် အမည်ခံပြီး လုပ်စားနေတဲ့သူလည်း အများကြီးရှိတယ်လေ၊ ဒီလို လိုက်ပြီးပြောတာတော့ ထိရောက်မှုမရှိဘူးထင်တယ်” ဟု တာချီလိတ်မြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ သျှမ်းပြည်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်ပေါများသည့်အလျောက် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပြင် မြို့မျက်နှာဖုံး သူဌေးများအပါအဝင်လူအများအပြားတွင် သေနတ်ကိုင်ဆောင်လာကြောင်း စုံစမ်းသိရသည်။

နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်းပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်သည့် ခြံပိုင်ရှင်များထံ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမည်ဖြစ်ကြောင်း လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ “ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို...

ရွှေညောင်မြို့ ရှိ စာသင်ကျောင်းလုံခြုံရေးကို ကျောင်းသားမိဘများ အလှည့်ကျကင်းစောင့်ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ စာသင်ကျောင်းများတချို့တွင် ကျောင်းသားမိဘများက အလှည့်ကျ ကင်းစောင့်ရကြောင်း သတင်းသိရသည်။ ညောင်ရွှေမြို့တွင်းမှ အမှတ် ၉ အထက်တန်းကျောင်းနှင့် တခြားသော အလကကျောင်းများတွင် ကျောင်းတက်နေ သည့် ကျောင်းသား၏ မိဘများကို ကျောင်းသားများလုံခြုံရေးအတွက် ဆိုသည့် အကြောင်းပြချက်ဖြင့် အလှည့်ကျ ကင်းစောင့်ရန် ညွှန်ကြားမှုများ ရှိကြောင်း...

ဗထူးတပ်မှ စစ်သားများ လမ်းသွားလမ်းလာများကို တားဆီး ရိုက်နှက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ဗထူးတပ်ရှိ တပ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးပြီး စစ်ဆေးမှုများပြုရာတွင် ရိုက်နှက်မှုများပါရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင်အချိန်တွင် အပြင်ထွက်လာသည့် လူငယ်နှစ်ဦးကို ဗထူးတပ်မှ တပ်သားတို့က တားဆီးစစ်ဆေးပြီး ရိုက်နှက်ခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။ “ည...

ဖယ်ခုံမြို့နယ် စစ်ရှောင်ကလေးများအတွက် စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမ လိုအပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိသည့် စစ်ရှောင်ကလေးများကို စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ (၇၀၀)ကျော် ထွက်ပြေး တိမ်းရှောင်ကြရပြီး ကလေးများအတွက် ပညာရေးလိုအပ်လာကြောင်း သိရသည်။ “ကလေးတွေအတွက် ဆရာ၊ ဆရာမတွေ လိုအပ်နေပါတယ်။...

ဘီးခွန်တိုးကောက်မှု ကားသမားအခက်ကြုံနေ

မြို့အဝင် ဘီးခွန်များကို စစ်ကောင်စီ တပ်သားများက တိုးကောက်မှုကြောင့် ကားသမားများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ဖြူးမြို့၊ ကျောက်တံခါးမြို့အထိ ကုန်စိမ်းများနှင့် ဈေးပတ်ထွက်ပြီး အသက်မွေးဝမ်းကျောင်းပြုသည့် ကားသမားများသည် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့အဝင် ဘီးခွန်ကို တိုးကောက်လာသဖြင့် လက်ကျန်ငွေ မရှိသလောက် ဖြစ်ကာ ခက်ခဲမှုကြုံနေရကြောင်း...

ဖယ်ခုံမြို့နယ် လူသားဒိုင်းအဖြစ် ဖမ်းခံရသည့် အမျိုးသား(၂)ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် အမျိုးသား (၂)ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် နေထိုင်သည့် အရပ်သား ၁၉ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ရာ ထိုထဲတွင်...

ကွတ်ခိုင်မြို့ စစ်ကောင်စီမှ တစ်ဖက်သက် သေနတ်ပစ်နေ

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၂)ရက် မနက် ၉ နာရီ ဝန်းကျင်၌ စစ်ကောင်စီဘက်မှ တစ်ဖက်သက် သေနတ်ဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။ “တစ်ဖက်သက် အသံပဲကြားရတယ်။ (၇) ချက် (၈) ချက်လောက် ပစ်တယ်။ ဝမ်ပန်၊ ဟွေ့ခုတ်ရွာဘက် ပစ်သွားတယ်” ဟု...

စစ်ရှောင်အတွက် ကူညီနေသည့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ လိုက်ဖမ်းနေ

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန် အလှူငွေနှင့် ပစ္စည်းများ လက်ခံနေသည့် သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ရှာဖွေဖမ်းဆီးနေကြောင်း သတင်းသိရသည်။ “ပြီးခဲ့တဲ့ လပြည့်ည ဗုံးကွဲပြီးကတည်းက စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ ရပ်ကွက်ထဲဝင်ပြီး လူငယ်တွေကို လာဖမ်းတာရှိပါတယ်၊ ဒီနောက်ပိုင်း သူတို့လာဖမ်းတဲ့သူတွေက ပရဟိတလုပ်တဲ့ လူငယ်တွေချည်းပဲ”...

စစ်ကောင်စီ မှ ဖယ်ခုံမြို့နယ် နွားကျောင်းသား (၆)ဦးကိုဖမ်းဆီး၊ နွား(၃)ကောင်တောင်း

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးမီးလော့ ကျေးရွာအတွင်း ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီ ဝင်ရောက်စီးနင်းခဲ့ပြီး နွားကျောင်းသား (၆)ဦးကို ဖမ်းဆီးကာ နွား(၃)ကောင် တောင်းယူခဲ့ကြောင်း စုံစမ်းသိရသည်။ ထို ဖမ်းဆီးခံရသည့် နွားကျောင်းသား (၆)ဦးကို ရိုက်နှက် စစ်ဆေးမှုပြုလုပ်ပြီး...

Latest news